မြန်မာ့နွေဦး

မဲဆောက်မှာ မြန်မာကျောင်းသားဦးရေ များပြားလာလို့ ကျောင်းအပ်လက်ခံဖို့ အခက်အခဲကြုံ

မဲခေါင် 5 Apr - 2023
မဲခေါင်၊ ဧပြီ ၅ ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့နယ်မှာ မြန်မာ ကျောင်းသား ဦးရေ များပြားလာတဲ့ အတွက် ရွှေ့ပြာင်းကျောင်းတွေ အနေနဲ့ ၂၀၂၃-၂၄ ပညာသင်နှစ် အတွက် ကျောင်းအပ်လက်ခံဖို့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ရွှေ့ပြောင်းကျောင်း တည်ထောင်သူတွေက ပြောပါတယ်။

မဲခေါင်၊ ဧပြီ ၅

ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့နယ်မှာ မြန်မာ ကျောင်းသား ဦးရေ များပြားလာတဲ့ အတွက် ရွှေ့ပြာင်းကျောင်းတွေ အနေနဲ့ ၂၀၂၃-၂၄ ပညာသင်နှစ် အတွက် ကျောင်းအပ်လက်ခံဖို့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ရွှေ့ပြောင်းကျောင်း တည်ထောင်သူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံနယ်စပ်မှာ ဖွင့်လှစ်ထားတဲ့‌ ရွှေ့ပြောင်းကျောင်း အများစုဟာ ထိုင်းအာဏာပိုင်တွေနဲ့ နားလည်မှုရယူ ဖွင့်လှစ်ထားတာဖြစ်ပြီး မိဘဆရာအသင်းနဲ့ ရပ်တည်တဲ့ ကျောင်းတွေ ရှိသလို အလှူရှင်အားနဲ့ ရပ်တည်နေရတဲ့ ကျောင်းတွေလည်း ရှိတယ်လို့ မဲဆောက် ပညာရေး အသိုင်းအဝိုင်းက သိရပါတယ်။

“ကျောင်းမှာ အခက်ခဲလို့ ပြောရရင် ရွှေ့ပြောင်းကျောင်း တော်တော်များများ အလှူရှင်ကို အခြေခံပြီး ရပ် တည်ရတယ်။ အခုဆို ကျောင်းသား အင်အားကလည်း ၁၇၀ ကျော်လောက် ဖြစ်လာပြီ။ ကျောင်းဆောင်တွေ မလုံလောက်တော့ဘူး။ သင်ကြားရေး ဆရာ၊ ဆရာမ အင်အားလည်း လိုအပ်လာပြီ။ မိဘဆရာအသင်းနဲ့ ရပ်တည်တဲ့ ကျောင်းဆို ပိုဆိုးတယ်။ အခုနောက်ပိုင်းကျတော့ ကျောင်းသားတွေ များပြားလာလို့ လိုအပ်ချက်တွေ ပိုများလာတယ်” လို့ ရွှေ့ပြောင်းကျောင်း တည်ထောင်သူ တစ်ဦးက ပြောပါတယ်။

မဲဆောက်မြို့မှာ ကိုဗစ် မတိုင်ခင် ရောက်ရှိနေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ အပြင် စစ်အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံရေးအရ လာရောက်ခိုလှုံသူတွေ၊ စစ်ဘေးရှောင်တွေ များပြားလာတဲ့ အတွက် ရွှေ့ပြောင်းကျောင်းတွေ အနေနဲ့ စာသင်ဆောင် မလုံလောက်တာ၊ ဆရာ၊ ဆရာမ မလုံလောက်တာ၊ ရပ်တည်မှု အတွက် ငွေကြေး ခက်ခဲတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“ကျမ ကလေးတွေ ကျောင်းမနေရတာ အခုဆို ၃ နှစ်ရှိသွားပြီ။ ကျမတို့က တရားမဝင် ရောက်လာတော့ အပြင်မထွက်ရဲတော့ စာသင်ကျောင်းတွေ ဘယ်နားရှိလဲ ဆိုတာ မသိခဲ့ဘူး။ အဖမ်းအဆီးတွေလည်းများ ငွေကြေး အင်အားကလည်း မတတ်နိုင်တော့ ကလေးတွေကို ပညာသင်ကြားပေးနိုင်ဖို့ တော်တော်အခက်ခဲ ဖြစ်ခဲ့တယ်” လို့ နိုင်ငံရေးအရ ထွက်ပြေး တိမ်းရှောင်လာတဲ့ မိဘ တစ်ဦးက ပြောပါတယ်။

ရွှေ့ပြောင်းကျောင်းတွေမှာ မူကြိုကနေစပြီး တက္ကသိုလ်ဝင်တန်း အထိ သင်ကြားပေး နေသလို သင်ရိုးညွှန်းတမ်း ၈၀ ရာခိုင်နှုန်းက မြန်မာနိုင်ငံမှာ သင်ကြားနေတဲ့ သင်ရိုးအတိုင်းဖြစ်ပြီး စာသင်ခန်း ပြင်ပ ပန်းချီ၊ အားကစား အပြင် ထိုင်းနိုင်ငံ သမိုင်းနဲ့ ထိုင်းစာကိုလည်း သင်ကြားပေးတယ်လို့ ကျောင်းတည်ထောင်သူ တစ်ဦးက ဆိုပါတယ်။

ဒါပေမယ့်လည်း မိခင် နိုင်ငံမှာ သင်ကြားရတာ မဟုတ်တဲ့ အတွက် ရွှေ့ပြောင်း ကလေးတွေရဲ့ ပညာရေး မရေရာမှုတွေနဲ့ ဖြတ်သန်းနေကြရပြီး အခြေတကျ မရှိတဲ့ မိဘတွေ အနေနဲ့ ရုန်းကန်နေရတာကြောင့် ကလေးတွေရဲ့ အနာဂတ်ကလည်း ဝေဝါးနေတယ်လို့ ပညာရေး လေ့လာသူ တစ်ဦးက ဆိုပါတယ်။

ထိုင်း- မြန်မာ နယ်စပ်၊ မဲဆောက်၊ တာ့ခ်ခရိုင်ထဲမှာ ရွှေ့ပြောင်း မြန်မာ ကလေးတွေကို သင်ကြားပေးနေတဲ့ ကျောင်း ၆၀ ကျော်ရှိပြီး ကျောင်းသား ဦးရေ ၁၃,၀၀၀ ဝန်းကျင် ရှိတယ်လို့ မဲဆောက် အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ-JACBA ဥက္ကဋ္ဌ ဦးမိုးကြိုး က ပြောပါတယ်။

MK-010
#MeKongNews
#မဲဆောက်
#ရွှေ့ပြောင်း
#ပညာရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ