မြန်မာ့နွေဦး

မူဆယ်နယ်စပ်ဂိတ်မှာ တရုတ်ဘက်က ငွေကြေးနဲ့စာရွက်စာတမ်း အများအပြားတောင်းလို့ မြန်မာကုန်သည်တွေ အခက်တွေ့

မဲခေါင် 18 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၈ တရုတ်-မြန်မာ အဓိက နယ်စပ် ကုန်သွယ်ရေး စခန်းဖြစ်တဲ့ ရွှေလီ-မူဆယ်ဂိတ်မှာ တရုတ်ဘက်ကို ဝင်ရောက်ဖို့ ငွေကြေးအပြင် စာရွက်စာတမ်း အများအပြား တောင်းနေလို့ မြန်မာ ကုန်သည်တွေ အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၈

တရုတ်-မြန်မာ အဓိက နယ်စပ် ကုန်သွယ်ရေး စခန်းဖြစ်တဲ့ ရွှေလီ-မူဆယ်ဂိတ်မှာ တရုတ်ဘက်ကို ဝင်ရောက်ဖို့ ငွေကြေးအပြင် စာရွက်စာတမ်း အများအပြား တောင်းနေလို့ မြန်မာ ကုန်သည်တွေ အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ရွှေလီ-မူဆယ် ဂိတ်ကို ဇန်နဝါရီ ၁၄ ရက်နေ့မှာ တရားဝင် ပြန်ဖွင့်ခဲ့ပေမယ့် တရုတ်ဘက်က ပို့ကုန်တွေသာ အဓိက တင်ပို့နေပြီး မြန်မာဘက်က ကုန်တွေကို ကန့်သတ်ထားကာ ၆ ဘီး ယာဉ်တွေကိုသာ ဝင်ရောက်ခွင့် ပြုထားသလို ငွေကြေးနဲ့ စာရွက်စာတမ်း အများအပြား တောင်းနေတယ်လို့ ဆိုပါတယ်။

“ ယာဉ်မောင်းနဲ့ ကုန်ကားကိုတော့ တိုက်ရိုက်မောင်းဝင်လို့ ရပြီ။ ဒါပေမယ့် လုပ်စားကွက်ကြီး ဖြစ်နေတယ်။ ဆေးစစ်ခနဲ့ စာရွက်စာတမ်း အများကြီး တောင်းတယ်။ ဆေးစစ်ခကလည်း ၈ သောင်းပေးရမယ်၊ ၄၈ နာရီ အတွင်း စစ်ထားတာကို ပြရမယ်ဆိုတော့ ဆေးစစ်ခနဲ့တင် မွဲလိမ့်မယ်။ နောက်တစ်ခုက ခေါက်တို တစ်ခေါက် ဆိုရင် သိန်းနဲ့ချီ ပေါက်ဈေး ရှိသွားမှာ။ မနေ့ည အထိတော့ ၂ စီးပဲ ဝင်နိုင်သေးတယ်” လို့ နယ်စပ် ကုန်သည် တစ်ဦးက ပြောပါတယ်။

တရုတ်နိုင်ငံဘက် ဝင်ရောက်ဖို့ မူဆယ်ခရိုင် အိမ်ထောင်စု ဇယားနဲ့ ခရိုင် လဝကမှာ BP စာအုပ် လုပ်ရမှာဖြစ်ပြီး ကိုဗစ်ကာကွယ် ဆေးထိုး လက်မှတ်-အင်္ဂလိပ်နဲ့ မြန်မာနှစ်ဘာသာ၊ ကိုဗစ်ပိုး ရှိ၊ မရှိ ၄၈ နာရီအတွင်း စစ်ဆေးထားတဲ့ ထောက်ခံချက်နဲ့ အခြား စာရွက်စာတမ်းတွေ လိုအပ်တယ်လို့ သိရပါတယ်။

အရှေ့တောင်အာရှရဲ့ အလုပ်အရှုပ်ဆုံး ကုန်သွယ်ရေး စခန်းဖြစ်တဲ့ ရွှေလီ-မူဆယ် ဂိတ်ကို ကိုဗစ်ကြောင့် ၂၀၂၀ ဧပြီလကစပြီး ပိတ်ခဲ့ရာက အခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်မှာ ပထမဆုံး အကြိမ် ဂိတ်တစ်ဂိတ်ကို ပြန်ဖွင့်ပေးလိုက်တာ ဖြစ်ပေမယ့် လက်ရှိအချိန်ထိ မြန်မာဘက်က ၆ ဘီးယာဉ် ၂ စီးသာ ဝင်ရောက်နိုင် သေးတယ်လို့ သိရပါတယ်။

MK-008

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီခန့်ရှမ်းပြည်နယ်စစ်ဝန်ကြီးချုပ် (သို့) မိုဆိုလူသတ်သမား

အာဏာသိမ်း ၂ နှစ်ပြည့်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်ကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့
မြန်မာ့နွေဦး

ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့လက်တွဲဖို့ SSPP ဆုံးဖြတ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲသွားမယ်လို့ ရှမ်းတော်လှန်ရေး အင်အားစု ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP
မြန်မာ့နွေဦး

ဟုမ္မလင်းမှာ ရဟတ်ယာဉ်တစ်စီးကို PDF ပစ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ NUG က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ထပ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ် ထပ်ချလိုက်တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။
မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က စတင် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။