မြန်မာ့နွေဦး

မြိုင်နယ်တောင်ပိုင်းက ပျူစောထီးစခန်း လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

မဲခေါင် 3 Jan - 2023
မကွေးတိုင်း၊ မြိုင်မြို့နယ် တောင်ပိုင်း၊ သရက်ကန်ရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီ ပျူစောထီး ပူးပေါင်း စခန်း တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံးခဲ့တယ်လို့ ဝံပုလွေ ပြောက်ကျားတပ်ဖွဲ့-မြိုင်မှ ဗိုလ်မီးပွားက ဒီကနေ့ ပြောပါတယ်။

ဇန်နဝါရီလ ၁ ရက်၊ ည ၁၂ နာရီ ၅ မိနစ်ခန့်က စစ်အင်အား ၆၀ ခန့်ရှိတဲ့ သရက်ကန်ရွာရှိ စစ်ကောင်စီ ပျူစောထီး စခန်းကို ၁၀၀ မမ၊ ၈၀ မမ လက်လုပ် တာဝေးပစ် လက်နက်ကြီး‌ တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးခဲ့တာလို့ ဝံပုလွေ ပြောက်ကျားတပ်ဖွဲ့ထံမှ သိရပါတယ်။

အဲဒီ စစ်တပ်နဲ့ ပျူစောထီးတွေရဲ့ စခန်းကို တာဝေးပစ် လက်လုပ် လက်နက်ကြီး အချက် ၇၀ ကျော် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နေထိုင်ရာ နေရာအနီး ကျရောက်ပေါက်ကွဲပြီး ၃ ဦး သေဆုံးကာ ပျူတွေ ဈေးဝယ်ထွက်တဲ့ ကားတစ်စီးလည်း ထိမှန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သူတို့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်။ လက်နက်ကြီးက ၅ လုံးလောက် ပြန်ပစ်တယ်။ ၃ ကောင် သေတာတော့ အတွင်းသတင်းအရ အတိအကျ သိရတယ်။ ဒဏ်ရာရတာတော့ အတိအကျ မသိရဘူး

လို့ ဗိုလ်မီးပွားက ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ မုံရွာမြို့မှာ ကျဆုံးခဲ့တဲ့ ဗိုလ်လရောင် အတွက် လက်စားချေတဲ့ အနေနဲ့ တုန့်ပြန် တိုက်ခိုက်ခဲ့တာလို့လည်း သူကဆိုပါတယ်။

တိုက်ခိုက်မှုကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင်မှ ဦးဆောင်ကာ မြိုင်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ တပ်ခွဲ (၄)၊ Mying Warriors ၊ နွေဦးညီနောင်တပ်ဖွဲ့နဲ့ စင်္ကြာတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့လက်တွဲဖို့ SSPP ဆုံးဖြတ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲသွားမယ်လို့ ရှမ်းတော်လှန်ရေး အင်အားစု ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP
မြန်မာ့နွေဦး

ဟုမ္မလင်းမှာ ရဟတ်ယာဉ်တစ်စီးကို PDF ပစ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့
မြန်မာ့နွေဦး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ထပ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ် ထပ်ချလိုက်တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။
မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က စတင် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

တာချီလိတ်မြို့နယ်လဝကရုံးအနီးဖောက်ခွဲမှုလုပ်ခဲ့တယ်လို့အရှေ့ပိုင်းနဂါးအဖွဲ့အသိပေး

တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ ဆောက်လုပ်ရေးရုံးအနီးမှာ ပေါက်ကွဲခဲ့တဲ့ ဖောက်ခွဲမှုကို ပြုလုပ်ခဲ့တယ်လို့ အရှေ့ပိုင်းနဂါးအဖွဲ့က ဖေဖော်ဝါရီလ ၂ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။