မြန်မာ့နွေဦး

မဲဝိုင်စခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်‌တွေ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၉ ဦးသေဆုံး

မဲခေါင် 13 Jan - 2023
မဲခေါင်၊ ဇန်ဝါရီ ၁၃ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ တပ်မဟာ (၅) နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်ရဲ့ မဲဝိုင်စခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်‌တွေ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၉ ဦး သေဆုံးထားတယ်လို့ တောင်ပိုင်းစစ်ဒေသ သတင်းနှင့် ပြန်ကြားရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်ဝါရီ ၁၃

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ တပ်မဟာ (၅) နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်ရဲ့ မဲဝိုင်စခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်‌တွေ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၉ ဦး သေဆုံးထားတယ်လို့ တောင်ပိုင်းစစ်ဒေသ သတင်းနှင့် ပြန်ကြားရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ မဲဝိုင်စခန်းကို KNLA နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေ နေ့စဉ် တိုက်ခိုက်နေရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားတာကြောင့် လေကြောင်း အသုံးပြုပြီး အရပ်သားတွေ နေထိုင်တဲ့ နေရာတွေကို တိုက်ခိုက်လျက်ရှိတယ်လို့ ဆိုပါတယ်။

မဲဝိုင်စခန်းကို ဒီဇင်ဘာလဆန်း ကတည်းက FFD အဖွဲ့တွေက ဒရုန်းနဲ့ နေ့တိုင်း ဗုံးကြဲနေတာ ဖြစ်ပြီး တစ်လ အတွင်း ဗုံးအလုံးပေါင်း ၁၀၀၀ ကျော် ကြဲချခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၄ ရက်နေ့နဲ့ ၇ ရက်နေ့တွေမှာ စခန်းထဲအထိ ဝင်တိုက်ခဲ့ရာ တပ်ခွဲမှူး တစ်ဦး၊ အရာခံဗိုလ်တစ်ဦး အပါအဝင် ၉ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အရုဏ်တက်ချိန် ဖြစ်တဲ့အတွက် အလင်းရောင် ကောင်းစွာ မရတာကြောင့် အတည်ပြုထားတဲ့ ၉ ဦးထက်မနည်း သေဆုံးနိုင်ပြီး လက်နက်တွေလည်း သိမ်းမိထားတယ်လို့ သိရပါတယ်။

အဲဒီ စခန်းသိမ်း တိုက်ခိုက်မှုမှာ KNU/KNLA ရဲ့ဦးဆောင်မှုနဲ့ FFD ၊ BPLA နဲ့ PDF တပ်ဖွဲ့ဝင်တွေ ပါဝင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ တိုက်လေယာဉ် ၈ စင်းအထိ အသုံးပြုကာ ခုခံခဲ့တာကြောင့် အပြီးသတ် မသိမ်းနိုင်သေးတာလို့လည်း သိရပါတယ်။

မဲဝိုင်စခန်းသိမ်း ဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဘက်မှ လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ရာ အရပ်သား ပြည်သူ ၆ ဦး သေဆုံးပြီး မထော စစ်ကောင်စီ တပ်စခန်းကလည်း ၁၂၂ မမနဲ့ အကြိမ် ၂၀ ကျော် ပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“မြေပြင်မှာ သူယှဉ်ကိုယ်ယှဉ် ပစ်ရင်တော့ သိမ်းနိုင်တာကြာပြီ။ လေယာဉ်တွေ လာပစ်တာကြောင့် တစ်ဝက်လောက်ပဲ သိမ်းပြီး ပြန်ဆုတ်ခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်က Drone တွေနဲ့ တစ်နေ့ ဗုံးအလုံး ၃၀ လောက်ကြဲနေတော့ စခန်းထဲက တပ်ခွဲမှူး အဆင့်ရှိတဲ့ သူက ဒဏ်ရာအပြင်းအထန်ရပြီး ဘာမှ မတုံ့ပြန်နိုင်ဘူး။ စခန်းဝင်စီးတော့ ဒီကောင်အရက်ထိုင်သောက်ပြီး သေမယ့်အချိန် စောင့်နေတာနဲ့ ပစ်သတ်ပြီး သူ့ပစ္စတိုပါ ယူလာခဲ့တယ်။ စခန်းမသိမ်းခင် ၁ ပတ်လောက်အလိုမှာ သူတို့ကို လက်နက်ချ ပူးပေါင်းအညံ့ခံဖို့ Drone နဲ့စာတွေချသေးတယ်။ ဘာမှထူးမလာတော့ သူ့စရိတ်နဲ့သူသွားပြီပေါ့” လို့ စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

တိုက်ပွဲမှာ KNLA ပူးပေါင်းအဖွဲ့ဘက်မှ ၆ ဦးကျဆုံးပြီး ၂၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့ကာ မဲဝိုင်စခန်းဟာ စစ်ကောင်စီရဲ့ အရေးပါတဲ့ ခြေကုပ်စခန်း ဖြစ်ပြီး အင်အား ၈၀ ဝန်းကျင်ခန့် ရှိတယ်လို့ သိရပါတယ်။

အခုနှစ် နှစ်ဆန်းပိုင်းမှ စပြီး မဲဝိုင်စခန်းမှာ တိုက်ပွဲ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဘက်ကလည်း လေယာဉ်တွေ လက်နက်ကြီးတွေ အသုံးပြုပြီး ခုခံနေကာ တိုက်ပွဲတွေ အလွန်ပြင်းထန်နေတယ်လို့ သိရပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေလွှဲမှုရှိတဲ့ K Pay အကောင့်တွေကို ဦးတည်ပိတ်ဆို့နေ

မဲခေါင်၊ မေ ၂၇ စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို
မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး အပါအဝင် စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ ABSDF ပြောရေးဆိုခွင့် OKSAW
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။