မြန်မာ့နွေဦး

မြန်မာ့အရေး ဂျပန်အစိုးရအနေနဲ့ ဖိအားပေးဆောင်ရွက်ဖို့ ဂျပန်လွှတ်တော်အမတ် ၅၆ ဦး လက်မှတ်ထိုး တောင်းဆို

မဲခေါင် 2 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၂ မြန်မာ့အရေးကို ဂျပန်အစိုးရ အနေနဲ့ ဖိအားပေး ဆောင်ရွက်နိုင်ဖို့ ဂျပန်အထက် လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ် ၅၆ ဦးက လက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ တောင်းဆိုလွှာ အပါအဝင် ကျန်တောင်းဆိုလွှာတွေကို ဂျပန် နိုင်ငံခြားရေးဝန်ကြီးထံ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂

မြန်မာ့အရေးကို ဂျပန်အစိုးရ အနေနဲ့ ဖိအားပေး ဆောင်ရွက်နိုင်ဖို့ ဂျပန်အထက် လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ် ၅၆ ဦးက လက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ တောင်းဆိုလွှာ အပါအဝင် ကျန်တောင်းဆိုလွှာတွေကို ဂျပန် နိုင်ငံခြားရေးဝန်ကြီးထံ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာ-ဂျပန် လူမျိုးတွေ လက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ လက်မှတ်တွေ အပြင် ဂျပန်ရောက် မြန်မာလူမျိုး တွေကို ကိုယ်စားပြုတဲ့ သဘောထား ထုတ်ပြန်ချက် အသီးသီးကို ဂျပန်နိုင်ငံခြားရေး ဒုဝန်ကြီးထံ ပေးအပ်ခဲ့ပြီး အသေအချာ အကောင်အထည်ဖော်ပေးဖို့ လေးလေးနက်နက် တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ပြည်သူလူထု ရွေးချယ်တင်မြှောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့ အစိုးရထံမှ လက်နက်အားကိုးနဲ့ စစ်တပ်မှ အာဏာလုယူမှု ၂ နှစ်ပြည့်နေ့မှာ ဂျပန်နိုင်ငံ လွှတ်တော် အဆောက်အုံ အတွင်း မြန်မာ့အရေး ကြားနာပွဲ တရပ်ကို မနေ့က ပြုလုပ်ခဲ့တာပါ။

အဲဒီ ကြားနာပွဲသို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး တက်ရောက်ခဲ့ပြီး လွှတ်တော်အမတ်တွေ၊ ဂျပန် သတင်းဌာန‌တွေ၊ မြန်မာ့အရေး အားပေးထောက်ခံတဲ့ ဂျပန် အသိပညာရှင် အတတ်ပညာရှင်တွေနဲ့ ဂျပန်ရောက် နွေဦးတော်လှန်ရေး အင်အားစုတွေ တက်ရောက်ကာ ၂ နှစ်တာကာလ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ရှင်းလင်းကာ စစ်ကောင်စီရဲ့ တရားမဝင်မှုကို ပြသခဲ့တာပါ။

ဂျပန်နိုင်ငံ ဆိုင်ရာ ဆွီဒင်သံရုံးမှ ပထမ အတွင်းဝန်၊ အမေရိကန်မှ နိုင်ငံရေး သုတေသန ပြုလုပ်နေသူနဲ့ ထောက်ပံ့ကူညီရေး လုပ်ဆောင်နေသူ၊ ဂျပန်တတ်သိ ပညာရှင်တွေနဲ့ ဂျပန် အဖွဲ့အစည်း အသီးသီးက ဝန်းရံအားပေးကာ မြန်မာပြည်သူတွေနဲ့ ထပ်တူရှိတာကို ပြသခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီပွဲမှာ ဂျပန် ဒုနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုမှုတွေကို သုံးသပ်ပါက ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပေါ်လစီ ပြောင်းလဲလာပြီလို့ ယူဆကြောင်း NUG Support Team Japan က ပြောပါတယ်။

ဒီကြားနာပွဲကို ဂျပန်ရောက် မြန်မာလူမျိုးတွေရဲ့ ဝန်းရံကူညီမှုနဲ့ မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံအားပေးတဲ့ လွှတ်တော်အမတ်များ သမဂ္ဂနဲ့တူ NUG Japan ကိုယ်စားလှယ်ရုံးမှ ဦးဆောင် ပူးပေါင်း ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

MK-003

#MeKongNews

#ဂျပန်အစိုးရ

#နွေဦးတော်လှန်ရေး

#NUG

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

၂၀၂၀ ခုနှစ် တက္ကသိုလ်ပထမနှစ် CDM ကျောင်းသားတွေ မြန်မာ့နွေဦးတက္ကသိုလ်မှာ ကျောင်းဆက်တက်နိုင်ပြီ

မဲခေါင်၊ မတ် ၂၀ ၂၀၂၀ ခုနှစ် တက်လက်စ Second Semester ကျန်နေတဲ့ CDM ကျောင်းသားတွေ အတွက်
မြန်မာ့နွေဦး

ညောင်လေးပင်ခရိုင်မှာ ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင်၊ မတ် ၂၀ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်ကုန်း တံတားအနီး ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ ခရီးသည် ၃
မြန်မာ့နွေဦး

စစ်တပ်နဲ့မပေါင်းဖို့ ဦးအောင်ခမ်းထီ နဲ့ PNO ခေါင်းဆောင်တွေကို တက္ကသိုလ်ကျောင်းသားတွေ ဆုံးမအကြံပြု

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျောက်တလုံးကြီးဒေသ အခြေစိုက် ပြည်သူ့စစ် အသွင်ပြောင်း PNA/PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ အနေနဲ့ ကိုယ်ကျိုး အတွက် ပြည်သူကို အသုံးချ အမြတ်ထုတ်နေတဲ့ ခေါင်းဆောင် အဖြစ်
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် နမ့်ဖါမူဘုရားတောင်နဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲထားလို့ ဒေသခံတွေ ထိတ်လန့်

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖါမူကျေးရွာ ဘုရားတောင်စေတီနဲ့ စာသင်ကျောင်းအတွင်း စစ်ကောင်စီ တပ်စွဲထားလို့ ကြောက်ရွံ့ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ် တနီးလာလဲတိုက်ပွဲမှာ စစ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်းတွေရ

မဲခေါင်၊ မတ် ၂၀ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော်-KA ပူးပေါင်း တပ်ဖွဲ့တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပဲွဲ ပြင်းထန်ပြီး စစ်သား ၅
မြန်မာ့နွေဦး

သာကေတ မ.ဘ.သ ပျူစောထီး တင်လင်းထိုက် အဖွဲ့က ပြည်သူ ၂ ဦးကိုပစ်သတ်

မဲခေါင်၊ မတ် ၂၀ ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ
မြန်မာ့နွေဦး

စစ်ကောင်စီကိုဖားနေတဲ့ အမည်ခံအနုပညာရှင်တွေနဲ့ ကုန်ပစ္စည်းမကြော်ငြာဖို့ ရှမ်းမြောက် လုပ်ငန်းရှင်တွေကို သတိပေး

မဲခေါင်၊ မတ် ၂၀ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖားယားနေတဲ့ အနုအပညာရှင် အမည်ခံတွေနဲ့ ကုန်ပစ္စည်း ကြော်ငြာတာတွေ မလုပ်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းက စီးပွားရေး လုပ်ငန်းရှင်တွေကို မူဆယ်ဗျူဟာ- Tactic of
မြန်မာ့နွေဦး

ယင်းမာပင်-ကနီ နယ်စပ်မှာ လက်နက်ကြီး ရမ်းကားပစ်ခတ်နေတဲ့ စစ်ကြောင်းကို သတိထားဖို့ WGPDF သတိပေး

မဲ‌ခေါင်၊ မတ် ၁၉ စစ်ကိုင်း-ကနီ နယ်စပ်မှာ လက်နက်ကြီးတွေ ရမ်းကား ပစ်ခတ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူတွေ သတိထားကြဖို့ ဝက်ပါ ပြောက်ကျားတပ်ဖွဲ့- WGPDF က ဒီကနေ့ သတိပေး လိုက်ပါတယ်။