မြန်မာ့နွေဦး

မန္တလေးမြို့က ပုဂ္ဂလိကဆေးရုံ ၅ ခု ပိတ်ဖို့ စစ်ကောင်စီ အမိန့်ထုတ်

မဲခေါင် 28 Dec - 2022
မန္တလေးမြို့ရှိ ပုဂ္ဂလိက ဆေးရုံ ၅ ခုကို စစ်ကောင်စီက ပိတ်ခိုင်းခဲ့တာကြောင့် လူနာတွေ ဒုက္ခရောက်နေတယ်လို့ ဆရာဝန် အသိုင်းအဝိုင်းမှ သိရပါတယ်။

ပုဂ္ဂလိ‌က ဆေးရုံတွေဖြစ်တဲ့ မြို့တော်ဆေးရုံ၊ နန်းတော်ဆေးရုံ၊ ထက်နေလင်းဆေးရုံ၊ ကံ့ကော်ဆေးရုံ၊ စိန်ပန်းဆေးရုံ အစရှိတဲ့ ဆေးရုံ‌ တွေကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ကာ အနည်းဆုံး ၄ လ ပိတ်ဖို့ စစ်တပ်က အမိန့်ပေးခဲ့တာလို့ သိရပါတယ်။

အဲဒီ ဆေးရုံတွေဟာ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဆရာဝန်ကြီးတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေကို လက်ခံလို့ ဆိုပြီး အခုလို ပိတ်ခိုင်းတာ ဖြစ်တယ်လို့ ဆရာဝန်တစ်ဦးက ပြောပါတယ်။

ဒါကြောင့် အရေးပေါ်လူနာ အသစ်တွေကို ဝမ်းနည်းစွာနဲ့ လက်မခံနိုင်တော့တဲ့အကြောင်း အဲဒီ ဆေးရုံတွေက ငြင်းဆိုနေတယ်လို့ ကနဦး သိရှိရပါတယ်။

အဲဒါတော့ သေချာတယ် ပြောတယ်။ အဓိကက CDM တွေကို နှိပ်ကွပ်ချင်တာပါ။ မနေ့က အတွင်းလူနာတွေကို မပိတ်ခံရတဲ့ ပုဂ္ဂလိက ဆေးရုံတွေကို ရွှေ့နေတယ်။ ပြင်ပလူနာတွေလည်း မနေ့က စပြီး လက်မခံတော့ဘူး။ ဝန်ထမ်းတွေလည်း အလုပ်လက်မဲ့ဖြစ်ကုန်လို့ ငိုနေကြတယ်ကြားတယ် 

လို့ ဆရာဝန်တစ်ဦးက ပြောပါတယ်။

ထက်နေလင်းဆေးရုံကတော့ လိုင်စင် မရှိသေးတာကြောင့် ပိတ်သိမ်းတာဖြစ်ပြီး ကျန်တဲ့ ဆေးရုံတွေကတော့ CDM ဆရာဝန်တွေ ကို လက်ခံ ဆေးကုသခွင့် ပေးခဲ့တာကြောင့် ပိတ်ခိုင်းတာလို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၄ ရက်က မြို့တော်ဆေးရုံမှ ဆရာဝန် တစ်ဦးကို စစ်တပ်က သေနတ်ထောက် ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာ ၂၅ ရက်နေ့မှာ နန်းတော်ဆေးရုံမှ တာဝန်ကျ ဆရာဝန် ၂ ဦးကို စစ်တပ်က လူနာယောင်ဆောင်ကာ အဓမ္မ ဖမ်းဆီးခဲ့ပြီးနောက် အခုလို ဆေးရုံတွေ ပိတ်သိမ်းခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂ လအတွင်း မန္တလေးမှာ အခြားဆရာဝန်တွေ၊ အထူးကုဆရာဝန်တွေ၊ သူနာပြုတွေ၊ ဆေးဝါးကျွမ်းကျင် ပညာရှင်တွေ စုစုပေါင်း ၁၀ ဦးထက်မနည်းကို စစ်ကောင်စီက ဆက်တိုက် ဖမ်းဆီးခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု-CDM မှာ အစောဆုံး ပါဝင်ခဲ့တဲ့ ဆရာဝန် ၅၅၇ ဦးကို စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ထားပါတယ်။

ဒ့ါအပြင် စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ ဆေးကောင်စီကလည်း ဆေးကုသခွင့်လိုင်စင်-ဆမ လက်မှတ်ကို တစ်နှစ်တိတိ ရုပ်သိမ်းလိုက်တယ်လို့ ကြေညာထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ပင်လောင်းနဲ့ ဖယ်ခုံမှာ တိုက်ပွဲဝင်နေတဲ့ ရွာငံ အခြေစိုက် ချိုးဖြူတော်လှန်ရေးအင်အားစုရဲ့ ပုံရိပ်မှတ်တမ်း

မဲခေါင်၊ ဇွန် ၉ ရှမ်း-ကရင်နီ နယ်စပ် ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲဝင်နေတဲ့ ပုံရိပ် မှတ်တမ်းတွေကို ရွာငံ အခြေစိုက်
မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို ဇွန်လ ၇ ရက်နေ့၊ ည ၉ နာရီ ၂၅ မိနစ်
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ