မြန်မာ့နွေဦး

မြောင်မြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့ကြားက ပြည်သူရာချီ စုပေါင်းချီတက်ပြီး သပိတ်တိုက်ပွဲ ဆင်နွှဲ

မဲခေါင် 21 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၁ မြောင်မြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့ကြားက ပြည်သူ ရာချီ စုပေါင်း ချီတက်ပြီး သပိတ်တိုက်ပွဲ ဆင်နွှဲခဲ့တယ်လို့ မုံရွာ လူထုသပိတ်တိုက်ပွဲ ဦး‌ဆောင် ကော်မတီက ဒီကနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၁

မြောင်မြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့ကြားက ပြည်သူ ရာချီ စုပေါင်း ချီတက်ပြီး သပိတ်တိုက်ပွဲ ဆင်နွှဲခဲ့တယ်လို့ မုံရွာ လူထုသပိတ်တိုက်ပွဲ ဦး‌ဆောင်ကော်မတီက ဒီကနေ့ ထုတ်ပြန်ပါတယ်။

မုံရွာ ပင်မသပိတ်နဲ့ လူထုအကျိုးပြု မြောင်လူငယ်ကွန်ရက်-YFC တို့ ပူးပေါင်း ဦးဆောင်ပြီး မြောင်မြို့နယ်ရှိ ကျေးရွာ အချို့မှာ “ အဆုံးသတ်တိုက်ပွဲ ဆင်နွှဲဖို့ မြောင်နယ်သားတို့ စုရုံးစို့” ခေါင်းစဉ်နဲ့ ၄ နာရီခန့်ကြာအောင် သပိတ်တိုက်ပွဲ ဆင်နွှဲခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေ ကုန်းကြောင်း၊ ရေကြောင်းနဲ့ မြောင်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ကြားက မြောင် ပြည်သူလူထု ရာနဲ့ချီ စုဝေးချီတက်ပြီး စစ်အာဏာရှင်စနစ် အလိုမရှိ ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြတာပါ။

“ ဒီနှစ်ထဲမှာ ပြည်သူအားလုံး တစ်သံတည်း ညီပြီး တချီတည်းနဲ့ စစ်ကျွန်ဘဝကနေ အပြတ်ရုန်းရမယ့် အချိန် ဖြစ်ပါတယ်။ လိုအပ်ရင် လိုအပ်သလို ပြည်သူပိုင် နေရာတွေ၊ ပြည်သူပိုင်လမ်းတွေကို လူထုအားနဲ့ ပြန်လည် သိမ်းပိုက်ဖို့ ဒီကနေ့ လူထုက အသင့်ဖြစ်နေတယ်ဆိုတာ သက်သေပြနေပါတယ်။ စစ်ရေးအရှိန် မြှင့်တင်လာမယ့် အချိန်မှာ ဟန်ချက်ညီတဲ့ လူထုလှုပ်ရှားမှုတွေ အချိန်ကိုက် ပြုလုပ်နိုင်ဖို့ အရေးကြီးတယ်” လို့ မုံရွာ လူထုသပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီဝင် ကိုခန့်ဝေဖြိုးက ဟောပြာခဲ့ပါတယ်။

အဲဒီ သပိတ်တိုက်ပွဲသို့ မုံရွာ သပိတ်ခေါင်းဆောင် ကိုခန့်ဝေဖြိုး၊ မုံရွာ စီးပွားရေး တက္ကသိုလ် ကျောင်းသား သမဂ္ဂ ဒုဥက္ကဋ္ဌ ကိုလွင်မိုးသန့်နဲ့ အထွေထွေ အတွင်းရေးမှူး နန်းဟေဟွာ၊ ရွှေဘို နည်းပညာ ကောလိပ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကိုထက်အောင်နဲ့ မြောင်လူငယ်ကွန်ရက်က မအမရာမှူး တို့မှ နိုင်ငံရေး၊ တော်လှန်ရေး ဆိုင်ရာ အကြောင်းအရာ တွေကို ဟောပြော တင်ပြခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-မုံရွာ လူထုသပိတ်တိုက်ပွဲ ဦး‌ဆောင် ကော်မတီ-Youths For Community-Myaung

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု
မြန်မာ့နွေဦး

ကွန်ဟိန်းမြို့နယ်မှာ ကားမောင်းလာတဲ့ အမျိုးသမီးကို RCSS တပ်ဖွဲ့ တားဆီး ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေ စွပ်စွဲ

မဲခေါင်၊ မေ ၃၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ဝမ်းစိမ်းနဲ့ ဆိုင်မွန်းကျေးရွာကြားမှာ မေလ ၂၈ ရက်နေ့က ကားမောင်းလာတဲ့ အမျိုးသမီး တစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

စစ်တပ်က ကျောက်ပချုပ်ရွာမှာ ဖမ်းမိတဲ့ PDF ကို အသုံးချပြီး ကရင်နီ PDF တွေကို ထောင်ဖမ်းဖို့ ကြိုးစားနေ

မဲခေါင်၊ မေ ၃၀ သာစည်မြို့နယ်၊ ကျောက်ပချုပ်ကျေးရွာ အခြေစိုက် PDF စခန်းကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ဖမ်းမိတဲ့ PDF တစ်ဦးကို အသုံးချပြီး ကရင်နီက PDF တွေကို ထောင်ဖမ်းဖို့