မြန်မာ့နွေဦး

ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ်နဲ့ တပ်ကြပ်ကြီးမြင့်အောင် တို့ကို PDF က ပစ်ခတ်ဖမ်းဆီးပြီး လက်နက်တွေ သိမ်းဆည်းရရှိ

မဲခေါင် 23 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၃ ရန်ကုန်တိုင်း စစ်ကြောရေး တာဝန်ခံ ဗိုလ်မှူးသန်းထွဋ်နဲ့ တပ်ကြပ်ကြီးမြင့်အောင် တိုကို ပစ်ခတ်ဖမ်းဆီးပြီး လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ Bago Region PDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်း စစ်ကြောရေး တာဝန်ခံ ဗိုလ်မှူးသန်းထွဋ်နဲ့ တပ်ကြပ်ကြီးမြင့်အောင် တိုကို ပစ်ခတ်ဖမ်းဆီးပြီး လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ Bago Region PDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မနေ့က နေ့လယ် ၁ နာရီ ၄၅ မိနစ် အချိန်မှာ ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင် ၁၆၁ အနီးမှာ UG တော်လှန်ရေး ရဲဘော်တွေကို အသွင်ယူ စုံစမ်းဖမ်းဆီးလျက်ရှိတဲ့ ရန်ကုန်တိုင်း စစ်ကြောရေး တာဝန်ခံ ဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်)နဲ့ တပ်ကြပ်ကြီးမြင့်အောင်တို့ကို တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၃) နဲ့ တပ်ခွဲ (၆) ပူးပေါင်းအဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့တာပါ။

UG တွေရဲ့ သတင်းကွင်းဆက်တွေ လိုက်လံစုံစမ်းပြီး လက်နက်တွေ ဝယ်ယူမယ်လို့ အကြောင်းပြကာ ဖမ်းဆီးတာတွေ ပြုလုပ်နေတဲ့ ရန်ကုန်တိုင်း ၉ မိုင်ခွဲ ပြည်လမ်း North Point – Ocean စင်တာ အနီးရှိ အမှတ် (၁) စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ်၊ စစ်ကြောရေး တာဝန်ခံ၊ စရက(၁)တပ်မှူး ဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်) နဲ့ တပ်ကြပ်ကြီး မြင့်အောင်တို့ လိုက်ပါလာတဲ့ ယာဉ်အမှတ် YGN. 2N 6158 TOYOTA VANGUARD အမဲရောင်ယာဉ်နဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းအတိုင်း ထွက်ခွာလာတယ်ဆိုတာ YUA အဖွဲ့ရဲ့ သတင်း ပေးပို့မှုအရ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကင်းပုန်းဝပ်ပြီး စောင့်ဆိုင်းကာ အဲဒီကားကို ရပ်တန့်စေခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကားပေါ်မှာ လူ ၄ ဦး လိုက်ပါလာပြီး ကားရပ်တန့်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်း ပိတ်ဆို့ ဖမ်းဆီးစဉ် ၂ ဦးမှ အသင့်ပါလာတဲ့ လက်နက်တွေနဲ့ ပြန်လည်ခုခံလို့ ပစ်ခတ် ဖမ်းဆီးရာ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူ စစ်ကောင်စီ ဗိုလ်မှူးနဲ့ တပ်ကြပ် ၂ ဦးထံမှ ၉မမ ပစ္စတို ၂ လက်၊ ကျည် ၁၂ တောင့်၊ ယာဉ်လိုင်စင်နဲ့ စာရွက်စာတမ်း အချို့ကို သိမ်းဆည်းရရှိခဲ့ပြီး မော်တော်ယာဉ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အတူပါလာတဲ့ အမျိုးသား ၂ ဦးကို စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်လာစဉ် လက်နက် လုယူထွက်ပြေးဖို့ ကြိုးစားတာကြောင့် တော်လှန်ရေးရဲဘော်တွေ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးသွားလို့ အခင်းဖြစ် ကားပေါ်ပါ ၄ ဦးလုံး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အဲဒီ စစ်ဆင်ရေးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု
မြန်မာ့နွေဦး

ကွန်ဟိန်းမြို့နယ်မှာ ကားမောင်းလာတဲ့ အမျိုးသမီးကို RCSS တပ်ဖွဲ့ တားဆီး ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေ စွပ်စွဲ

မဲခေါင်၊ မေ ၃၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ဝမ်းစိမ်းနဲ့ ဆိုင်မွန်းကျေးရွာကြားမှာ မေလ ၂၈ ရက်နေ့က ကားမောင်းလာတဲ့ အမျိုးသမီး တစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

စစ်တပ်က ကျောက်ပချုပ်ရွာမှာ ဖမ်းမိတဲ့ PDF ကို အသုံးချပြီး ကရင်နီ PDF တွေကို ထောင်ဖမ်းဖို့ ကြိုးစားနေ

မဲခေါင်၊ မေ ၃၀ သာစည်မြို့နယ်၊ ကျောက်ပချုပ်ကျေးရွာ အခြေစိုက် PDF စခန်းကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ဖမ်းမိတဲ့ PDF တစ်ဦးကို အသုံးချပြီး ကရင်နီက PDF တွေကို ထောင်ဖမ်းဖို့