မြန်မာ့နွေဦး

မြိုင်မှာ ရဲ ၂ ဦးကို ဆေးခတ်ထားတဲ့ အရက်တိုက်ပြီး သေနတ်နဲ့ ကျည်တွေ သိမ်းယူ

မဲခေါင် 4 Jan - 2023
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ အရက်တိုက်ခိုင်းတဲ့ ရဲ ၂ ဦးကို ဒေသခံ အမျိုးသမီး ၂ ဦးက အရက်ထဲ ဆေးထည့်တိုက်ပြီးနောက် လက်နက်နဲ့ ကျည်‌တွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- မြိုင်-ပကဖ က မနေ့က ထုတ်ပြန်ပါတယ်။

မနေ့က ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က မြိုင်မြို့မရဲစခန်းမှ ရဲတပ်သား မြတ်စိုးကျော်နဲ့ မျိုးမင်းသိန်းတို့ဟာ အရက်သေစာ သောက်စားဖို့ ပြည်သူလူထုထံ တောင်းဆိုစဉ် အနိုင်အထက်ပြုမှု မကြာခဏ ခံနေရတဲ့ အမျိုးသမီး ၂ ဦးက အရက်ထဲ ဆေးခတ်ပြီး သူတို့ကိုယ်တိုင် ရဲတွေနဲ့အတူ သောက်သုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ရဲ ၂ ဦးထံမှ G3 သေနတ် တစ်လက်၊ ကျည်တစ်ဘောက်နဲ့ ကျည် ၁၇တောင့်၊ ဖုန်း ၂ လုံး၊ ဓားတစ်ချောင်း ယူဆောင်ပြီး မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ လာရောက် အပ်နှံခဲ့တယ်လို့ သိရပါတယ်။

လက်နက် ၂ လက်နဲ့ ခဲယမ်းအမြောက်အများ ရရှိနိုင်ပေမယ့် အတွေ့အကြုံနည်းပါးတဲ့ မိန်းကလေး‌ တွေဖြစ်နေတာ‌‌ကြောင့် လုံခြုံရေး စိုးရိမ်လို့ လက်နက် တစ်လက်နဲ့ အခြားဆက်စပ် ပစ္စည်းတွေကိုသာ သိမ်းဆည်းနိုင်ခဲ့တာလို့လည်း သိရပါတယ်။

အတူ အရက်သေစာ သောက်စားခဲ့ရတဲ့ အမျိုးသမီး ၂ ဦးဟာလည်း အဆိပ်သင့်ပြီး ဆေးကုသမှုခံယူကာ ကျန်းမာရေး ကောင်းမွန်‌ နေပြီဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့က စောင့်ရှောက်ထားတယ်လို့လည်း မြိုင်-ပကဖ အဖွဲ့က အသိပေးထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၃၇ ခုက ပြည်သူတွေ မထိခိုက်ဖို့ NUG မှာ တာဝန်ရှိတယ်လို့ ပြည်ထောင်စု ဝန်ကြီးချုပ် သတိပေး

မဲခေါင်၊ ဇန်နဝါရီ ၇ စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၃၇ ခုက ပြည်သူတွေ မထိခိုက်စေဖို့ NUG
မြန်မာ့နွေဦး

ရှမ်းပြည်အမျိုးသားနေ့ ၇၆ နှစ်ပြည့် အခမ်းအနားကို SSPP/SSA ဌာနချုပ်မှာ ကျင်းပ

မဲခေါင်၊ ဖေဖော်ဝါရီ ၇ ရှမ်းပြည်အမျိုးသားနေ့ ၇၆ နှစ်ပြည့် အခမ်းအနားကို SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းမှာ ဖေဖော်ဝါရီ ၇
မြန်မာ့နွေဦး

အာဏာသိမ်းကာလ စစ်ရေးပဋိပက္ခများအတွင်း ကရင်နီနှင့် ရှမ်းတောင်တွင် စစ်ဘေးရှောင် ၁၂၈ ဦး အပါအဝင် အရပ်သား ၄၀၀ ကျော် သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၄ စစ်ရေးပဋိပက္ခအပြင်းထန်ဆုံးဒေသတစ်ခုဖြစ်တဲ့ ကရင်နီနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ အာဏာသိမ်း ၂ နှစ်အတွင်း စစ်ရှောင် ၁၂၈ ဦး သေဆုံးခဲ့ရတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာ့နွေဦး

ယူကေ နိုင်ငံခြားရေးဝန်ကြီးနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တရားဝင်တွေ့ဆုံ

မဲခေါင်၊ ဖေဖော်ဝါရီ ၇ ယူကေ နိုင်ငံခြားရေးဝန်ကြီး James Cleverly နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့ မနေ့ ညနေ ၃ နာရီခွဲက လန်ဒန်မြို့ UK
မြန်မာ့နွေဦး

နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ ယူကေနိုင်ငံ Labor Party လွှတ်တော်အမတ် Rushanara Ali တို့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေး

မဲခေါင်၊ ဖေဖော်ဝါရီ ၇ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသား ညီညွတ်ရေး အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ ယူကေနိုင်ငံ Labor Party မှ လွှတ်တော်အမတ် Rushanara Ali တို့ မနေ့က
မြန်မာ့နွေဦး

TNLA က ဂျာယန်ပြည်သူ့စစ်စခန်းကို စီးနင်းပြီး အဓမ္မစစ်မှုထမ်းဖို့ စေခိုင်းခံရတဲ့ ကလေးတွေအပါအဝင် တအာင်း ၁၂၇ ဦးကို ကယ်ထုတ်

မဲခေါင်၊ ဇန်နဝါရီ ၇ TNLA တပ်ဖွဲ့ အင်အား ၅၀၀ ဟာ ဂျာယန်ပြည်သူ့စစ်စခန်းကို ဝင်ရောက်စီးနင်းပြီး အဓမ္မ စစ်မှုထမ်းဖို့ စေခိုင်းခံရတဲ့ ကလေးတွေ အပါအဝင် တအာင်း-ရူစိင် ၁၂၇ ဦးကို ကယ်ထုတ်ခဲ့တယ်လို့ မနေ့က
မြန်မာ့နွေဦး

လမိုင်းမြို့နယ်ခွဲမှာ ဖမ်းမိတဲ့ ခမရ (၅၄၅) မှ ဗိုလ်ကြီးမြတ်သူ ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဆီ လွှဲပြောင်း

မဲခေါင်၊ ဖေဖော်ဝါရီ ၆ မွန်ပြည်နယ်၊‌ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲမှာ ဇန်နဝါရီလ ၄ ရက်နေ့က ဖမ်းဆီးရမိတဲ့ ခမရ (၅၄၅) တပ်ရင်းမှ ဗိုလ်ကြီးမြတ်သူ ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဆီ လွှဲပြောင်း ပေးလိုက်တယ်လို့ YGF-
မြန်မာ့နွေဦး

စစ်အာဏာရှင် အမြတ်ပြတ်ဖို့ တစ်ဖွဲ့တည်း ဦးဆောင်နေလို့မရဘူးလို့ KIO ဥက္ကဋ္ဌ သတိပေး

မဲခေါင်၊ ဇန်နဝါရီ ၆ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းဖို့ အတွက် တစ်ဖွဲ့တည်းက ဦးဆောင်နေလို့ မရဘူးလို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ က သတိပေးလိုက်ပါတယ်။