မြန်မာ့နွေဦး

မီးရှို့ခံထားရတဲ့ ဒေသတွေကို လှူဖို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်ကောင်စီရဲ့ အခြေခံကျောင်းတွေမှာ ကျောင်းသားတွေကို အလှူခံ

မဲခေါင် 30 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၃၀ စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ အခြေခံပညာ ကျောင်းတွေမှာ မီးရှို့ခံထားရတဲ့ ဒေသတွေကို လှူဖို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာ၊ ဆရာမတွေက အလှူခံနေတယ်လို့ ကျောင်းသားမိဘတွေဆီကနေ သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၃၀

စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ အခြေခံပညာ ကျောင်းတွေမှာ မီးရှို့ခံထားရတဲ့ ဒေသတွေကို လှူဖို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာ၊ ဆရာမတွေက အလှူခံနေတယ်လို့ ကျောင်းသားမိဘတွေဆီကနေ သိရပါတယ်။

ရန်ကုန်တိုင်း စမ်းချောင်း၊ အလုံ၊ ကြည်မြင်တိုင် မြို့နယ်အပါအဝင် ကရင်ပြည်နယ် မြဝတီ မြို့နဲ့ ရှမ်းပြည်နယ် လားရှိုးမြို့အတွင်းရှိ အခြေခံကျောင်းတွေမှာ အလှူခံနေတာလို့ သိရပါတယ်။

လားရှိုးမြို့က ကျောင်းသားမိဘ တစ်ဦးက “အခု အလှူငွေထပ်မံကောက်ခံတာက မီးရှို့ခံထားရတဲ့ ဒေသကိုလှုဖို့ဆိုပြီး ကောက်တယ်။ ဘယ်နေရာကို လှုမယ်ဆိုတာတော့ မပြောဘူး”လို့ ဆိုပါတယ်။

အထက်က ခိုင်းလို့ အလှူငွေ ကောက်ခံရတာလို့ စစ်ကောင်စီလက်အောက်ခံ NonCDM ဆရာ၊ ဆရာမတွေက ကျောင်းသားမိဘတွေကို ရှင်းပြနေတယ်လို့လည်း စုံစမ်းသိရပါတယ်။

အာဏာသိမ်းပြီး ၂ နှစ်အတွင်းမှာ စစ်ကောင်စီဟာ နိုင်ငံတဝှမ်းက မြို့နယ်အသီးသီးက အရပ်သားနေအိမ် ၅၀၀၀၀ ဝန်းကျင်ကို မီးရှို့ ဖျက်ဆီးထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီ ဩဇာခံကျောင်းတွေမှာ ကျောင်းသားတွေကို မီးရှို့ခံရတဲ့ ဒေသတွေအတွက် အလှူငွေကောက် တယ်ဆိုတာဟာ ဒီမီးရှို့မှုတွေကို PDF တွေက ကျူးလွန်တယ်ဆိုပြီး ဝါဒဖြန့်ဖို့အတွက် ရည်ရွယ်ထားတာ ဖြစ်မယ်လို့ CDM ကျောင်းဆရာမတစ်ဦးက သုံးသပ်ပါတယ်။

“မီးဘေးသင့် နေရာကိုလှူဖို့ဆိုတာတော့ အကြောင်းရှာတာြဖစ်မယ်။ ကလေးတွေကို ဉီးနှောက်ထဲ ရိုက်ထည့်ချင်လို့ PDF တွေလုပ်လို့ မီးဘေးသင့်ရတယ်ဆိုတဲ့ပုံစံနဲ့ ကျောင်းသားတွေကို ဝါဒဖြန့်တဲ့ သဘောမှာ ရှိတယ်” လို့ သူကဆိုပါတယ်။

တကယ်တမ်းမှာ စစ်ကောင်စီလက်အောက်ခံ အခြေခံပညာကျောင်းများမှာ ဆရာ၊ ဆရာမတွေက ခေါင်းစဉ်အမျိုးမျိုးတပ်ကာ တစ်လ ၄ ကြိမ် နီးပါး ကျောင်းသား၊ ကျောင်းသူတွေဆီက အလှူငွေတွေ ကောက်ခံနေတာလို့ ကျောင်းသားမိဘတွေက ဆိုပါတယ်။

“တစ်လကို ၄ ကြိမ်လောက်ရှိမယ်။ မေးခွန်းကြေး၊ နှုတ်ဆက်ပွဲ၊ လပတ် စာမေးပွဲမအောင်လည်း ပိုက်ဆံကောက်နေတော့တာဘဲ” လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

စာသင်ကျောင်းတွေမှာ မီးရှို့ခံနေရသူတွေအတွက် အလှူခံခိုင်းထားတဲ့ စစ်ကောင်စီရဲ့ တပ်တွေဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ၅ နှစ်အရွယ် လူမမယ် မူကြိုကလေးများပါ ရှိနေတဲ့ စစ်ကိုင်းတိုင်းအတွင်းက စာသင်ကျောင်းတစ်ကျောင်းကို စစ်သုံးရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာမှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်မှာ စစ်ကောင်စီတိုက်ခိုက်ရေး ရဟတ်ယာဉ်ရဲ့ စက်သေနတ်နဲ့ ပစ်ခတ်မှုကြောင့် စာသင်ကျောင်းဟာ မွမွကြေလုနီးပါး ဖြစ်ပြီး ကလေးငယ်များအပါအဝင် လူ ၁၂ ဦး သေဆုံးခဲ့ပါသေးတယ်။

MK-010

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖြူးမြို့အနီး ဘန်းလောင်းကျေးရွာကို စစ်တပ် လေကြောင်းက ဗုံးကြဲလို့ နေအိမ် ၆ လုံးပျက်စီး

ကရင်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ မူး (မုန်း) မြို့နယ်၊ ဖြူးမြို့ အနီးက
မြန်မာ့နွေဦး

“ ကရင်နီတံခါး” ကမ်ပိန်း ပြည်သူတွေ ဝိုင်းဝန်းကူညီပေးဖို့ ဖယ်ခုံ PDF မေတ္တာရပ်ခံ

ရှမ်းတောင် အခြေစိုက် ဖယ်ခုံ PDF နဲ့ မိုးဗြဲ PDF အပါအဝင် တော်လှန်ရေး အင်အားစုတွေ ပူးပေါင်းပြုလုပ်တဲ့ "ကရင်နီတံခါး"

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင် တပ်ရင်း ၃ ခု ပူးပေါင်းပြီး “၁၃ မျဉ်းစောင်း မအလ ဂျောင်း” ဒရုန်း ကမ်းပိန်း ပြုလုပ်

ရှမ်းပြည်နယ် တောင်ပိုင်း အခြေစိုက် တော်လှန်ရေး တပ်ရင်း ၃ ခု ပူးပေါင်းပြီး ဒရုန်း ဝယ်ယူနိုင်ဖို့ အတွက် “၁၃ မျဉ်းစောင်း မအလ ဂျောင်း” ကမ်ပိန်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း မြန်မာ့နွေဦး

မယ်စဲ့မြို့နယ်က ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်သား ၂၀ သေပြီး လက်နက်ခဲယမ်း အများအပြားရ

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ထဲကနေ နိုဝင်ဘာ ၂၅ ရက်က ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်ကို ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ လိုက်လံ တိုက်ခိုက်ရာ စစ်သား ၂၀ ခန့်သေပြီး တစ်ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ကရင်နီ စစ်ဖက်ဆိုင်ရာ ပြန်ကြားရေးက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရွှေပြည်အေးမြို့ကို သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ယောက်ဖမ်းမိပြီး လက်နက်တွေ ရ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲမှာပါတဲ့ ရွှေပြည်အေးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်အများအပြားကို သိမ်းမိတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပင်းတယမှာ လူငယ်တွေကို စက်ပြင်နဲ့ ကာယသင်တန်း ဗန်းပြပြီး ပျူစောထီးသင်တန်းပေးဖို့ ကြိုးစားပေမယ့် မအောင်မြင်

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်မှာ စစ်ကောင်စီက လူငယ်တွေကို စက်ပြင်နဲ့ ကာယသင်တန်း ဗန်းပြပြီး ပျူစောထီး သင်တန်းပေး အင်အားစုဆောင်းဖို့ ကြိုးစားပေမယ့် တက်ရောက်သူ နည်းပါးလို့ မအောင်မြင်ခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

နွေဦးဘဏ်အစုရှယ်ယာရောင်းချမှု ၁၀ ရက်အတွင်း ကန်ဒေါ်လာ ၁၀ သန်းဖိုး ရောင်းချရ

နွေဦးဘဏ်အစုရှယ်ယာများကို ရောင်းချရာ အမေရိကန်ဒေါ်လာ ၁၀ သန်းဖိုး အထိ ရောင်းချနိုင်ခဲ့တယ်လို့ နွေဦးဘဏ်က ထုတ်ပြန်ကြေညာထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လက်နက်တွေနဲ့ အလင်းဝင်လာသူ ရဲတပ်သားတွေကို ADPRA ဆုကြေး​ငွေ ချီးမြှင့်

စစ်ကိုင်းတိုင်း၊ ကနီနဲ့ မင်းကင်းမြို့နယ်တွင်းက အလင်းဝင်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ၃ ဦးကို ဆုငွေတွေချီးမြှင့်ပေးခဲ့တယ်လို့ Anti – Dictatorship People Revolution’s Army က ဒီနေ့ နိုဝင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now