မြန်မာ့နွေဦး

ရန်ကုန်တိုင်းမှာ တအိမ်တက်ဆင်း လူဦးရေစာရင်း ကောက်ယူမယ်လို့ စစ်ကောင်စီ ကြေညာ

မဲခေါင် 27 Dec - 2022
လာမယ့် ၂၀၂၃ မှာ ပြုလုပ်မယ်လို့ စစ်ကောင်စီက ကြေညာထားတဲ့ ရွေးကောက်ပွဲ အတွက် ရန်ကုန်တိုင်းအတွင်း မြို့နယ်အလိုက် မြေပြင် လူဦးရေစာရင်းကို ဇန်နဝါရီ ၉ ရက်နေ့က စတင်ကာ တစ်အိမ်တက်ဆင်း ကောက်ယူမယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။

နိုင်ငံသားတစ်ဦးချင်းရဲ့ ကိုယ်ရေးအချက်အလက်တွေ မှန်ကန်ဖို့ နိုင်ငံတော်အတွက် အရေးကြီးတာကြောင့် မြေပြင်စာရင်းကောက်ယူရာမှာ ပြည်သူတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကောက်ယူရရှိလာတဲ့ လူဦးရေစာရင်းနဲ့ အချက်အလက်တွေကို e-ID Software မှာ ထည့်သွင်းတာကို လာမယ့် ဇန်နဝါရီ ၉ ရက်ကနေ ဖေဖော်ဝါရီ ၁ဝ ရက်နေ့အထိ ဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရာမှာ စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနဲ့ လူမှုရေးအသင်းအဖွဲ့တွေက စေတနာ့ဝန်ထမ်းတွေ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

လာမယ့် ၂၀၂၃ ခုနှစ် အတွင်း ကျင်းပမယ်လို့ စစ်ကောင်စီက ကြေညာထားတဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ် အသက်ဆက်ဖို့ ကျင်းပမဲ့ အတုအယောင် ရွေးကောက်ပွဲသာဖြစ်လို့ ပြည်သူတွေအနေနဲ့ ဘက်စုံဆန့်ကျင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက အကြိမ်ကြိမ် သတိပေး တိုက်တွန်းထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ပင်လောင်းနဲ့ ဖယ်ခုံမှာ တိုက်ပွဲဝင်နေတဲ့ ရွာငံ အခြေစိုက် ချိုးဖြူတော်လှန်ရေးအင်အားစုရဲ့ ပုံရိပ်မှတ်တမ်း

မဲခေါင်၊ ဇွန် ၉ ရှမ်း-ကရင်နီ နယ်စပ် ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲဝင်နေတဲ့ ပုံရိပ် မှတ်တမ်းတွေကို ရွာငံ အခြေစိုက်
မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို ဇွန်လ ၇ ရက်နေ့၊ ည ၉ နာရီ ၂၅ မိနစ်
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ