မြန်မာ့နွေဦး

မိုင်းခတ်၊ ဟွေမဲ(အောက်ရွာ)မှာ ထွေအုပ်က နှင်လွှတ်လို့ တစ်နှစ်ကျော်ကြာတဲ့အထိ ဓမ္မဆရာ မရှိဖြစ်နေ

မဲခေါင် 23 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၂၃ ငါးကန်မှာ ပူဇော်ထားတဲ့ နတ်စင်ကို သိမ်းလိုက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ နှစ်ခြင်းခရစ်ယာန်ဓမ္မဆရာကို နှင်ထုတ်လိုက်တာကြောင့် ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းခတ်မြို့နယ်ထဲက ဟွေမဲအာခါ(အောက်ရွာ)မှာ ဓမ္မဆရာမရှိတာ တစ်နှစ်ကျော်ပြီလို့ ဒေသခံတွေထံကနေ သိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၃

ငါးကန်မှာ ပူဇော်ထားတဲ့ နတ်စင်ကို သိမ်းလိုက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ နှစ်ခြင်းခရစ်ယာန်ဓမ္မဆရာကို နှင်ထုတ်လိုက်တာကြောင့် ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းခတ်မြို့နယ်ထဲက ဟွေမဲအာခါ(အောက်ရွာ)မှာ ဓမ္မဆရာမရှိတာ တစ်နှစ်ကျော်ပြီလို့ ဒေသခံတွေထံကနေ သိရပါတယ်။

ကျိုင်းတုံ – မိုင်းခတ်လမ်း၊ လွယ်မီးတောင်နားမှာရှိတဲ့ ဟွေမဲအာခါ(အောက်ရွာ)နားမှာ သဘာဝအတိုင်းဖြစ်နေတဲ့ ရေကန်တစ်ကန်ရှိပြီး ကျေးရွာသားတွေ နှစ်စဉ်ငါးမွေးလေ့ရှိကြောင်း၊ အဲဒီကန်နားမှာ နတ်ပူဇော်ထားတယ်လို့ယူဆရတဲ့ နတ်စင်ကို သိမ်းလိုက်တာကြောင့် နှစ်ခြင်းဓမ္မဆရာကို မိုင်းခတ်ထွေအုပ်က ညတွင်းချင်းနှင်ထုတ်လိုက်တာဖြစ်ကြောင်း ကျေးရွာနဲ့နီးစပ်သူတစ်ဦးက မဲခေါင်ကို ပြောပါတယ်။

“နတ်စင်က ဟိုးအရင်နှစ်တွေက လာမလုပ်ပြီး၊ မနှစ်က ဒီအချိန်လောက်မှာ လာလုပ်တာ။ အဲဒီရွာမှာ ဗုဒ္ဓဘာသာလည်းဘူး။ တော်တော်လှမ်းတဲ့နေရာမှာမှ ရှမ်းဗုဒ္ဓဘာသာရွာရှိတာ။ အဲဒါနဲ့ ဓမ္မဆရာကလည်း နတ်စင်ကို ဖြုတ်သိမ်းလိုက်တာပေ့ါ” လို့ သူက ပြောပါတယ်။

အဲဒီလိုဖြုတ်သိမ်းလိုက်တဲ့နေ့မှာပဲ မိုင်းခတ်မှာရှိတဲ့ ဗုဒ္ဓဘာသာဘုန်းကြီးက သိသွားပြီး မိုင်းခတ်ထွေအုပ်ကို အကြောင်းကြားကာ မိုင်းခတ်ထွေအုပ်က ညတွင်းချင်း ဓမ္မဆရာကို ပြန်ခိုင်းလိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ထွေအုပ်က ပြန်ခိုင်းတာဆိုတော့လည်း ဓမ္မဆရာအနေနဲ့ ဘာပြောရဲမှာလည်း ပြန်ရတာပေ့ါ။ အဲဒီကတည်းကစပြီး ရွာမှာ ရွာမှာ အခုအချိန်အထိ ဓမ္မဆရာမရှိတော့ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဟွေမဲအာခါ(အောက်ရွာ)ဟာ အရင်က မိရိုးဖလားနတ်ကိုးကွယ်သူတွေဖြစ်ပြီး နောက်ပိုင်းမှာ ခရစ်ယာန်ဘာသာဝင်တွေ အဖြစ်ကူးပြောင်းယုံကြည်သက်ဝင်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုမျိုးဖြစ်နေပေမယ့် ခရစ်ယာန်ဘာသာဝင်တွေအနေနဲ့ ဘယ်သူ့ကို သွားအကူအညီတောင်းရမယ်မသိတဲ့ အခြေအနေမျိုးဖြစ်နေတယ်လို့ ရှမ်းအရှေ့က ခရစ်ယာန်ဓမ္မဆရာတစ်ဦးက ပြောပါတယ်။

“ဒီလိုဖြစ်တာ ဘယ်သူ့ကိုတိုင်ရမလဲမသိဘူး။ (အကြီးအကဲပိုင်းမှာ) ခရစ်ယာန်လူကြီးလဲမရှိဘူးလေ။ ကျနော်တို့(ခရစ်ယာန်ဘာသာဝင်)တွေက ဒုတိယနိုင်ငံသား(Second Citizen) လိုဖြစ်နေတယ်”လို့ သူက ပြောပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဟာ ရှမ်း၊ အာခါ၊ လားဟူ၊ ဗမာ၊ ကချင် အပါအဝင် တိုင်းရင်းသားလူမျိုးစုငယ်များစွာနေထိုင်ရာဒေသဖြစ်ပြီး ကိုးကွယ်မှုပိုင်းမှာလည်း ဗုဒ္ဓဘာသာ၊ ခရစ်ယာဘာသာ၊ ရိုးရာကိုးကွယ်မှုအပါအဝင် ဘာသာကိုးကွယ်မှုစုံလင်ရာဒေသလည်းဖြစ်ပါတယ်။

#MeKongNews
#ရှမ်းအရှေ့
#ဟွေမဲအာခါ
#ဓမ္မဆရာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

၂၀၂၀ ခုနှစ် တက္ကသိုလ်ပထမနှစ် CDM ကျောင်းသားတွေ မြန်မာ့နွေဦးတက္ကသိုလ်မှာ ကျောင်းဆက်တက်နိုင်ပြီ

မဲခေါင်၊ မတ် ၂၀ ၂၀၂၀ ခုနှစ် တက်လက်စ Second Semester ကျန်နေတဲ့ CDM ကျောင်းသားတွေ အတွက်
မြန်မာ့နွေဦး

ညောင်လေးပင်ခရိုင်မှာ ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင်၊ မတ် ၂၀ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်ကုန်း တံတားအနီး ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ ခရီးသည် ၃
မြန်မာ့နွေဦး

စစ်တပ်နဲ့မပေါင်းဖို့ ဦးအောင်ခမ်းထီ နဲ့ PNO ခေါင်းဆောင်တွေကို တက္ကသိုလ်ကျောင်းသားတွေ ဆုံးမအကြံပြု

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျောက်တလုံးကြီးဒေသ အခြေစိုက် ပြည်သူ့စစ် အသွင်ပြောင်း PNA/PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ အနေနဲ့ ကိုယ်ကျိုး အတွက် ပြည်သူကို အသုံးချ အမြတ်ထုတ်နေတဲ့ ခေါင်းဆောင် အဖြစ်
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် နမ့်ဖါမူဘုရားတောင်နဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲထားလို့ ဒေသခံတွေ ထိတ်လန့်

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖါမူကျေးရွာ ဘုရားတောင်စေတီနဲ့ စာသင်ကျောင်းအတွင်း စစ်ကောင်စီ တပ်စွဲထားလို့ ကြောက်ရွံ့ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ် တနီးလာလဲတိုက်ပွဲမှာ စစ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်းတွေရ

မဲခေါင်၊ မတ် ၂၀ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော်-KA ပူးပေါင်း တပ်ဖွဲ့တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပဲွဲ ပြင်းထန်ပြီး စစ်သား ၅
မြန်မာ့နွေဦး

သာကေတ မ.ဘ.သ ပျူစောထီး တင်လင်းထိုက် အဖွဲ့က ပြည်သူ ၂ ဦးကိုပစ်သတ်

မဲခေါင်၊ မတ် ၂၀ ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ
မြန်မာ့နွေဦး

စစ်ကောင်စီကိုဖားနေတဲ့ အမည်ခံအနုပညာရှင်တွေနဲ့ ကုန်ပစ္စည်းမကြော်ငြာဖို့ ရှမ်းမြောက် လုပ်ငန်းရှင်တွေကို သတိပေး

မဲခေါင်၊ မတ် ၂၀ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖားယားနေတဲ့ အနုအပညာရှင် အမည်ခံတွေနဲ့ ကုန်ပစ္စည်း ကြော်ငြာတာတွေ မလုပ်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းက စီးပွားရေး လုပ်ငန်းရှင်တွေကို မူဆယ်ဗျူဟာ- Tactic of
မြန်မာ့နွေဦး

ယင်းမာပင်-ကနီ နယ်စပ်မှာ လက်နက်ကြီး ရမ်းကားပစ်ခတ်နေတဲ့ စစ်ကြောင်းကို သတိထားဖို့ WGPDF သတိပေး

မဲ‌ခေါင်၊ မတ် ၁၉ စစ်ကိုင်း-ကနီ နယ်စပ်မှာ လက်နက်ကြီးတွေ ရမ်းကား ပစ်ခတ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူတွေ သတိထားကြဖို့ ဝက်ပါ ပြောက်ကျားတပ်ဖွဲ့- WGPDF က ဒီကနေ့ သတိပေး လိုက်ပါတယ်။