မြန်မာ့နွေဦး

မုံရွာမှာ စစ်တပ်က ပြန်ပေးဆွဲထားတဲ့ အိမ်ထောင်စုစာရင်း မူရင်း တစ်စောင် ကျပ် ၅၀,၀၀၀ နဲ့ ပြန်ရွေးနေရ

မဲခေါင် 19 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၉ စစ်ကိုင်းတိုင်း၊ မုံရွာ မြို့ပေါ်ရပ်ကွက်တွေမှာ ရွေးကောက်ပွဲ အတွက် လူဦးရေ စာရင်း ကောက်ယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အိမ်ထောင်စု စာရင်း မူရင်း စာရွက်တွေကို တောင်းယူပြီး ပြည်သူတွေကို တစ်စောင် ကျပ် ၅၀,၀၀၀ နှုန်းနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်း၊ မုံရွာ မြို့ပေါ်ရပ်ကွက်တွေမှာ ရွေးကောက်ပွဲ အတွက် လူဦးရေ စာရင်း ကောက်ယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အိမ်ထောင်စု စာရင်း မူရင်း စာရွက်တွေကို တောင်းယူပြီး ပြည်သူတွေကို တစ်စောင် ကျပ် ၅၀,၀၀၀ နှုန်းနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

မနေ့က ဇန်နဝါရီ ၁၈ ရက်မှာ မြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ ကန်တော့ကုန်း၊ ညောင်ရိပ်သာ၊ ညောင်ပင်စောက် အစရှိတဲ့ ရပ်ကွက်တွေမှာ စစ်ကားတွေနဲ့ လမ်းတွေ ပိတ်ဆို့ပြီး လူဦးရေ စာရင်း ကောက်ယူရာမှာ အိမ်ထောင်စု စာရင်း မူရင်းတွေ တောင်းယူသွားတာလို့ သိရပါတယ်။

“စစ်ကား ၇ စီး၊ ၈ စီးလောက်ပေါ့။ စစ်သားတွေက လိုက်ကောက်တယ်။ သန်းခေါင်စာရင်း မူရင်း တွေကို သူတို့ဆီမှာ ရောက်သွားပြီ ဆိုရင် ငါးသောင်းနဲ့ ပြန်ရွေးခိုင်းတယ်။ မနေ့က ရှေ့ရပ်ကွက်မှာ အဲ့လိုလုပ်တယ် ကြားတော့ မိတ္တူသွားဆွဲတာ မိတ္တူဆွဲရလွန်းလို့ စက်တောင် ပျက်တယ်လို့ ဆိုင်ကပြောတယ်” လို့ မုံရွာ ဒေသခံ တစ်ဦးက ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ အခုလ ပထမပတ်က စပြီး စစ်ကားတွေနဲ့ လုံခြုံရေး အများအပြား အသုံးပြုကာ လူဦးရေ စာရင်း ကောက်နေတာဖြစ်ပြီး အဲ့ဒီလို စာရင်း ကောက်နေတဲ့ အဖွဲ့တွေကို ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောက်ကျားစနစ်နဲ့ တိုက်ခိုက် နေတာတွေလည်း ရှိနေပါတယ်။

လူဦးရေ စာရင်း စတင်ကောက်ယူတဲ့ ဇန်နဝါရီ ၉ ရက်ကနေ ၁၃ ရက်နေ့ အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၇ ကြိမ် တိုက်ခိုက်ခံခဲ့ရပြီး ၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဇန်နဝါရီ ၁၄ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

NUG အစိုးရကတော့ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် လူဦးရေ စာရင်းကောက်ယူရာမှာ ပြည်သူတွေ အနေနဲ့ မပူးပေါင်းဖို့နဲ့ စစ်ကိုင်းတိုင်းမှာ လူဦးရေ စာရင်းကောက်စဉ် ဖမ်းမိထားတဲ့ ထွေအုပ်ဝန်ထမ်း ၄ ဦးကိုလည်း အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

MK – 009

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၃၇ ခုက ပြည်သူတွေ မထိခိုက်ဖို့ NUG မှာ တာဝန်ရှိတယ်လို့ ပြည်ထောင်စု ဝန်ကြီးချုပ် သတိပေး

မဲခေါင်၊ ဇန်နဝါရီ ၇ စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၃၇ ခုက ပြည်သူတွေ မထိခိုက်စေဖို့ NUG
မြန်မာ့နွေဦး

ရှမ်းပြည်အမျိုးသားနေ့ ၇၆ နှစ်ပြည့် အခမ်းအနားကို SSPP/SSA ဌာနချုပ်မှာ ကျင်းပ

မဲခေါင်၊ ဖေဖော်ဝါရီ ၇ ရှမ်းပြည်အမျိုးသားနေ့ ၇၆ နှစ်ပြည့် အခမ်းအနားကို SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းမှာ ဖေဖော်ဝါရီ ၇
မြန်မာ့နွေဦး

အာဏာသိမ်းကာလ စစ်ရေးပဋိပက္ခများအတွင်း ကရင်နီနှင့် ရှမ်းတောင်တွင် စစ်ဘေးရှောင် ၁၂၈ ဦး အပါအဝင် အရပ်သား ၄၀၀ ကျော် သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၄ စစ်ရေးပဋိပက္ခအပြင်းထန်ဆုံးဒေသတစ်ခုဖြစ်တဲ့ ကရင်နီနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ အာဏာသိမ်း ၂ နှစ်အတွင်း စစ်ရှောင် ၁၂၈ ဦး သေဆုံးခဲ့ရတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာ့နွေဦး

ယူကေ နိုင်ငံခြားရေးဝန်ကြီးနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တရားဝင်တွေ့ဆုံ

မဲခေါင်၊ ဖေဖော်ဝါရီ ၇ ယူကေ နိုင်ငံခြားရေးဝန်ကြီး James Cleverly နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့ မနေ့ ညနေ ၃ နာရီခွဲက လန်ဒန်မြို့ UK
မြန်မာ့နွေဦး

နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ ယူကေနိုင်ငံ Labor Party လွှတ်တော်အမတ် Rushanara Ali တို့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေး

မဲခေါင်၊ ဖေဖော်ဝါရီ ၇ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသား ညီညွတ်ရေး အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ ယူကေနိုင်ငံ Labor Party မှ လွှတ်တော်အမတ် Rushanara Ali တို့ မနေ့က
မြန်မာ့နွေဦး

TNLA က ဂျာယန်ပြည်သူ့စစ်စခန်းကို စီးနင်းပြီး အဓမ္မစစ်မှုထမ်းဖို့ စေခိုင်းခံရတဲ့ ကလေးတွေအပါအဝင် တအာင်း ၁၂၇ ဦးကို ကယ်ထုတ်

မဲခေါင်၊ ဇန်နဝါရီ ၇ TNLA တပ်ဖွဲ့ အင်အား ၅၀၀ ဟာ ဂျာယန်ပြည်သူ့စစ်စခန်းကို ဝင်ရောက်စီးနင်းပြီး အဓမ္မ စစ်မှုထမ်းဖို့ စေခိုင်းခံရတဲ့ ကလေးတွေ အပါအဝင် တအာင်း-ရူစိင် ၁၂၇ ဦးကို ကယ်ထုတ်ခဲ့တယ်လို့ မနေ့က
မြန်မာ့နွေဦး

လမိုင်းမြို့နယ်ခွဲမှာ ဖမ်းမိတဲ့ ခမရ (၅၄၅) မှ ဗိုလ်ကြီးမြတ်သူ ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဆီ လွှဲပြောင်း

မဲခေါင်၊ ဖေဖော်ဝါရီ ၆ မွန်ပြည်နယ်၊‌ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲမှာ ဇန်နဝါရီလ ၄ ရက်နေ့က ဖမ်းဆီးရမိတဲ့ ခမရ (၅၄၅) တပ်ရင်းမှ ဗိုလ်ကြီးမြတ်သူ ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဆီ လွှဲပြောင်း ပေးလိုက်တယ်လို့ YGF-
မြန်မာ့နွေဦး

စစ်အာဏာရှင် အမြတ်ပြတ်ဖို့ တစ်ဖွဲ့တည်း ဦးဆောင်နေလို့မရဘူးလို့ KIO ဥက္ကဋ္ဌ သတိပေး

မဲခေါင်၊ ဇန်နဝါရီ ၆ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းဖို့ အတွက် တစ်ဖွဲ့တည်းက ဦးဆောင်နေလို့ မရဘူးလို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ က သတိပေးလိုက်ပါတယ်။