မြန်မာ့နွေဦး

မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့နဲ့ တရုတ်အထူးကိုယ်စားလှယ် ကူမင်းမှာ ထပ်တွေ့ဖို့ရှိ

မဲခေါင် 13 Mar - 2023
မဲခေါင်၊ မတ် ၁၃ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာ တွေ့ခဲ့တဲ့ တရုတ်အထူးကိုယ်စားလှယ် တုံ့ရှီကျွမ်းနဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၇ဖွဲ့က ကိုယ်စားလှယ်တွေ လာမယ့်ရက်ပိုင်းအတွင်း ကူမင်းမှာ ထပ်တွေ့ဖို့ရှိတယ်လို့ စုံစမ်းသိရပါတယ်။

မဲခေါင်၊ မတ် ၁၃

ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာ တွေ့ခဲ့တဲ့ တရုတ်အထူးကိုယ်စားလှယ် တုံ့ရှီကျွမ်းနဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၇ဖွဲ့က ကိုယ်စားလှယ်တွေ လာမယ့်ရက်ပိုင်းအတွင်း ကူမင်းမှာ ထပ်တွေ့ဖို့ရှိတယ်လို့ စုံစမ်းသိရပါတယ်။

‘ဝ’၊ မိုင်းလား၊ SSPP၊ ကိုးကန့်၊ TNLA၊ AA နဲ့ KIA တို့ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ FPNCC က ကိုယ်စားလှယ်တွေနဲ့ မတ်လလယ်ပိုင်းမှာ တွေ့ဆုံဖို့ စီစဉ်ထားတာဖြစ်ပြီး ဆွေးနွေးမယ့်အစီအစဉ်အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က မဲခေါင်ကို ပြောပါတယ်။

“ဒီလအလယ်ပိုင်းမှာတွေ့မှာပေါ့။​ တရုတ်အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်က ခပ်စိပ်စိပ်ဖြစ်လာတာတော့ ထူးခြားမှုပေါ့လေ။ တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ သဘောထားတွေ ဘယ်လိုအပြောင်းအလဲရှိလဲတော့ မသိဘူး” လို့ သူက ပြောပါတယ်။

တရုတ်အထူးကိုယ်စားလှယ် Mr. Deng Xijun ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တတိယပတ်အတွင်းကလည်း မြောက်ပိုင်းမဟာမိတ် ၇ဖွဲ့နဲ့ တရုတ်မြန်မာနယ်စပ်မှာ တွေ့ဆုံခဲ့ပါသေးတယ်။

အဲဒီနောက် မတ်လ ၆ရက်နေ့က နေပြည်တော်ကိုသွားရောက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ပါသေးတယ်။

ဒီတွေဆုံမှုတွေအတွင်းမှာ ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာကို တရုတ်ရော မြန်မာဘက်က အဖွဲ့တွေကပါ တိတိကျကျထုတ်ပြန်တာမျိုးမရှိပါဘူး။

MK – 004

#MeKongNews

#တရုတ်အထူးကိုယ်စားလှယ်

#FPNCC

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

၂၀၂၀ ခုနှစ် တက္ကသိုလ်ပထမနှစ် CDM ကျောင်းသားတွေ မြန်မာ့နွေဦးတက္ကသိုလ်မှာ ကျောင်းဆက်တက်နိုင်ပြီ

မဲခေါင်၊ မတ် ၂၀ ၂၀၂၀ ခုနှစ် တက်လက်စ Second Semester ကျန်နေတဲ့ CDM ကျောင်းသားတွေ အတွက်
မြန်မာ့နွေဦး

ညောင်လေးပင်ခရိုင်မှာ ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင်၊ မတ် ၂၀ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်ကုန်း တံတားအနီး ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ ခရီးသည် ၃
မြန်မာ့နွေဦး

စစ်တပ်နဲ့မပေါင်းဖို့ ဦးအောင်ခမ်းထီ နဲ့ PNO ခေါင်းဆောင်တွေကို တက္ကသိုလ်ကျောင်းသားတွေ ဆုံးမအကြံပြု

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျောက်တလုံးကြီးဒေသ အခြေစိုက် ပြည်သူ့စစ် အသွင်ပြောင်း PNA/PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ အနေနဲ့ ကိုယ်ကျိုး အတွက် ပြည်သူကို အသုံးချ အမြတ်ထုတ်နေတဲ့ ခေါင်းဆောင် အဖြစ်
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် နမ့်ဖါမူဘုရားတောင်နဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲထားလို့ ဒေသခံတွေ ထိတ်လန့်

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖါမူကျေးရွာ ဘုရားတောင်စေတီနဲ့ စာသင်ကျောင်းအတွင်း စစ်ကောင်စီ တပ်စွဲထားလို့ ကြောက်ရွံ့ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ် တနီးလာလဲတိုက်ပွဲမှာ စစ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်းတွေရ

မဲခေါင်၊ မတ် ၂၀ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော်-KA ပူးပေါင်း တပ်ဖွဲ့တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပဲွဲ ပြင်းထန်ပြီး စစ်သား ၅
မြန်မာ့နွေဦး

သာကေတ မ.ဘ.သ ပျူစောထီး တင်လင်းထိုက် အဖွဲ့က ပြည်သူ ၂ ဦးကိုပစ်သတ်

မဲခေါင်၊ မတ် ၂၀ ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ
မြန်မာ့နွေဦး

စစ်ကောင်စီကိုဖားနေတဲ့ အမည်ခံအနုပညာရှင်တွေနဲ့ ကုန်ပစ္စည်းမကြော်ငြာဖို့ ရှမ်းမြောက် လုပ်ငန်းရှင်တွေကို သတိပေး

မဲခေါင်၊ မတ် ၂၀ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖားယားနေတဲ့ အနုအပညာရှင် အမည်ခံတွေနဲ့ ကုန်ပစ္စည်း ကြော်ငြာတာတွေ မလုပ်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းက စီးပွားရေး လုပ်ငန်းရှင်တွေကို မူဆယ်ဗျူဟာ- Tactic of
မြန်မာ့နွေဦး

ယင်းမာပင်-ကနီ နယ်စပ်မှာ လက်နက်ကြီး ရမ်းကားပစ်ခတ်နေတဲ့ စစ်ကြောင်းကို သတိထားဖို့ WGPDF သတိပေး

မဲ‌ခေါင်၊ မတ် ၁၉ စစ်ကိုင်း-ကနီ နယ်စပ်မှာ လက်နက်ကြီးတွေ ရမ်းကား ပစ်ခတ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူတွေ သတိထားကြဖို့ ဝက်ပါ ပြောက်ကျားတပ်ဖွဲ့- WGPDF က ဒီကနေ့ သတိပေး လိုက်ပါတယ်။