မဲခေါင်၊ ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်မှာ ကျပ်သန်း ၂,၆၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ပုံတပ်ကျေးရွာက ဦးအားချာ ဆိုသူနေအိမ်ကို ဝင်ရောက်ရှာဖွေ စစ်ဆေးရာ မူးယစ်ဆေးနဲ့ လက်နက်တွေ ဖမ်းမိခဲ့တာလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
အဲဒီနေအိမ်က ကာလတန်ဖို့ ကျပ်သန်း ၂,၆၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၆၅ သိန်း၊ ပွိုင့် ၂၂ သေနတ် ၄ လက်၊ M-16 သေနတ် တစ်လက်၊ ပြောင်းချော သေနတ် ၂ လက်၊ M-16 ကျည် ၂၂ တောင့်၊ ပွိုင့် ၂၂ ကျည်အိမ် ၃ ခု၊ AK ကျည် ၅ တောင့်၊ M-16 ကျည်အိမ် ၁၃ ခု ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါးတွေနဲ့ အတူ အမျိုးသမီး ၂ ဦးကို ဖမ်းဆီးရမိပြီး စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ နယ်မြေရှင်းလင်းစဉ် မိုင်းဆတ်မြို့နယ်အတွင်း စစ်တပ်နဲ့ “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်-UWSA ပူးပေါင်း အဖွဲ့က ကျပ် ၃ ဘီလီယံခန့် တန်ဖိုးရှိ လက်နက်ခဲယမ်းနဲ့ စိတ်ကြွဆေးပြား ၆၇ သိန်းကျော်၊ ဘိန်းစိမ်း၊ ကဖင်း စတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိခဲ့တယ်လို့ စစ်ကင်စီက ထုတ်ပြန်ထားပါတယ်။
#MeKongNews
#မူးယစ်ဆေးဝါး #UWSA #မိုင်းဆတ်မြို့နယ်


