မြန်မာ့နွေဦး

မယ်စလောင်းတောင် စစ်တပ်စခန်းကုန်းကို ကရင်နီတပ် သိမ်းပိုက်၊ စစ်သားအလောင်း ၅ လောင်းနဲ့ လက်နက်တွေ သိမ်းဆည်းရမိ

မဲခေါင် 21 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၁ စစ်ကောင်စီ တပ်စွဲထားတဲ့ မယ်စလောင်းတောင် စခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား အလောင်း ၅ လောင်းနဲ့ လက်နက်တွေ သိမ်းဆည်းရမိတယ်လို့ KNDF ဗဟို သတင်းနဲ့ ပြန်ကြားရေးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၁

စစ်ကောင်စီ တပ်စွဲထားတဲ့ မယ်စလောင်းတောင် စခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား အလောင်း ၅ လောင်းနဲ့ လက်နက်တွေ သိမ်းဆည်းရမိတယ်လို့ KNDF ဗဟို သတင်းနဲ့ ပြန်ကြားရေးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာ အနီးရှိ မယ်စလောင်း တောင်ကုန်းပေါ်မှာ အခိုင်အမာ တပ်ချထားတဲ့ စစ်တပ်စခန်းကို မနေ့က မနက် ၇ နာရီ ၅၀ မိနစ်မှစပြီး Karenni Commando၊ KA၊ KNDF B(15)၊ KNDF B(16)၊ KNDF B (09)၊ Loikaw PDF၊ DMO PDF တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာပါ။

မနက် ၉ နာရီခွဲအထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ကရင်နီ ပူးပေါင်းတပ်ဖွဲ့ မယ်စလောင်းတောင် စခန်းကုန်းကို ချေမှုန်း သိမ်းပိုက်နိုင်ကာ စခန်းအတွင်း စစ်သား ၅ ဦးရဲ့ ရုပ်အလောင်းတွေကို ရှင်းလင်းခဲ့ရပြီး ကျန်တပ်ဖွဲ့ဝင်တွေ စခန်းကို စွန့်ခွာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

စခန်းသိမ်း တိုက်ပွဲ အတွင်း စစ်တပ်က တိုက်လေယာဉ် တစ်စီးနဲ့ ၃ ကြိမ် လာရောက် ပစ်ကူပေးခဲ့သလို ဘောလခဲမြို့ အခြေစိုက်တပ်တွေကလည်း လက်နက်ကြီးတွေ အဆမတန် ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအပြီး စစ်ကောင်စီတပ်ဖွဲ့တွေ အသုံးပြုခဲ့တဲ့ ၆၀ မမ စိန်ပြောင်း ၂ လက်၊ RPG တစ်လက်၊ MA-1 တစ်လက်၊ MA -2 တစ်လက်၊ MA-3 တစ်လက်၊ MA-4 79 တွဲ တစ်လက်၊ 9mm တစ်လက်၊ ငါကြင်းမြီး တစ်လက်၊ စနိုက်ပါ တစ်လက်၊ မိုင်းတွေ၊ ခဲယမ်းကျည်ဆံတွေနဲ့ အခြား အသုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

မယ်စလောင်းတောင် တိုက်ပွဲအတွင်း ကရင်နီတပ်မတော်-KA ရဲဘော် တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး ကျဆုံးသွားတဲ့ ရဲဘော်ကို KNDF မှ အာဇာနည် သူရဲကောင်းအဖြစ် လေးစား အသိမှတ်ပြု သမိုင်း မှတ်တမ်းတင်ထားပါတယ်။

ဘောလခဲမြို့နယ်အတွင်း စစ်ရေးအရ အရေးပါပြီး နှစ်ပေါင်းများစွာ အခိုင်အမာ တပ်ချကာ ခြေကုပ်ယူထားတဲ့ စစ်ကောင်စီရဲ့ မယ်စလောင်းတောင် စခန်းကုန်းကို ချေမှုန်း သိမ်းပိုက်နေစဉ် KA ၊ KNDF B (21 ၊ KNDF B (10)၊ ဘောလခဲ PDF တို့က ဘောလခဲမြို့တွင်းရှိ စစ်ကောင်စီရဲ့ ခြေကုပ်စခန်း အချို့ကို တိုက်ခိုက်ခဲ့ရာ ထိခိုက် သေဆုံးမှုကို အတည်မပြုနိုင်ဘဲ ပူးပေါင်းတပ်တွေဘက်က ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ပင်လောင်းနဲ့ ဖယ်ခုံမှာ တိုက်ပွဲဝင်နေတဲ့ ရွာငံ အခြေစိုက် ချိုးဖြူတော်လှန်ရေးအင်အားစုရဲ့ ပုံရိပ်မှတ်တမ်း

မဲခေါင်၊ ဇွန် ၉ ရှမ်း-ကရင်နီ နယ်စပ် ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲဝင်နေတဲ့ ပုံရိပ် မှတ်တမ်းတွေကို ရွာငံ အခြေစိုက်
မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို ဇွန်လ ၇ ရက်နေ့၊ ည ၉ နာရီ ၂၅ မိနစ်
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ