မြန်မာ့နွေဦး

မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲမှုကော်မတီရုံး ဗုံးကြဲတိုက်ခိုက်ခံရပြီး အဖွဲ့ဝင်အားလုံး ထိခိုက်ဒဏ်ရာရ

မဲခေါင် 25 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၅ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲမှု ကော်မတီ ယာယီရုံးကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ တစ်ဖွဲ့လုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကော်မတီက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၅

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲမှု ကော်မတီ ယာယီရုံးကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ တစ်ဖွဲ့လုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကော်မတီက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၃ ရက်က မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲမှု ကော်မတီရဲ့ ယာယီအထိုင်ရုံး ဖြစ်တဲ့ ပလိပ်ထွီ ဘုန်းကြီးကျောင်း အဆောက်အဦပေါ်ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။

“အဖွဲ့ဝင်များ အားလုံးဟာ စစ်ဘေးရှောင်များ ဖြစ်ကြပြီး မင်းတပ်မြို့နယ်ထဲက စစ်ရှောင်တွေကို ကူညီထောက်ပံ့ နေတာ ဖြစ်ပါတယ်။ လေယာဉ်ဗုံးကြောင့် တစ်ဖွဲ့လုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ အဖွဲ့ဝင် ၂ ယောက်မှာ ပြင်းထန်ဒဏ်ရာ မစိုးရိမ်ရ အခြေအနေပါ” လို့ ကော်မတီ တာဝန်ရှိသူက ပြောပါတယ်။

ဗုံးကြဲမှုကြောင့် ငွေသား သိန်းသုံးဆယ်၊ ရုံးသုံး Computer တစ်လုံး၊ Solar ၃ ချပ်၊ Hymon Jeep ကား တစ်စီး ၊ Battery ၄ လုံး၊ ဖုန်း ၂ လုံး၊ Printer တစ်လုံး၊ ဆိုင်ကယ် ၂ စီး၊ ခြုံစောင်တွေနဲ့ အခြား လူသုံးကုန်ပစ္စည်း အားလုံးနီပါး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ တစ်ဖွဲ့လုံး ရှောင်တိမ်းပြီး ဆေးကုသနေရကြောင်းနဲ့ စစ်ဘေးရှောင်တွေ အတွက် အထောက်အပံ့ ရရှိရေး၊ ရိက္ခာဖြန့်ချိရေး လုပ်ငန်းတွေကို ပြန်လည် ဆောင်ရွက်သွားမယ်လို့လည်း အသိပေးထားပါတယ်။

မင်းတပ်မှာ စစ်ကောင်စီက ဒီရက်ပိုင်း အတွင်း လေကြောင်းရော လက်နက်ကြီးတွေနဲ့ပါ တရစပ် ပစ်ခတ်နေပြီး ဖုန်းလိုင်းတွေလည်း ဖြတ်တောက်ထားတာကြောင့် ပြည်သူတွေ ဗုံးခိုကျင်း တူးကြဖို့လည်း ဒေသ ကာကွယ်‌ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

လက်ရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲတွေ ဖြစ်ပွားနေတယ် လို့လည်း သိရပါတယ်။

ဓာတ်ပုံ-မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲမှု ကော်မတီ။
MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီခန့်ရှမ်းပြည်နယ်စစ်ဝန်ကြီးချုပ် (သို့) မိုဆိုလူသတ်သမား

အာဏာသိမ်း ၂ နှစ်ပြည့်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်ကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့
မြန်မာ့နွေဦး

ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့လက်တွဲဖို့ SSPP ဆုံးဖြတ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲသွားမယ်လို့ ရှမ်းတော်လှန်ရေး အင်အားစု ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP
မြန်မာ့နွေဦး

ဟုမ္မလင်းမှာ ရဟတ်ယာဉ်တစ်စီးကို PDF ပစ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ NUG က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ထပ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ် ထပ်ချလိုက်တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။
မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က စတင် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။