မြန်မာ့နွေဦး

မြန်မာ့ဒီမိုကရေစီအရေး ကူညီထောက်ပံ့မယ့် BURMA Act အကောင်အထည်ဖော်ဖို့ ဆွေးနွေး

မဲခေါင် 11 Mar - 2023
မဲခေါင်၊ မတ် ၁၀ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို ကူညီထောက်ပံ့ဖို့ အချက်တွေ ပါဝင်တဲ့ BURMA Act အကောင်အထည်ဖော်ဖို့ အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ ဒဲရက်ချိုလက်နဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ-CRPH ဥက္ကဌ ဦး‌အောင်ကြည်ညွန့် မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ အသိပေးလိုက်ပါတယ်။

မဲခေါင်၊ မတ် ၁၀

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို ကူညီထောက်ပံ့ဖို့ အချက်တွေ ပါဝင်တဲ့ BURMA Act အကောင်အထည်ဖော်ဖို့ အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ ဒဲရက်ချိုလက်နဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ-CRPH ဥက္ကဌ ဦး‌အောင်ကြည်ညွန့် မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ အသိပေးလိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီကို ခုခံ တော်လှန်နေသူတွေကို ထောက်ပံ့ပေးမဲ့ အချက်တွေ ပါဝင်တဲ့ BURMA Act ကို အမျိုးသား ကာကွယ်ရေး ဥပဒေ-NDAA မှာ ထည့်သွင်းထားပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၅ ရက်နေ့က အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အတည်ပြု လက်မှတ် ရေးထိုးခဲ့တာပါ။

အဆိုပါ ဥပဒေမှာ စစ်ကောင်စီကို ဆန့်ကျင် တော်လှန်နေကြတဲ့ အဖွဲ့အစည်းတွေကို လက်နက်မဟုတ်တဲ့ နည်းပညာ အကူအညီတွေ၊ CDM တွေကို ထောက်ပံ့ဖို့နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ လည်ပတ်နိုင်ဖို့ ၂၀၂၃ ခုနှစ် အတွင်း အမေရိကန် ဒေါ်လာ ၁၃၆ သန်း အကူပေးမယ်လို့ ပါဝင်ပါတယ်။

အခုလို အမေရိကန် နိုင်ငံခြားရေး အတိုင်ပင်ခံက BURMA Act အကော်အထည်ဖော်ဖို့ CRPH ဥက္ကဌနဲ့ ဆွေးနွေးတာကို စစ်ကောင်စီဘက်က မလိုလားတာကြောင့် ဦး‌အောင်ကြည်ညွန့်ဟာ ကိုယ်ကျိုးစီးပွားကိုသာ လိုလားပြီး အရင်ကတည်းက လာဘ်စားနေတယ်လို့ စစ်တပ်ဝါဒဖြန့် မီဒီယာတွေက ရေးသားနေပါတယ်။

MK-007
#MeKongNews
#BURMA-Act
#ဒဲရက်ချိုလက်
#ဦး‌အောင်ကြည်ညွန့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှာ ကျည်ဆံဖိုးတစ်အိမ် ၅သောင်း PNO အဓမ္မကောက်

မဲခေါင် ၊ မတ် ၃၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ကျည်ဆံဖိုး
မြန်မာ့နွေဦး

ရှမ်း-ကရင်နီနယ်စပ် စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးလို့ ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့

မဲခေါင်၊ မတ် ၃၀ ရှမ်း-ကရင်နီ နယ်စပ် နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူတွေ တနေ့တခြား
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် စစ်ဘေးရှောင်စခန်းတွေမှာ ဖျားနာသူများနေလို့ ဆေးဝါးကုသမှု အကူအညီတွေ လိုအပ်နေ

မဲခေါင်၊ မတ် ၂၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် စစ်ဘေးရှောင် စခန်းတွေမှာ စစ်ဘေးရှောင် ပြည်သူ အများအပြား ဖျားနာနေလို့ ကုသရေးနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
မြန်မာ့နွေဦး

PDF တွေကိုပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ပြတ်သားတော့မယ်လို့ စစ်ခေါင်းဆောင်ပြော

မဲခေါင်၊ မတ် ၂၇ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ PDF တွေကို ပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO တွေရဲ့ အကြမ်းဖက်မှုတွေ လုံးဝ ရပ်ဆိုင်းသွားအောင် ပြတ်ပြတ်သားသား လုပ်မယ်လို့
မြန်မာ့နွေဦး

တာဝန်ယူမှုမရှိတဲ့ ပြည်သူ့ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူဖို့ NUG ကို အိတ်ဖွင့်စာပို့

မဲခေါင်၊ မတ် ၂၆ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ပြည်သူ့ ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူပေးဖို့ အချက် ၇ ချက် ပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို မတ်လ ၂၄ ရက်နေ့က NUG
မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်လို့ ထိုင်း-မြန်မာနယ်စပ် မြဝတီ ကုန်သွယ်ရေးရပ်ဆိုင်း၊ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်

မဲခေါင်၊ မတ် ၂၅ ကရင်ပြည်နယ်၊ မြဝတီ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းကာ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်တယ်လို့ ‌နယ်စပ် ကုန်သည်တွေက ပြောပါတယ်။
မြန်မာ့နွေဦး

လားရှိုးမှာ လမ်းတွေ့တဲ့မိုင်း ကောက်သွားရာက ယာတဲအရောက် ပေါက်ကွဲလို့ လူ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာပြင်းထန်

မဲခေါင်၊ မတ် ၂၃ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခုန်စုမ်ရွာသား ၄ ဦးဟာ မပေါက်ကွဲသေးတဲ့ မိုင်းကို ကောက်သွားရာက ယာတဲ အရာက်မှ မိုင်းပေါက်ကွဲတာကြောင့် ၂ ဦး သေဆုံးပြီး ၂ ဦး
မြန်မာ့နွေဦး

မင်းတေဇညွန့်တင် စစ်ကောင်စီအတွက် ဘာတွေလုပ်ပေးခဲ့လဲ

မဲခေါင်၊ မတ် ၂၄ အာဏာသိမ်းစစ်တပ် ထပ်ပိုင်းခေါင်းဆောင် အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ဦးမင်းတေဇညွန့်တင်ကို သန်လျင်မြို့နယ်ထဲမှာ ဒီနေ့နေ့လည် တစ်နာရီလောက်က Urban Owls မြို့ပြပြောက်ကျားအဖွဲ့က ရှင်းလင်းလိုက်ပါတယ်။