မြန်မာ့နွေဦး

မြိုင်မြို့နယ်မှာ စစ်တပ်ယာဉ်တန်း ဆက်တိုက်မိုင်းဆွဲခံရပြီး စစ်သား ၁၀ ထက်မနည်း ထိခိုက်သေဆုံး

မဲခေါင် 3 Mar - 2023
မဲခေါင်၊ မတ် ၃ မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ မတ်လ ၂ ရက်နေ့က စစ်ကောင်စီယာဉ်တန်း မိုင်း ၃ ကြိမ်ဆွဲခံရပြီး စစ်သား ၁၀ ထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ မတ် ၃

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ မတ်လ ၂ ရက်နေ့က စစ်ကောင်စီယာဉ်တန်း မိုင်း ၃ ကြိမ်ဆွဲခံရပြီး စစ်သား ၁၀ ထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မနေ့က မွန်းတည့်ချိန်မှာ ကမ္မမြို့နဲ့ ကန်တော်ကျေးရွာကြားမှာ စစ်ယာဉ်တန်းကို ပထမ အကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ကန်တော်ကျေးရွာ အနီးမှာ ဒုတိယ အကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သားတွေ ပါတဲ့ ဖောကားကို ထိမှန်ခဲ့ပြီး စစ်သား ၂ ဦး ကားနောက်ဖျားကနေ ကားရှေ့ထိ လွင့်ထွက်သွားတယ်လို့ ဆိုပါတယ်။

တတိယအကြိမ် အဖြစ် အဆိုပါ စစ်ကောင်စီယာဉ်တန်းကို လုံခြုံရေးယူပေးပြီး ပြန်လာတဲ့ စစ်ကားကို မွန်းလွဲ ပိုင်းက ညောင်ဂျစ်ရွာနားမှာ ထမ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ မြိုင် ပကဖ ကဆိုပါတယ်။

မိုင်းဆွဲ တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း ထိခိုက် သေဆုံးနိုင်ပြီး အတိအကျ သိရဖို့ စုံစမ်းနေတယ်လို့ မြိုင် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့က ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ဒေသခံကာကွယ်ရေးတပ်တွေ ဖြစ်တဲ့ မြိုင် ပကဖ တပ်ရင်း (၁)၊ Black Cobra Force အဖွဲ့နဲ့ Thu Rain တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မနေ့က စစ်ကောင်စီနဲ့ ပျူစောထီး စစ်ကြောင်းကို တွင်းမရွာနားမှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ဦး နဲ့ ပျူစောထီး တစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပြီး ပခုက္ကူဆေးရုံကို ချက်ချင်း တင်လိုက်ရတယ်လို့ သိရပါတယ်။

MK-007

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

တာချီလိတ်-မယ်ဆိုင်နယ်စပ် လေထုအရည်အသွေး အဆိုးဆုံး အခြေအနေရောက်နေ

မဲခေါင်၊ မတ် ၂၄ ရှမ်းအရှေ့ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်စပ်မှာ လေထုအရည်အသွေးဆိုးရွားမှုဟာ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမှာ ၅ရက်အတွင်း PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ၂ကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ရွာသားတွေထဲက ဆန်တွေလု

ကြာအင်းဆိပ်ပြီးမြို့နယ်ထဲမှာ မတ် ၁၆ရက်ကနေ ၂၁ရက်နေ့အထိ ၅ရက်တာအတွင်း နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F၊ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ
မြန်မာ့နွေဦး

ကြည့်မြင်တိုင်မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီး

မဲခေါင်၊ မတ်လ ၂၃ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မယ်ဇလီပင်လမ်း အောက်ထောင့်နဲ့ ကမ်းနားလမ်းမပေါ်ရှိ ကြည့်မြင်တိုင် မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ် ၁၂ နာရီခန့်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက် ခံခဲ့ရတယ်လို့ ဒေသခံ
မြန်မာ့နွေဦး

ဒီးမော့ဆို ဒေါတမကြီးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နေပြည်တော် PDF ရဲဘော်တစ်ဦး ကျဆုံး

မဲခေါင်၊ မတ် ၂၃ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးမှာ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း နေပြည်တော် PDF ရဲဘော် တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-နေပြည်တော်က ဒီကနေ့ အသိပေးလိုက်ပါတယ်။
မြန်မာ့နွေဦး

ရဲမှူးချုပ်အပါအဝင် ၄ ဦးသေတယ်ဆိုတဲ့သတင်း မှားယွင်းတယ်လို့ မုံရွာမြို့ခံတွေပြော

မဲခေါင်၊ မတ် ၂၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မင်းအောင်လှိုင် ပါတယ်လို့ ယူဆရတဲ့ စစ်ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက မတ်လ ၂၀ ရက်က မိုင်းဆွဲ တိုက်ခိုက်ရာ ရဲမှူးချုပ် အပါအဝင် ၄
မြန်မာ့နွေဦး

အဆင့်မြင့်ပညာ ခြေလှမ်းသစ် နွေဦးတက္ကသိုလ် အကောင်အထည်ဖော်

မဲခေါင်၊ မတ် ၂၃ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့ ကျောင်းသူ ကျောင်းသူတွေ အတွက် အဆင့်မြင့်ပညာ ခြေလမ်းသစ် တစ်ခု အကောင်အထည်ဖော် လိုက်တယ်လို့ နွေဦးတက္ကသိုလ်က ကြေညာ လိုက်ပါတယ်။
မြန်မာ့နွေဦး

ဗိုလ်တထောင် ရေကြောင်းရဲရုံးရှေ့ လက်လုပ်ဗုံးတွေ့လို့ စစ်တပ်ကဖောက်ခွဲပြီး ဧည့်စာရင်းဝင်စစ်

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းမိသားစု ရပ်ကွက်၊ ကမ်းနား ကွန်ကရစ်လမ်းပေါ်ရှိ ရေကြောင်းရဲတပ်ဖွဲ့ရုံးရှေ့မှာ စစ်တပ်က လက်လုပ်ဗုံး ရှာတွေ့လို့ ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အခက်ခဲကြားက တအာင်းစာပေသင်ကြားတဲ့ ကျောင်းပေါင်း ၄၀၀ ကျော်ဖွင့်လှစ်

မဲခေါင်၊ မတ် ၂၃ စစ်ကောင်စီ အုပ်စိုးခဲ့တဲ့ ခေတ်အဆက်ဆက် သင်ကြားခွင့် မရခဲ့တဲ့ တအာင်း စာပေကို လက်ရှိ ကိုယ်ပိုင် ပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်နေဆဲ ကာလမို့ ရုန်းကန်နေရတယ်လို့ တအာင်း ပညာရေး ကော်မတီ-TNEC တာဝန်ရှိသူတွေက