မြန်မာ့နွေဦး

မိုဆိုလူသတ်သမား ရှမ်းဝန်ကြီးချုပ်လာလို့ တာချီလိတ်က လမ်းဘေးဆိုင်တွေ ၃ ရက်ပိတ်ရ

မဲခေါင် 18 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၁၈ စစ်ကောင်စီက အသစ်ခန့်လိုက်တဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး တာချီလိတ်ကို လာတာကြောင်း ဖေဖော်ဝါရီလ ၁၈ ရက် ဒီနေ့ကစပြီး လမ်းဘေးမှာယာယီဖွင့်တဲ့ဆိုင်ခန်းတွေအာလုံး ပိတ်ခိုင်းထားတယ်လို့ စုံစမ်းသိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၈

စစ်ကောင်စီက အသစ်ခန့်လိုက်တဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး တာချီလိတ်ကို လာတာကြောင်း ဖေဖော်ဝါရီလ ၁၈ ရက် ဒီနေ့ကစပြီး လမ်းဘေးမှာယာယီဖွင့်တဲ့ဆိုင်ခန်းတွေအာလုံး ပိတ်ခိုင်းထားတယ်လို့ စုံစမ်းသိရပါတယ်။

စစ်ကောင်စီအသစ်ခန့်ထားတဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟာ အမှတ် ၁ တံတားပြန်ဖွင့်ဖို့ စစ်ဆေးဖို့ ကိစ္စအပါအဝင် တခြားကိစ္စတွေနဲ့ တာချီလိတ်ကို လာရောက်တာဖြစ်ပြီး ဘယ်နှစ်ရက်နေမယ်ဆိုတာ မသိရဘူးလို့ သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

“အရင် ဝန်ကြီးချုပ်လာတုန်းကလည်း ပိတ်ရတယ်။ အခုလည်း ဒီအတိုင်းပဲပေါ့။ ဝန်ကြီးချုပ်တွေကလည်း တာချီလိတ်ဆို ခဏခဏလာတယ်လေ” လို့ သူက ပြောပါတယ်။

ပိတ်ရမယ့်ဆိုင်ခန်းတွေထဲမှာ ရှမ်းရိုးမကွင်းပတ်ချာလည်က ဆိုင်ခန်းတွေ၊ ဗိုလ်ချုပ်လမ်းမပေါ်ကဆိုင်ခန်းတွေနဲ့ အမှတ် ၁ တံတားနဲ့ အမှတ် ၂ တံတားနားက ဆိုင်ခန်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် အသစ်ခန့်လိုက်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေးဟာ စစ်အာဏာသိမ်း ၂ နှစ် ကာလအတွင်း ရှမ်းပြည်နယ် တစ်ခုလုံးနဲ့ ကရင်နီပြည် ပါဝင်တဲ့ အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့ပြီး တော်လှန်လူငယ်တွေကို ရက်ရက်စက်စက် ဖြိုခွင်းခဲ့ပြီး အရပ်သားတွေကို နှိပ်စက်သက်ဖြတ်ရာမှာ အဓိက တာဝန်ရှိသူ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်က ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းပြီး အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ရွာသား အယောက် ၄၀ ကို လက်ပြန်ကြိုးတုပ် ဖမ်းဆီး မီးရှို့သတ်ဖြတ်ခဲ့တဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့သူ ဖြစ်ပါတယ်။

MK – 004

#MeKongNews

#တာချီလိတ်

#ရှမ်းရိုးမကွင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ကောင်စီက MNDAA ဆီ အရာရှိတွေအပါအဝင် ၃၁၇ ဦး လက်နက်ချခဲ့လို့ MNDAA ဆို

ရှမ်းမြောက် လားရှိုးတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က အရာရှိတွေအပါအဝင် ၃၁၇ ဦး လက်နက်ချအလင်းဝင်လာတယ်လို့ ဇူလိုင်လ ၂၁ ရက် မနက်ပိုင်းက MNDAA
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုး က ခလရ-၆၈ တပ် ကို MNDAA တပ်တွေ သိမ်းပိုက်

ရှမ်းမြောက်၊ လားရှိုးမြို့က ခံစစ် တပ်တစ်တပ်ဖြစ်တဲ့ ခလရ-၆၈ ကို ဒီနေ့မနက် ပိုင်းမှာ MNDAA က သိမ်းပိုက်လိုက်လိုက်နိုင်ပြီလို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆည်ခေါင်းမှာ စစ်ဘေးရှောင်တွေကို ဖုန်းတွေ သိမ်းဆည်းပြီး အမျိုးသမီးတွေကို ကာယအိန္ဒြေပျက်စီးတဲ့အထိ စစ်ဆေးနေ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားမြို့အနီး၊ ဆည်ခေါင်းကျေးရွာမှာ စစ်ဘေးရှောင်တွေကို ဖုန်းနဲ့ ငွေကြေးတွေ သိမ်းဆည်းပြီး အမျိုးသမီးတွေကိုလည်း ကာယအိန္ဒြေပျက်စီးတဲ့အထိ စစ်ဆေးနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆိုင်ကယ်မောင်းနှင်လာတဲ့ ကျောက်မဲဒေသခံ ၄ ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်သတ်

ရှမ်းမြောက်၊ ကျောက်မဲမြို့မှာ ဆိုင်ကယ် ၂ စီးနဲ့ မောင်းနှင်လာတဲ့ ဒေသခံ ၄ ဦးကို စစ်ကောင်စီရဲ့ လုံခြုံရေးတပ်သားတွေက မေးမြန်းတားဆီးမှုမရှိဘဲ သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ TNLA က ဒီနေ့ ဇူလိုင် ၂၃ မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်ပြီး စစ်ဘေးရှောင်တွေ တိုးလာလို့ စံကားမြို့က ကူညီကယ်ဆယ်ရေး အခက်အခဲ ဖြစ်လာ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားမြို့ အနီးတဝိုက်မှာ တိုက်ပွဲပြင်းထန်ပြီး ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေမှာ စစ်ဘေးရှောင်တွေ တိုးလာတဲ့အတွက် အခက်အခဲတွေဖြစ်လာနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ဘေးရှောင်တွေကို ကားသမားအယောင်ဆောင် ငွေလိမ်လည်မှုတွေ ကြုံနေရ

ရှမ်းမြောက်က စစ်ဘေးရှောင်တွေကို ကားသမားအယောင်ဆောင်ပြီး ကားခ လိမ်ညာယူမှုတွေ၊ စျေးညှိသဘောတူပြီးမှ ငွေပိုပေးတဲ့သူနောက်ကို လိုက်သွားတာတွေ၊ ပြောတဲ့စျေးနဲ့တင်လာပြီးမှ လမ်းခရီးမှာစျေးပိုတောင်းတာတွေကြောင့် စစ်ဘေးရှောင်ဒုက္ခအပေါ် ကိုယ်စိတ်ဒုက္ခတွေ ထပ်မံရရှိမှုတွေ ဖြစ်စေနေတယ်လို့ ယင်းဒုက္ခတွေကို တွေ့ကြုံခံစားခဲ့ရတဲ့ ကာယကံရှင်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မင်းအောင်လှိုင် ယာယီ သမ္မတ လုပ်မယ်

မဲခေါင်၊ ဇူလိုင် ၂၂ ကျန်းမာရေးမကောင်းတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ရာထူးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီနေ့မှာ လွှဲပြောင်းရယူလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆေးခွင့်ယူထားတဲ့ ယာယီသမ္မတရဲ့ တာဝန်တွေကို စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်ဆီကို လွှဲပေးတဲ့အကြောင်း ဒီညမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

နောင်ချိုမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူတစ်ယောက် သေဆုံး

မဲခေါင်၊ ဇူလိုင် ၂၂ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသန်း ပစ်ခတ်မှုကြောင့် ကံကြီးကျေးရွာနေ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) က ထုတ်ပြန်လာပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့ မနက်ပိုင်းမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now