မြန်မာ့နွေဦး

ရန်ကုန်မှာ ပညာရေးဝန်ထမ်းတွေ မဲစာရင်းထွက်ကောက်နေလို့ ကျောင်းတချို့ ပိတ်ထားရ

မဲခေါင် 16 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၆ ရန်ကုန်မှာ စစ်ကောင်စီ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲ အတွက် မဲစာရင်းတွေကို Non CDM ဆရာ၊ ဆရာမတွေ ဦးဆောင် ကောက်ယူပေးနေရလို့ စာသင်ကျောင်း တချို့ ပိတ်ထားရတယ်လို့ Non CDM ဆရာ၊ ဆရာမတွေထံမှ သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၆

ရန်ကုန်မှာ စစ်ကောင်စီ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲ အတွက် မဲစာရင်းတွေကို Non CDM ဆရာ၊ ဆရာမတွေ ဦးဆောင် ကောက်ယူပေးနေရလို့ စာသင်ကျောင်း တချို့ ပိတ်ထားရတယ်လို့ Non CDM ဆရာ၊ ဆရာမတွေထံမှ သိရပါတယ်။

မဲစာရင်း ကောက်ဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်ကစပြီး လှိုင်မြို့နယ် အမှတ်(၁၄) ရပ်ကွက်မှာရှိတဲ့ အခြေခံပညာ မူလတန်းလွန်ကျောင်းနဲ့ (၉) ရပ်ကွက်က အမှတ် (၁၉) မူလတန်းလွန်ကျောင်း အပါအဝင် ကျောင်းပေါင်း ၅ ကျောင်း ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ကျောင်းကတော့ တစ်ပတ်ပိတ်မယ် ပြောတယ်။ သင်ကြားမယ့် ဆရာ၊ ဆရာမတွေ အင်အား မလုံ လောက်တာတွေလည်း ရှိတယ်။ သူတို့တွေ လူဦးရေ စာရင်း ကောက်ယူတာနဲ့ အလုပ်ရှုပ်နေတော့ ကျောင်းမှာ စာမသင်နိုင်ဘူး” လို့ လှိုင်မြို့နယ်မှ ကျောင်းသား မိဘ တစ်ဦးက ပြောပါတယ်။

ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းက လှိုင်မြို့နယ်ရှိ ရပ်ကွက် (၁)၊ (၂)၊ (၃)၊ (၅)၊ (၁၁)၊ (၁၃)၊ (၁၆) တွေမှာ စစ်ကောင်စီက မဲစာရင်းတွေ ကောက်ခံခဲ့ပြီး နောက်ရက် ၁၁ ရက်မှာတော့ ရပ်ကွက် (၂)၊ (၇)၊ (၉) နဲ့ ဇန်နဝါရီလ ၁၃ ရက်မှာ ရပ်ကွက် (၂)၊ (၅)၊ (၆)၊ (၉)၊ (၁၅)၊ (၁၆) တို့မှာ ထပ်မံ ကောက်ခံခဲ့တယ်လို့ သိရပါတယ်။

“မဲစာရင်း ကောက်ယူတာအပြင် ရပ်ကွက်တချို့မှာ ညဘက် ဧည့်စာရင်း ရှောင်တခင် ဝင်စစ်ဆေး နေတာလည်း လုပ်တယ်။ အိမ်မှာ လူမရှိရင် မရှိတဲ့ လူတွေရဲ့ စာရင်းပါ ပေးရမယ်ဆိုပြီးတော့ လမ်းမှူးက လာပြောတယ်။ သူတို့က လမ်းထဲက လူတွေ ဘယ်သူတွေ ရှိတယ်ဆိုတာ အချက်အလက်တွေ ရှိပြီးသား။ အဲ့ဒါကို လိမ်ပြီးပြောရင် နင်တို့ ဒုက္ခရောက်မယ်ဆိုပြီး ပြောသွားတယ်” လို့ လှိုင်မြို့နယ် ရပ်ကွက်တစ်ခုမှာ နေထိုင်သူ တစ်ဉီးက ပြောပါတယ်။

အခုလို မဲစာရင်း ကောက်ယူရာမှာ စစ်ကောင်စီ တပ်သား၊ ရဲ၊ ထွေအုပ်ဝန်ထမ်းနဲ့ Non-CDM ဆရာ ဆရာမတွေ ပါဝင်ပြီး လကုန်ရက်အထိ ကောက်ခံမယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်ကာ ထွက်ပေါက်ရှာဖို့ ကြိုးစားနေပြီး လူဦးရေ စာရင်းကို အသုံးပြုကာ တော်လှန်ရေးသမားတွေနဲ့ CDM တွေကို ရှာဖွေဖို့ ကြိုးစားနေတဲ့ အတွက် ပြည်သူတွေ အနေနဲ့ ပူးပေါင်း ဆောင်ရွက်မှု မပြုကြဖို့ တော်လှန်ရေး အင်အားစုတွေက နှိုးဆော်ထားပါတယ်။

MK-010

MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

တာချီလိတ်မြို့နယ်လဝကရုံးအနီးဖောက်ခွဲမှုလုပ်ခဲ့တယ်လို့အရှေ့ပိုင်းနဂါးအဖွဲ့အသိပေး

တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ ဆောက်လုပ်ရေးရုံးအနီးမှာ ပေါက်ကွဲခဲ့တဲ့ ဖောက်ခွဲမှုကို ပြုလုပ်ခဲ့တယ်လို့ အရှေ့ပိုင်းနဂါးအဖွဲ့က ဖေဖော်ဝါရီလ ၂ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

မြန်မာ့အရေး ဂျပန်အစိုးရအနေနဲ့ ဖိအားပေးဆောင်ရွက်ဖို့ ဂျပန်လွှတ်တော်အမတ် ၅၆ ဦး လက်မှတ်ထိုး တောင်းဆို

မဲခေါင်၊ ဖေဖော်ဝါရီ ၂ မြန်မာ့အရေးကို ဂျပန်အစိုးရ အနေနဲ့ ဖိအားပေး ဆောင်ရွက်နိုင်ဖို့ ဂျပန်အထက် လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ် ၅၆ ဦးက လက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ တောင်းဆိုလွှာ အပါအဝင် ကျန်တောင်းဆိုလွှာတွေကို ဂျပန်
မြန်မာ့နွေဦး

နိုဘယ်ငြိမ်းချမ်းရေးဆု တင်သွင်းစာရင်းမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ NUCC ပါဝင်

မဲခေါင်၊ ဖေဖော်ဝါရီ ၂ ၂၀၂၃ ခုနှစ်အတွက် နိုဘယ် ငြိမ်းချမ်းရေးဆု တင်သွင်းဖို့ စာရင်း ထုတ်ပြန်ရာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC တို့
မြန်မာ့နွေဦး

ရွှေပြည်အေးမြို့ကို PDF တပ်ပေါင်စု စီးနင်းသိမ်းပိုက်ထား

မဲခေါင်၊ ဖေဖော်ဝါရီ ၂ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ-နအဖ ခေတ်က ဗိုလ်ချုပ်သာအေး တည်ထောင်ခဲ့တဲ့ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို ဒေသခံ ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ထားပြီ ဖြစ်တယ်လို့ ခန္တီးခရိုင် အမှတ် (၁) တပ်ရင်း၊ ဟုမ္မလင်းက