ဆန္ဒပြ တော်လှန်ပြည်သူတွေက “ လွတ်လပ်ခြင်းတွေ ရှင်သန်ဖို့ အာဏာရှင်မှန်သမျှ တော်လှန်စို့” ဆိုတဲ့ စာသားတွေ ကိုင်ဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေး ချီတက်ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြသပိတ်ကို မုံရွာပင်မသပိတ်၊ မုံရွာစီးပွားရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂတို့မှ ပူးပေါင်း ဝန်းရံခဲ့သလို လူထုကို သပိတ်တရားတွေ ဟောပြောခဲ့ကြပါတယ်။
ဒါ့အပြင် လွန်ခဲ့တဲ့ လအနည်းငယ်က ပြန်လည်လွတ်မြောက်ခဲ့တဲ့ ရဲဘော်တစ်ဦးကလည်း ထောင်တွင်းမှာ ခံစားခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြန်လည် မျှဝေခဲ့ပါတယ်။
ဒေသခံ တော်လှန် ပြည်သူတွေဟာ နယ်မြေ မငြိမ်သက်မှု ကြားထဲက အကြမ်းဖက် စစ်တပ် ကျရှုံးရေး ဆန္ဒပြသပိတ်ကို နေ့စဉ် ပြုလုပ်နေကြတာပါ။