မြန်မာ့နွေဦး

ယာဥ်စစ်ဆေးပြီးမှသာ ကားနဲ့ ဆိုင်ကယ် လိုင်စင်သက်တမ်းတိုးပေးတော့မယ်

မဲခေါင် 16 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၆ သက်တမ်းကုန်ဆုံးမယ့် မော်တော်ယာဉ်နဲ့ ဆိုင်ကယ်တွေကို ယာဥ်စစ်ဆေးပြီးမှသာ မော်တော်ယာဥ် သက်တမ်းတိုးပေးတော့မယ်လို့ စစ်ကောင်စီ လက်အောက်ခံ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၆

သက်တမ်းကုန်ဆုံးမယ့် မော်တော်ယာဉ်နဲ့ ဆိုင်ကယ်တွေကို ယာဥ်စစ်ဆေးပြီးမှသာ မော်တော်ယာဥ် သက်တမ်းတိုးပေးတော့မယ်လို့ စစ်ကောင်စီ လက်အောက်ခံ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်ကျော်နီးပါးကတည်းက ယာဉ်လိုင်စင်သက်တမ်းတိုးရာမှာ ယာဉ်စစ်ဆေးခြင်းမပြုတော့ဘဲ လိုအပ်တဲ့စာရွက်စာတမ်းနဲ့သာ သက်တမ်းတိုးပေးခဲ့ပေမယ့် မတ်လကုန် က စတင်ပြီး ယာဉ်စစ်ဆေးမှုတွေ လုပ်ဆောင်တော့မယ်လို့ သိရပါတယ်။

“ ကိုဗစ်တွေတအားဖြစ်တော့ သက်တမ်းတိုးတာမှာ ယာဉ်စစ် မရှိတော့ဘူး။ အခုပြန်စစ်ဖို့ လုပ်နေကြတယ်။ ကိုယ့်ကားကိုချိန်းထားတာ အရောင်ပြောင်းထားတာဆို ကြိုတင်လုပ်သင့်တာလုပ်ရမယ် ဒဏ်ကြေးက သူတို့ခေတ်ဆိုတော့ ပါးစပ်ထဲ ရှိတဲ့အတိုင်းတောင်းမှာလို့” ကညန ရုံးနဲ့နီးစပ်သူသတင်းရင်းမြစ်က ပြောပါတယ်။

ယာဉ်စစ်ဆေးတာကို ရန်ကုန်တိုင်းက ခရိုင်အလိုက်လုပ်ဆောင်သွားမယ့်အပြင် တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ ပြည်နယ်တိုင်းအလိုက် လုပ်ဆောင်ဖို့ညွန်ကြားချက် ထွက်ရှိထားတယ်လို့ သိရပါတယ်။

ယာဉ်စစ်ကင်းလွတ်နဲ့ သက်တမ်းတိုးပေးတာတွေကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မတ်လက စတင်ပြီး ဆောင်ရွက်ပေးခဲ့ကာ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ တစ်ကြိမ်၊ ဒီဇင်ဘာလမှာ တစ်ကြိမ် ၊ ၂၀၂၂ ခုနှစ်၊ ဇွန်လမှာ တစ်ကြိမ် နဲ့ စက်တင်ဘာလမှာ တစ်ကြိမ် ယာဉ်စစ်ကင်းလွတ်ခွင့်ကို ဖြေလျှော့ပေးခဲ့တယ်လို့ သိရပါတယ်။

MK-006

MekongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေလွှဲမှုရှိတဲ့ K Pay အကောင့်တွေကို ဦးတည်ပိတ်ဆို့နေ

မဲခေါင်၊ မေ ၂၇ စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို
မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး အပါအဝင် စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ ABSDF ပြောရေးဆိုခွင့် OKSAW
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။