မြန်မာ့နွေဦး

မကွေးတိုင်းက စစ်ရေးပစ်မှတ် ၁၉ ခုကို တပြိုင်တည်းတိုက်ခိုက်ရာ စစ်သား ၃၁ ဦးသေဆုံးလို့ MOD ထုတ်ပြန်

မဲခေါင် 15 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၁၅ မကွေးတိုင်း အတွင်းရှိ စစ်ရေး ပစ်မှတ် ၁၉ ခုကို တပြိုင်တည်း တိုက်ခိုက်ခဲ့ရာ စစ်သား ၃၁ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၅

မကွေးတိုင်း အတွင်းရှိ စစ်ရေး ပစ်မှတ် ၁၉ ခုကို တပြိုင်တည်း တိုက်ခိုက်ခဲ့ရာ စစ်သား ၃၁ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။

သရက်မြို့နယ်၊ မကွေးမြို့နယ်၊ စလင်းမြို့နယ်၊ ဆိပ်ဖြူမြို့နယ်၊ ပေါက်မြို့နယ်၊ ရေစကြို မြို့နယ်၊ ဆောမြို့နယ်၊ ထီးလင်းမြို့နယ်၊ ဂန့်ဂေါမြို့နယ်တို့ရှိ စစ်သား‌တွေ တပ်စွဲထားရာ နေရာတွေကို မဟာဗျူဟာ ကျကျ တိုက်ခိုက်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ စစ်ရေး ပစ်မှတ်တွေကို အမှတ် (၁) စစ်ဒေသ၊ သက်ဆိုင်ရာ ခရိုင်ကွပ်ကဲရေးအဖွဲ့တွေရဲ့ ကွပ်ကဲမှုနဲ့ မဟာဗျူဟာကျကျ ဟန်ချက်ညီညီ တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပြီး တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်သား ၃၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်သား အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်တပ်ရဲ့ ပင်မ အဆောက်အအုံတွေ၊ ဘားတိုက်တွေ ပျက်စီးကာ ကား၊ လက်နက်ငယ်‌၊ ကျည်ဆံနဲ့ စစ်အသုံးအဆောင်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခဲ့တဲ့ စစ်ရေး ပစ်မှတ်တွေမှာ သရက်မြို့နယ်ရှိ အမှတ် (၁၂) ကာကွယ်ရေး ပစ္စည်းစက်ရုံ၊ ရေမျက်နီ ရဲစခန်း၊ မကွေးမြို့နယ်ရှိ မကွေးလေတပ်စခန်း ဌာနချုပ်၊ စလင်းမြို့နယ်ရှိ ခလရ (၂၅၃)၊ (၂၅၄)၊ (၂၅၅)၊ ကံပြားရဲစခန်း၊ ဆိပ်ဖြူမြို့နယ်ရှိ လေကြောင်းရန် ကာကွယ်ရေး တပ်မ (၉)၊ အမှတ် (၂၁) ကာကွယ်ရေးပစ္စည်း စက်ရုံ အနီးရှိ ရန်သူ့ကင်းပုန်းစခန်း၊ အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ၊ ပေါက်မြို့နယ်ရှိ ကိုင်းလယ်ရဲစခန်း၊ ပခုက္ကူမြို့နယ် စီးကောင်းရွာ ရန်သူ့အထိုင်စခန်း၊ ရေစကြိုမြို့နယ် ဇီးတောရွာ အခြေစိုက် ပျူစောထီးစခန်း၊ ဆောမြို့နယ်ရှိ အမှတ် (၂၅) ကာကွယ်ရေးပစ္စည်းစက်ရုံ၊ လောင်းရှည်ရဲစခန်းကုန်း၊ ညောင်နီချောင်း ရဲစခန်းကုန်း၊ ယွန်းချောင်း၊ စက်တော်ရာကုန်း၊ မီးသတ်ကုန်း၊ ထီးလင်းမြို့ စစ်တပ် တပ်စွဲထားတဲ့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းတို့ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေး တပ်မတော် သရက်ခရိုင် တပ်ရင်းတွေ၊ မကွေးခရိုင် တပ်ရင်း‌တွေ၊ မင်းဘူးခရိုင်တပ်ရင်းတွေ၊ ပခုက္ကူခရိုင်တပ်ရင်းတွေ၊ ဂန့်ဂေါခရိုင်တပ်ရင်းတွေ၊ စစ်ကိုင်းခရိုင်တပ် ရင်းတွေ၊ မြင်းခြံခရိုင်တပ်ရင်းတွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ရေနံချောင်း၊ မင်းဘူး၊ ပွင့်ဖြူ၊ ထီးလင်း၊ ဆိပ်ဖြူမြို့နယ် ဘာမထီအဖွဲ့နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

MK-003

#MeKongNews

#မကွေးတိုင်း #MOD #စစ်ရေးပစ်မှတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

တာချီလိတ်-မယ်ဆိုင်နယ်စပ် လေထုအရည်အသွေး အဆိုးဆုံး အခြေအနေရောက်နေ

မဲခေါင်၊ မတ် ၂၄ ရှမ်းအရှေ့ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်စပ်မှာ လေထုအရည်အသွေးဆိုးရွားမှုဟာ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမှာ ၅ရက်အတွင်း PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ၂ကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ရွာသားတွေထဲက ဆန်တွေလု

ကြာအင်းဆိပ်ပြီးမြို့နယ်ထဲမှာ မတ် ၁၆ရက်ကနေ ၂၁ရက်နေ့အထိ ၅ရက်တာအတွင်း နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F၊ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ
မြန်မာ့နွေဦး

ကြည့်မြင်တိုင်မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီး

မဲခေါင်၊ မတ်လ ၂၃ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မယ်ဇလီပင်လမ်း အောက်ထောင့်နဲ့ ကမ်းနားလမ်းမပေါ်ရှိ ကြည့်မြင်တိုင် မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ် ၁၂ နာရီခန့်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက် ခံခဲ့ရတယ်လို့ ဒေသခံ
မြန်မာ့နွေဦး

ဒီးမော့ဆို ဒေါတမကြီးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နေပြည်တော် PDF ရဲဘော်တစ်ဦး ကျဆုံး

မဲခေါင်၊ မတ် ၂၃ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးမှာ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း နေပြည်တော် PDF ရဲဘော် တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-နေပြည်တော်က ဒီကနေ့ အသိပေးလိုက်ပါတယ်။
မြန်မာ့နွေဦး

ရဲမှူးချုပ်အပါအဝင် ၄ ဦးသေတယ်ဆိုတဲ့သတင်း မှားယွင်းတယ်လို့ မုံရွာမြို့ခံတွေပြော

မဲခေါင်၊ မတ် ၂၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မင်းအောင်လှိုင် ပါတယ်လို့ ယူဆရတဲ့ စစ်ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက မတ်လ ၂၀ ရက်က မိုင်းဆွဲ တိုက်ခိုက်ရာ ရဲမှူးချုပ် အပါအဝင် ၄
မြန်မာ့နွေဦး

အဆင့်မြင့်ပညာ ခြေလှမ်းသစ် နွေဦးတက္ကသိုလ် အကောင်အထည်ဖော်

မဲခေါင်၊ မတ် ၂၃ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့ ကျောင်းသူ ကျောင်းသူတွေ အတွက် အဆင့်မြင့်ပညာ ခြေလမ်းသစ် တစ်ခု အကောင်အထည်ဖော် လိုက်တယ်လို့ နွေဦးတက္ကသိုလ်က ကြေညာ လိုက်ပါတယ်။
မြန်မာ့နွေဦး

ဗိုလ်တထောင် ရေကြောင်းရဲရုံးရှေ့ လက်လုပ်ဗုံးတွေ့လို့ စစ်တပ်ကဖောက်ခွဲပြီး ဧည့်စာရင်းဝင်စစ်

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းမိသားစု ရပ်ကွက်၊ ကမ်းနား ကွန်ကရစ်လမ်းပေါ်ရှိ ရေကြောင်းရဲတပ်ဖွဲ့ရုံးရှေ့မှာ စစ်တပ်က လက်လုပ်ဗုံး ရှာတွေ့လို့ ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အခက်ခဲကြားက တအာင်းစာပေသင်ကြားတဲ့ ကျောင်းပေါင်း ၄၀၀ ကျော်ဖွင့်လှစ်

မဲခေါင်၊ မတ် ၂၃ စစ်ကောင်စီ အုပ်စိုးခဲ့တဲ့ ခေတ်အဆက်ဆက် သင်ကြားခွင့် မရခဲ့တဲ့ တအာင်း စာပေကို လက်ရှိ ကိုယ်ပိုင် ပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်နေဆဲ ကာလမို့ ရုန်းကန်နေရတယ်လို့ တအာင်း ပညာရေး ကော်မတီ-TNEC တာဝန်ရှိသူတွေက