မြန်မာ့နွေဦး

ရန်ကုန်မှာ ဆေးရုံဆေးခန်းတွေကို စစ်တပ်အင်အား အများအပြားနဲ့ ဝင်ရောက်စစ်ဆေး

မဲခေါင် 27 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၇ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် (၁၈) ကွေ့ မီးပွိုင့်အနီးမှာ ဖွင့်လှစ်ထားတဲ့ Grand Yangon ဆေးရုံကို စစ်သား၊ ရဲ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရုံးဝန်ထမ်းတွေ ဝင်ရောက်ရှာဖွေ စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၇

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် (၁၈) ကွေ့ မီးပွိုင့်အနီးမှာ ဖွင့်လှစ်ထားတဲ့ Grand Yangon ဆေးရုံကို စစ်သား၊ ရဲ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရုံးဝန်ထမ်းတွေ ဝင်ရောက်ရှာဖွေ စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂၆ ရက် မနက် ၁၁ နာရီ ဝန်းကျင်က စစ်ကား၊ ရဲကားနဲ့ အိမ်စီးကားတွေ ဆေးရုံသို့ ရောက်ရှိလာပြီးနောက် စစ်ဆေးမှုတွေ လုပ်ခဲ့တာ ဖြစ်တယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။

“ အားလုံး ပေါင်းကြည့်ရင် လူ ၁၀၀ ကျော်လောက်ရှိမယ်။ အဲ့လောက် အများကြီးနဲ့ ရပ်ကွက်တွေထဲ မဝင်ဖူးပါဘူး။ ကြားတာတော့ CDM ဆရာဝန်တွေ ရှိမရှိလာပြီး စစ်ဆေးကြတာလို့ ပြောတယ်။ ဖမ်းဆီး ခံရတာတော့ သေချာ မသိသေးဘူး” လို့ သူကပြောပါတယ်။

အလားတူ တောင်ဒဂုံမြို့နယ် (၂၅) ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ အေးချမ်းစေ ဆေးခန်းနဲ့ ကြယ်စင်သစ် ဆေးခန်းတို့ကို ရပ်ကွက်အုပ်ကြီး ကျော်နိုင်နဲ့ ရဲဝန်ထမ်းတွေ မနေ့က မနက် ၁၀ နာရီကျော်မှာ ဝင်ရောက် စစ်ဆေးမှုတွေလုပ်ခဲ့ပြီး ဖမ်းဆီးခံရသူတော့ မရှိဘူးလို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် သာကေတမြို့နယ် အတွင်းမှာ ဖွင့်လှစ်ထားတဲ့ ဆေးရုံနဲ့ ဆေးခန်း အချို့ကိုလည်း စစ်ကောင်စီတပ် အင်အား အများအပြားနဲ့ CDM ဆရာဝန်တွေ ရှိမရှိ ဇန်နဝါရီ ၂၅ ရက်နေ့က ဝင်ရောက် စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ အနေနဲ့ ရန်ကုန်တိုင်း အတွင်း ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေမှာ CDM ဆရာဝန်တွေ ရှိမရှိ စီမံချက်နဲ့ စစ်ဆေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

MK-005

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှာ ကျည်ဆံဖိုးတစ်အိမ် ၅သောင်း PNO အဓမ္မကောက်

မဲခေါင် ၊ မတ် ၃၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ကျည်ဆံဖိုး
မြန်မာ့နွေဦး

ရှမ်း-ကရင်နီနယ်စပ် စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးလို့ ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့

မဲခေါင်၊ မတ် ၃၀ ရှမ်း-ကရင်နီ နယ်စပ် နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူတွေ တနေ့တခြား
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် စစ်ဘေးရှောင်စခန်းတွေမှာ ဖျားနာသူများနေလို့ ဆေးဝါးကုသမှု အကူအညီတွေ လိုအပ်နေ

မဲခေါင်၊ မတ် ၂၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် စစ်ဘေးရှောင် စခန်းတွေမှာ စစ်ဘေးရှောင် ပြည်သူ အများအပြား ဖျားနာနေလို့ ကုသရေးနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
မြန်မာ့နွေဦး

PDF တွေကိုပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ပြတ်သားတော့မယ်လို့ စစ်ခေါင်းဆောင်ပြော

မဲခေါင်၊ မတ် ၂၇ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ PDF တွေကို ပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO တွေရဲ့ အကြမ်းဖက်မှုတွေ လုံးဝ ရပ်ဆိုင်းသွားအောင် ပြတ်ပြတ်သားသား လုပ်မယ်လို့
မြန်မာ့နွေဦး

တာဝန်ယူမှုမရှိတဲ့ ပြည်သူ့ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူဖို့ NUG ကို အိတ်ဖွင့်စာပို့

မဲခေါင်၊ မတ် ၂၆ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ပြည်သူ့ ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူပေးဖို့ အချက် ၇ ချက် ပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို မတ်လ ၂၄ ရက်နေ့က NUG
မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်လို့ ထိုင်း-မြန်မာနယ်စပ် မြဝတီ ကုန်သွယ်ရေးရပ်ဆိုင်း၊ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်

မဲခေါင်၊ မတ် ၂၅ ကရင်ပြည်နယ်၊ မြဝတီ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းကာ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်တယ်လို့ ‌နယ်စပ် ကုန်သည်တွေက ပြောပါတယ်။
မြန်မာ့နွေဦး

လားရှိုးမှာ လမ်းတွေ့တဲ့မိုင်း ကောက်သွားရာက ယာတဲအရောက် ပေါက်ကွဲလို့ လူ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာပြင်းထန်

မဲခေါင်၊ မတ် ၂၃ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခုန်စုမ်ရွာသား ၄ ဦးဟာ မပေါက်ကွဲသေးတဲ့ မိုင်းကို ကောက်သွားရာက ယာတဲ အရာက်မှ မိုင်းပေါက်ကွဲတာကြောင့် ၂ ဦး သေဆုံးပြီး ၂ ဦး
မြန်မာ့နွေဦး

မင်းတေဇညွန့်တင် စစ်ကောင်စီအတွက် ဘာတွေလုပ်ပေးခဲ့လဲ

မဲခေါင်၊ မတ် ၂၄ အာဏာသိမ်းစစ်တပ် ထပ်ပိုင်းခေါင်းဆောင် အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ဦးမင်းတေဇညွန့်တင်ကို သန်လျင်မြို့နယ်ထဲမှာ ဒီနေ့နေ့လည် တစ်နာရီလောက်က Urban Owls မြို့ပြပြောက်ကျားအဖွဲ့က ရှင်းလင်းလိုက်ပါတယ်။