မြန်မာ့နွေဦး

ရန်ကုန်မှာ စစ်တပ်က အိမ်စီးကားတွေ အသုံးပြုပြီး လူငယ်တွေကို ဖမ်းဆီး

မဲခေါင် 25 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၅ ရန်ကုန်တိုင်း၊ မြို့နယ်အချို့မှာ စစ်တပ်က အိမ်စီးကားတွေ အသုံးပြုပြီး လူငယ်အချို့ကို ဒီကနေ့ ဇန်နဝါရီ ၂၅ ရက် နေ့လယ်ပိုင်းက ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၅

ရန်ကုန်တိုင်း၊ မြို့နယ်အချို့မှာ စစ်တပ်က အိမ်စီးကားတွေ အသုံးပြုပြီး လူငယ်အချို့ကို ဒီကနေ့ ဇန်နဝါရီ ၂၅ ရက် နေ့လယ်ပိုင်းက ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်း၊ စည်ပင်ရုံး အနီး အငှားယာဉ်ပေါ်မှ ဆင်းလာတဲ့ လူငယ် ၂ ဦးကို အိမ်စီးကား အသုံးပြုတဲ့ စစ်သားတွေက ဒူးထောက် ဖမ်းဆီးထားပြီး ဓာတ်ပုံရိုက်ကာ လက်ကိုင်ဖုန်းတွေ ကိုလည်း စစ်ဆေးနေတယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။

“ တစ်နာခွဲကျော်လောက်က ဖြစ်သွားတာ။ ကားတွေ လှည့်ပြီး ပြန်မောင်းခိုင်းတယ်။ စစ်သား ရဲနဲ့ ယာဉ်ထိန်း တွေလည်း ပါတယ်။ ကမ်းနားလမ်းနဲ့ ဟုမ်းလမ်းထောင့်မှာ အထုပ်တွေ့လို့ စစ်နေကြတာ။ ကလေး ၂ ယောက်ကတော့ တက္ကဆီပေါ်က ဆင်းလာတာနဲ့ ဖမ်းပြီး စစ်နေတာ။ ဘာမှ မဖြစ်ပါစေနဲ့ ဆုတောင်းရမှာပဲ” လို့ သူကပြောပါတယ်။

စစ်တပ်က အထုပ်မဲကို စစ်ဆေးပြီးနောက် နေ့လယ် ၂ နာရီကျော်မှာတော့ အဖွဲ့တွေ ခွဲကာ ပြန်ထွက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် နေ့လယ် ၁ နာရီကျော်က လှိုင်သာယာမြို့နယ် FMI အိမ်ယာဝန်းထဲ ဖွင့်လှစ်ထားတဲ့ ရိုးမဘဏ်မှာ ငွေလွှဲဖို့လာသူ တစ်ဦးကို စစ်တပ်က အိမ်စီးကား ၃ စီး၊ စစ်ကား ၃ စီးနဲ့ လာရောက် ဖမ်းဆီးကာ ပုသိမ်လမ်း အတိုင်း မောင်းထွက်သွားတယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။

လက်ရှိ ရန်ကုန်-ပုသိမ်လမ်းနဲ့ ကျန်စစ်သား လမ်းပေါ်မှာ ယူနီဖောင်းဝတ်နဲ့ အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ အင်အား အများအပြားနဲ့ စောင့်ကြည့်မှုတွေ လုပ်နေသလို မီးခွက်ဈေးထိပ်နဲ့ BOC လမ်းဆုံမှာလည်း စစ်သားအင်အား အများအပြား ရှိနေတယ်လို့ သူကပြောပါတယ်။

ဒီကနေ့ မနက် ၄ နာရီကျော်ကလည်း သာကေတမြို့နယ် (၆) ရပ်ကွက် အရှေ့ပိုင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူထိခိုက်မှု မရှိပေမယ့် ရုံးခေါင်မိုးတွေ ပွင့်ထွက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MK-005

ဓာတ်ပုံ – ပုံဟောင်း ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေလွှဲမှုရှိတဲ့ K Pay အကောင့်တွေကို ဦးတည်ပိတ်ဆို့နေ

မဲခေါင်၊ မေ ၂၇ စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို
မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး အပါအဝင် စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ ABSDF ပြောရေးဆိုခွင့် OKSAW
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။