မြန်မာ့နွေဦး

မင်းလှမြို့နယ်မှာ PDF စခန်းတည်နေရာတွေ စစ်ကောင်စီထံ သတင်းပေးခဲ့တဲ့ ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ

မဲခေါင် 14 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၁၄ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာအုပ်စု၊ ကျွန်းကုန်း‌‌ကျေးရွာမှ ရာအိမ်မှူး ဦးစိုးနိုင်ကို နန်းထိုက်အောင်စစ်ဆင်ရေး အဖြစ် ပစ်ခတ်ရှင်းလင်း ခဲ့တယ်လို့ Bago Region PDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၄

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာအုပ်စု၊ ကျွန်းကုန်း‌‌ကျေးရွာမှ ရာအိမ်မှူး ဦးစိုးနိုင်ကို နန်းထိုက်အောင်စစ်ဆင်ရေး အဖြစ် ပစ်ခတ်ရှင်းလင်း ခဲ့တယ်လို့ Bago Region PDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မနေ့က မနက် ၈ နာရီ ၁၅ မိနစ်မှာ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ သာယာဝတီဂဠုန်တပ်ဖွဲ့တို့ ပူးပေါင်းပြီး သေနတ်နဲ့ ၂ ချက် ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့မှာ စစ်ကောင်စီက ပဲခူးရိုးမ အတွင်းရှိ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စခန်းကို စီးနင်း တိုက်ခိုက်ခဲ့ရာ စခန်းဆုံးရှုံးခဲ့ရပြီး မင်းလှ PDF တပ်ခွဲမှူး ရဲဘော်ရိုးမ ကျဆုံးခဲ့ရတဲ့ ဖြစ်စဉ်မှာ ဦးစိုးနိုင် က စခန်းတည်နေရာကို သတင်းပေးပို့ခဲ့တယ်လို့ သိရပါတယ်။

သူဟာ စစ်ကောင်စီ လက်အောက်ခံ ရာအိမ်မှူးဖြစ်တဲ့အပြင် စစ်ကောင်စီနဲ့ ပူးပေါင်းကာ သစ်ခိုးထုတ်တာ၊ ကျေးရွာနေ ပြည်သူတွေကို ခြိမ်းခြောက်ဆဲဆို ကြိမ်းမောင်းတာ၊ အာဏာပြပြီး အမျိုးမျိုး ဖိနှိပ်တာ‌ တွေကို ဆက်လက် ကျူးလွန်လျက်ရှိတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။

အဲဒီ စစ်ဆင်ရေးမှာ ရာအိမ်မှူးဦးစိုးနိုင် နေရာမှာ ‌‌ သေဆုံးသွားခဲ့ပြီး သူထံမှ လက်ကိုင်ဖုန်း တစ်လုံးနဲ့ ငွေသား ၁၃၅,၀၀ဝိ ကျပ် သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

သိမ်းဆည်းရရှိတဲ့ လက်ကိုင်ဖုန်းအတွင်းမှ စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေကို ဆက်လက် အတည်ပြုနေပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်‌တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ Bago Region PDF က ထုတ်ပြန်ထားပါတယ်။

MK-003
#MeKongNews
#မင်းလှမြို့နယ်
# Bago-Region-PDF
#ရဲဘော်ရိုးမ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှာ ကျည်ဆံဖိုးတစ်အိမ် ၅သောင်း PNO အဓမ္မကောက်

မဲခေါင် ၊ မတ် ၃၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ကျည်ဆံဖိုး
မြန်မာ့နွေဦး

ရှမ်း-ကရင်နီနယ်စပ် စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးလို့ ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့

မဲခေါင်၊ မတ် ၃၀ ရှမ်း-ကရင်နီ နယ်စပ် နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူတွေ တနေ့တခြား
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် စစ်ဘေးရှောင်စခန်းတွေမှာ ဖျားနာသူများနေလို့ ဆေးဝါးကုသမှု အကူအညီတွေ လိုအပ်နေ

မဲခေါင်၊ မတ် ၂၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် စစ်ဘေးရှောင် စခန်းတွေမှာ စစ်ဘေးရှောင် ပြည်သူ အများအပြား ဖျားနာနေလို့ ကုသရေးနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
မြန်မာ့နွေဦး

PDF တွေကိုပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ပြတ်သားတော့မယ်လို့ စစ်ခေါင်းဆောင်ပြော

မဲခေါင်၊ မတ် ၂၇ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ PDF တွေကို ပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO တွေရဲ့ အကြမ်းဖက်မှုတွေ လုံးဝ ရပ်ဆိုင်းသွားအောင် ပြတ်ပြတ်သားသား လုပ်မယ်လို့
မြန်မာ့နွေဦး

တာဝန်ယူမှုမရှိတဲ့ ပြည်သူ့ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူဖို့ NUG ကို အိတ်ဖွင့်စာပို့

မဲခေါင်၊ မတ် ၂၆ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ပြည်သူ့ ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူပေးဖို့ အချက် ၇ ချက် ပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို မတ်လ ၂၄ ရက်နေ့က NUG
မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်လို့ ထိုင်း-မြန်မာနယ်စပ် မြဝတီ ကုန်သွယ်ရေးရပ်ဆိုင်း၊ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်

မဲခေါင်၊ မတ် ၂၅ ကရင်ပြည်နယ်၊ မြဝတီ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းကာ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်တယ်လို့ ‌နယ်စပ် ကုန်သည်တွေက ပြောပါတယ်။
မြန်မာ့နွေဦး

လားရှိုးမှာ လမ်းတွေ့တဲ့မိုင်း ကောက်သွားရာက ယာတဲအရောက် ပေါက်ကွဲလို့ လူ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာပြင်းထန်

မဲခေါင်၊ မတ် ၂၃ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခုန်စုမ်ရွာသား ၄ ဦးဟာ မပေါက်ကွဲသေးတဲ့ မိုင်းကို ကောက်သွားရာက ယာတဲ အရာက်မှ မိုင်းပေါက်ကွဲတာကြောင့် ၂ ဦး သေဆုံးပြီး ၂ ဦး
မြန်မာ့နွေဦး

မင်းတေဇညွန့်တင် စစ်ကောင်စီအတွက် ဘာတွေလုပ်ပေးခဲ့လဲ

မဲခေါင်၊ မတ် ၂၄ အာဏာသိမ်းစစ်တပ် ထပ်ပိုင်းခေါင်းဆောင် အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ဦးမင်းတေဇညွန့်တင်ကို သန်လျင်မြို့နယ်ထဲမှာ ဒီနေ့နေ့လည် တစ်နာရီလောက်က Urban Owls မြို့ပြပြောက်ကျားအဖွဲ့က ရှင်းလင်းလိုက်ပါတယ်။