မြန်မာ့နွေဦး

ရန်ကုန်တိုင်းမှာ ဇန်နဝါရီလ ၆ ရက်နေ့ကစပြီး ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်မယ်လို့ စစ်ကောင်စီ ကြေညာ

မဲခေါင် 5 Jan - 2023
ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်တွေမှာ ဇန်နဝါရီ ၆ ရက်နေ့မှ စတင်ကာ မြေပြင် လူဦးရေစာရင်း ကောက်မယ်လို့ စစ်ကောင်စီက ကြေညာနေကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ ပြုလုပ်ဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ကောက်ယူတဲ့ ပုံစံနဲ့ လဝက၊ ထွေအုပ်၊ ကျောင်းဆရာ ဆရာမတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ စတင် ကောက်ခံမှာဖြစ်ပြီး သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင် မိတ္တူ ပေးရမှာဖြစ်တယ်လို့ ရွှေပြည်သာမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

(၂၄) ရပ်ကွက် ဇီးကုန်းမှာ ၄ ရက်နေ့ ည ၇ နာရီကျော်လောက်က ရပ်ကွက်ထဲ လိုက်အော်နေတာ။ အဆောင်နေတဲ့ သူတွေက မှတ်ပုံတင် မိတ္တူ ပေးရမယ်။ အိမ်ရှင်တွေကတော့ သန်းခေါင်စာရင်း မိတ္တူ ပေးရမယ်။ လူများတဲ့နေရာတွေ စောပြီး ကောက်တယ်လို့ ပြောတယ်။ အခြား မြို့နယ်တွေမှာတော့ ၉ ရက်နေ့မှ စကောက်မယ်ကြားတယ် 

လို့ ရွှေပြည်သာ ဇီးကုန်းရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲ အတွက် လူဦးရေ စာရင်း ကောက်ယူမှုကို ရန်ကုန်တိုင်း အတွင်း ဇန်နဝါရီ ၉ ရက်နေ့မှ စတင်ဖို့ ပြင်ဆင်ထားပြီး လူဦးရေများတဲ့ မြို့နယ်တွေမှာတော့ ၆ ရက်နေ့မှ စတင်ကာ ကြိုတင်ကောက်ယူမှာဖြစ်တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

ပြည်သူတွေ အသိအမှတ် မပြုဘူးဆိုတာ သိပါတယ်။ စစ်တပ်က ခိုင်းလို့ လုပ်နေရတဲ့ သူတွေလည်း အများကြီး။ အလုပ်က ထွက်ရင်လည်း မိသားစုကို ဒုက္ခပေးကြမှာ။ သူတို့ ခိုင်းသမျှတော့ လုပ်ပေးနေရဦးမှာပါ။ ကျောင်းဆရာမ တွေလည်း မလုပ်ချင်ပေမယ့် ခိုင်းတော့ လုပ်နေရတာ။ လုံခြုံရေးတော့ ပါမယ်ပြောတယ် 

လို့ သူပြောပါတယ်။

စစ်ကောင်စီက ပြုလုပ်မယ့် အမည်ခံ ရွေးကောက်ပွဲကို ပြည်သူလူထုက အသိအမှတ် မပြုဘဲ တရားမဝင် ရွေးကောက်ပွဲ အဖြစ် နိုင်ငံအနှံ့အပြားမှာ ဆန္ဒဖော်ထုတ်မှုတွေ ပြုလုပ်နေကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

တာချီလိတ်မြို့နယ်လဝကရုံးအနီးဖောက်ခွဲမှုလုပ်ခဲ့တယ်လို့အရှေ့ပိုင်းနဂါးအဖွဲ့အသိပေး

တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ ဆောက်လုပ်ရေးရုံးအနီးမှာ ပေါက်ကွဲခဲ့တဲ့ ဖောက်ခွဲမှုကို ပြုလုပ်ခဲ့တယ်လို့ အရှေ့ပိုင်းနဂါးအဖွဲ့က ဖေဖော်ဝါရီလ ၂ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

မြန်မာ့အရေး ဂျပန်အစိုးရအနေနဲ့ ဖိအားပေးဆောင်ရွက်ဖို့ ဂျပန်လွှတ်တော်အမတ် ၅၆ ဦး လက်မှတ်ထိုး တောင်းဆို

မဲခေါင်၊ ဖေဖော်ဝါရီ ၂ မြန်မာ့အရေးကို ဂျပန်အစိုးရ အနေနဲ့ ဖိအားပေး ဆောင်ရွက်နိုင်ဖို့ ဂျပန်အထက် လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ် ၅၆ ဦးက လက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ တောင်းဆိုလွှာ အပါအဝင် ကျန်တောင်းဆိုလွှာတွေကို ဂျပန်
မြန်မာ့နွေဦး

နိုဘယ်ငြိမ်းချမ်းရေးဆု တင်သွင်းစာရင်းမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ NUCC ပါဝင်

မဲခေါင်၊ ဖေဖော်ဝါရီ ၂ ၂၀၂၃ ခုနှစ်အတွက် နိုဘယ် ငြိမ်းချမ်းရေးဆု တင်သွင်းဖို့ စာရင်း ထုတ်ပြန်ရာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC တို့
မြန်မာ့နွေဦး

ရွှေပြည်အေးမြို့ကို PDF တပ်ပေါင်စု စီးနင်းသိမ်းပိုက်ထား

မဲခေါင်၊ ဖေဖော်ဝါရီ ၂ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ-နအဖ ခေတ်က ဗိုလ်ချုပ်သာအေး တည်ထောင်ခဲ့တဲ့ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို ဒေသခံ ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ထားပြီ ဖြစ်တယ်လို့ ခန္တီးခရိုင် အမှတ် (၁) တပ်ရင်း၊ ဟုမ္မလင်းက