မြန်မာ့နွေဦး

ဘောလခဲ တိုက်ပွဲမှာ စစ်သား ၃ ဦးသေ ၁၀ ဦးထက်မနည်း ဒဏ်ရာရပြီး စစ်ကောင်စီတပ်က ပြည်သူ ၇ ဦးကို ဖမ်းသွား

မဲခေါင် 19 Mar - 2023
မဲခေါင်၊ မတ် ၁၉ ကရင်နီပြည်၊ ဘောလခဲမြို့နယ်၊ ရေနီပေါက်ကျေးရွာ ကြိုးတံတားကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ မတ်လ ၁၆ ရက်က တိုက်ပွဲ ဖြစ်ပွားရာ စစ်သား ၃ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ အလယ်ပိုင်းတိုင်း ဒီးမော့ဆို အမှတ် (၁၁၀၂) တပ်ရင်းက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ မတ် ၁၉

ကရင်နီပြည်၊ ဘောလခဲမြို့နယ်၊ ရေနီပေါက်ကျေးရွာ ကြိုးတံတားကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ မတ်လ ၁၆ ရက်က တိုက်ပွဲ ဖြစ်ပွားရာ စစ်သား ၃ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ အလယ်ပိုင်းတိုင်း ဒီးမော့ဆို အမှတ် (၁၁၀၂) တပ်ရင်းက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

‌‌ရေနီပေါက်ကျေးရွာ၊ ကြိုးတံတားကနေ မတ်လ ၁၆ ရက် မနက်ပိုင်းမှာ အင်အား ၁၂၀ ခန့်ရှိတဲ့ စစ်တပ် စစ်ကြောင်း ထိုးစစ်ဆင်လာတာကြောင့် ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရေနီပေါက်ကျေးရွာ အတွင်းက ပြည်သူ နေအိမ် အများအပြား မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူ ၄ ဦး လက်နက်ကြီး ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

၂ နာရီ ဝန်းကျင်ကြာ တိုက်ပွဲအပြီး အထိနာတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာနေ ပြည်သူ ၇ ဦးကို ဓားစာခံ အနေနဲ့ ဖမ်းဆီး ခေါ်‌ေဆောင်သွားရာ ဒီကနေ့ထိ သတင်း ပျောက်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ကျေးရွာတွေ အတွင်းက ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်လေ့ ရှိတာကြောင့် ဖမ်းဆီးခံ ပြည်သူ ၇ ဦးရဲ့ မိသားစုဝင်တွေက စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။

အဆိုပါ တိုက်ပွဲကို အလယ်ပိုင်းတိုင်း စစ်ဒေသ အမှတ် (၃) ပြည်သူ့ကာကွယ်ရေး တပ်မတော် ဒီးမော့ဆို (၁၁၀၂) တပ်ရင်း DMO-PDF (P3-1102)၊ အလယ်ပိုင်းတိုင်း အမှတ် (၁၁၀၁)၊ (၁၁၀၄)၊ (၁၁၀၆)၊ (၁၁၀၇)၊ (၁၁၀၈) တပ်ရင်းနဲ့ KNDF B0-21 တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်တပ်ဘက်က ထိခိုက်ကျဆုံးမှု မရှိဘူးလို့ ဖော်ပြထားပါတယ်။

MK-007

#MeKongNews

#ဘောလခဲ

#ကြိုးတံတား

#DMO-PDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

တာချီလိတ်-မယ်ဆိုင်နယ်စပ် လေထုအရည်အသွေး အဆိုးဆုံး အခြေအနေရောက်နေ

မဲခေါင်၊ မတ် ၂၄ ရှမ်းအရှေ့ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်စပ်မှာ လေထုအရည်အသွေးဆိုးရွားမှုဟာ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမှာ ၅ရက်အတွင်း PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ၂ကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ရွာသားတွေထဲက ဆန်တွေလု

ကြာအင်းဆိပ်ပြီးမြို့နယ်ထဲမှာ မတ် ၁၆ရက်ကနေ ၂၁ရက်နေ့အထိ ၅ရက်တာအတွင်း နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F၊ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ
မြန်မာ့နွေဦး

ကြည့်မြင်တိုင်မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီး

မဲခေါင်၊ မတ်လ ၂၃ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မယ်ဇလီပင်လမ်း အောက်ထောင့်နဲ့ ကမ်းနားလမ်းမပေါ်ရှိ ကြည့်မြင်တိုင် မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ် ၁၂ နာရီခန့်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက် ခံခဲ့ရတယ်လို့ ဒေသခံ
မြန်မာ့နွေဦး

ဒီးမော့ဆို ဒေါတမကြီးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နေပြည်တော် PDF ရဲဘော်တစ်ဦး ကျဆုံး

မဲခေါင်၊ မတ် ၂၃ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးမှာ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း နေပြည်တော် PDF ရဲဘော် တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-နေပြည်တော်က ဒီကနေ့ အသိပေးလိုက်ပါတယ်။
မြန်မာ့နွေဦး

ရဲမှူးချုပ်အပါအဝင် ၄ ဦးသေတယ်ဆိုတဲ့သတင်း မှားယွင်းတယ်လို့ မုံရွာမြို့ခံတွေပြော

မဲခေါင်၊ မတ် ၂၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မင်းအောင်လှိုင် ပါတယ်လို့ ယူဆရတဲ့ စစ်ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက မတ်လ ၂၀ ရက်က မိုင်းဆွဲ တိုက်ခိုက်ရာ ရဲမှူးချုပ် အပါအဝင် ၄
မြန်မာ့နွေဦး

အဆင့်မြင့်ပညာ ခြေလှမ်းသစ် နွေဦးတက္ကသိုလ် အကောင်အထည်ဖော်

မဲခေါင်၊ မတ် ၂၃ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့ ကျောင်းသူ ကျောင်းသူတွေ အတွက် အဆင့်မြင့်ပညာ ခြေလမ်းသစ် တစ်ခု အကောင်အထည်ဖော် လိုက်တယ်လို့ နွေဦးတက္ကသိုလ်က ကြေညာ လိုက်ပါတယ်။
မြန်မာ့နွေဦး

ဗိုလ်တထောင် ရေကြောင်းရဲရုံးရှေ့ လက်လုပ်ဗုံးတွေ့လို့ စစ်တပ်ကဖောက်ခွဲပြီး ဧည့်စာရင်းဝင်စစ်

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းမိသားစု ရပ်ကွက်၊ ကမ်းနား ကွန်ကရစ်လမ်းပေါ်ရှိ ရေကြောင်းရဲတပ်ဖွဲ့ရုံးရှေ့မှာ စစ်တပ်က လက်လုပ်ဗုံး ရှာတွေ့လို့ ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အခက်ခဲကြားက တအာင်းစာပေသင်ကြားတဲ့ ကျောင်းပေါင်း ၄၀၀ ကျော်ဖွင့်လှစ်

မဲခေါင်၊ မတ် ၂၃ စစ်ကောင်စီ အုပ်စိုးခဲ့တဲ့ ခေတ်အဆက်ဆက် သင်ကြားခွင့် မရခဲ့တဲ့ တအာင်း စာပေကို လက်ရှိ ကိုယ်ပိုင် ပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်နေဆဲ ကာလမို့ ရုန်းကန်နေရတယ်လို့ တအာင်း ပညာရေး ကော်မတီ-TNEC တာဝန်ရှိသူတွေက