မြန်မာ့နွေဦး

မိုချားမုန်တိုင်းရဲ့ ပြင်းအားနဲ့ဖျက်ဆီးနိုင်စွမ်း မေလ ၉ ရက်မှသာ အတည်ပြုနိုင်မယ်လို့ဆို

မဲခေါင် 6 May - 2023
မဲခေါင်၊ မေ ၆ ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မိုချား မုန်တိုင်းဟာ မေလ ၉ ရက် ညပိုင်းမှသာ တည်ငြိမ်မှာဖြစ်လို့ မုန်တိုင်းရဲ့ ပြင်းအားနဲ့ ဖျက်ဆီးနိုင်စွမ်းကို အတည်ပြုနိုင်မယ်လို့ မိုးသေဝသ ပညာရှင် ဦးဝင်းနိုင်က ဒီကနေ့ မေလ ၆ ရက်မှာ မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ မေ ၆

ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မိုချား မုန်တိုင်းဟာ မေလ ၉ ရက် ညပိုင်းမှသာ တည်ငြိမ်မှာဖြစ်လို့ မုန်တိုင်းရဲ့ ပြင်းအားနဲ့ ဖျက်ဆီးနိုင်စွမ်းကို အတည်ပြုနိုင်မယ်လို့ မိုးသေဝသ ပညာရှင် ဦးဝင်းနိုင်က ဒီကနေ့ မေလ ၆ ရက်မှာ မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မိုးချား မုန်တိုင်းဟာ မြန်မာနိုင်ငံ ကမ်းရိုးတန်း တစ်လျှောက်ကို ဝင်လာနိုင်လို့ ပြည်သူတွေ ပြင်ဆင်ချိန်ရအောင် မိုးလေဝသ အခြေအနေတွေကို သုံးသပ် တင်ပြနေတာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

“သေချာတာက မြန်မာနိုင်ငံ ကမ်းရိုးတန်း တစ်နေရာကို ဝင်မယ်။ ဒီလို ဝင်ရောက်လာမှုကြောင့် နိုင်ငံတစ်ဝန်း ထိခိုက်ဆုံးရှုံး မှုတွေကတော့ ရှိလာနိုင်တယ်။ မုန်တိုင်း လွတ်တဲ့ နေရာဆိုလို့ ကချင်ပြည်နယ် ဟိုးအဖျားလေးပဲ ရှိတယ်။ ကျန်တဲ့ နေရာတွေကတော့ အနည်းနဲ့ အများ သက်‌ရောက်မှုဒဏ်ကို ခံရပါမယ်။ လေဖိအားနည်း ရပ်ဝန်းဖြစ်ပြီး မုန်တိုင်းရဲ့ အရှိန်နဲ့ လမ်းကြောင်းက မေလ ၉ ရက် ည ၁၁ ကျော်လောက်မှ တည်ငြိမ်ပြီး မုန်တိုင်းရဲ့ အရှိန် ဝင်ရောက်နိုင်မှု လမ်းကြောင်းကို အတည်ပြုနိုင်မယ်။ ပြောမယ်ဆို ၁၀ ရက်နေ့လောက်မှ ပြည်သူတွေ သိရမှာ ဆိုတော့ အဲအချိန်ဆို ပြင်ဆင်ဖို့ကို အချိန်မရှိတော့ဘူး” လို့ သူကပြောပါတယ်။

ကြိုတင် ပြင်ဆင်ချိန်နည်းလို့ ပင်လယ်လုပ်သားတွေ၊ ကမ်းရိုးတန်းမှာ နေထိုင်သူတွေနဲ့ စစ်ရှောင် ပြည်သူတွေ ပြင်ဆင်လို့ရအောင် အချိန်နဲ့ တပြေးညီ မိုးလေဝသ ခန့်မှန်းချက်တွေ ထုတ်ပြန်ပေးနေတာ ဖြစ်တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

“လက်ရှိမှာ ပင်လယ်ထဲမှာ လုပ်သားတွေက သောင်းသိန်းချီရှိတာ ဆိုတော့ သူတို့ကို အချိန်မီ ပြန်လာနိုင်အောင် မိုးလေဝသ ခန့်မှန်းချက်တွေ ထုတ်ပြန်ပေးနေတာပါ။ အခုလည်း ပင်လယ်ထဲကနေ တော်တော်များများ ပြန်လာနေကြပါပြီ။ နောက်တစ်ချက်က ကမ်းရိုးတန်းတွေမှာ နေထိုင်တဲ့သူတွေနဲ့ စစ်ရှောင် ပြည်သူတွေပေါ့။ မိုချား မုန်တိုင်းရဲ့ လမ်းကြောင်းကတော့ ကမ်းရိုးတန်း တစ်နေရာကို ဝင်ကိုဝင်မှာ ဆိုတော့ ကြိုပြီး ပြင်ဆင်လို့ရအောင်ပါ” လို့ သူကပြောပါတယ်။

မုန်တိုင်းဟာ မြန်မာ့ ကမ်းရိုးတန်း ဒေသတွေနဲ့ နီးစပ်တဲ့ မွန်၊ ကရင်၊ ပဲခူး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်းတွေမှာ သက်ရောက်မှု ရှိမှာဖြစ်ပြီး နိုင်ငံတစ်ဝန်း မိုးကြီးတာ၊ လေပြင်း တိုက်ခိုက်တာတွေ ဖြစ်လာနိုင်လို့ ပြည်သူတွေ အထူး ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ဦးဝင်းနိုင်က သုံးသပ်ပြောဆိုပါတယ်။

MK-007

#MeKongNews

#မိုချား

#ဘင်္ဂလားပင်လယ်အော်

#မြန်မာ့ကမ်းရိုးတန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ