မဲခေါင်၊ ဇန်နဝါရီ ၂၀
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း မှတ်တိုင် အနီးက ဒဂုန်စင်တာ ကုန်တိုက် ၂ ခုလုံးရှိ အဝင်အထွက် အပေါက်တွေကို ပိတ်ပြီး စစ်ကောင်စီက စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
ဒီနေ့ ဇန်နဝါရီ ၂၀ ရက် နေ့လယ် ၂ နာရီ ဝန်းကျင်မှ စတင်ကာ စစ်ကောင်စီတပ် အင်အား အများအပြားနဲ့ ဝင်ရောက် စစ်ဆေး ရှာဖွေနေတာလို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။
“ လူငယ်တွေ အကုန်လုံး ဖုန်းတွေ စစ်တယ်။ အိတ်တွေလည်း အကုန်ရှာတယ်။ အထုပ်အပိုးတွေပါလည်း အကုန်စစ်တယ်။ စင်တာ ၁ နဲ့ ၂ နှစ်ခုလုံးမှာ ဝင်စစ်နေတာ။ ဒီကောင်တွေ အိမ်သာထဲ အထိပါ ဝင်ရှာနေတာ။ ဘာသတင်း ရထားလို့လဲတော့ မသိဘူး” လို့ သူကပြောပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်းက ဦးဝိစာရလမ်းရှိ စစ်တပ် ကင်းတဲ အတွင်း လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းခံခဲ့ရရာ မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးကို စစ်ကောင်စီးက ရှာတွေ့ခဲ့ပြီး နေ့လယ် ၃ နာရီ ဝန်းကျင်က စစ်တပ်က ဖောက်ခွဲခဲ့တယ်လို့လည်း သိရပါတယ်။
MK-005