မြန်မာ့နွေဦး

ဘောလခဲမြို့ကို PDF ပူးပေါင်းတပ် စီးနင်းတိုက်ခိုက်၊ စစ်သား ၇ ဦးသေပြီး စစ်မှုထမ်းဟောင်းရုံး မီးလောင်

မဲခေါင် 3 May - 2023
မဲခေါင်၊ မေ ၃ ကရင်နီပြည်၊ ဘောလခဲမြို့မှာ စစ်ကောင်စီတပ်ဖွဲတွေ နေရာယူထားတဲ့ စစ်မှုထမ်းဟောင်းရုံး၊ လ.ဝ.က ရုံး၊ မြို့မရဲစခန်းနဲ့ ရုပ်/သံလွှင့်ဌာန တို့ကို မေလ ၁ ရက်နေ့မှာ ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-BPDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ မေ ၃

ကရင်နီပြည်၊ ဘောလခဲမြို့မှာ စစ်ကောင်စီတပ်ဖွဲတွေ နေရာယူထားတဲ့ စစ်မှုထမ်းဟောင်းရုံး၊ လ.ဝ.က ရုံး၊ မြို့မရဲစခန်းနဲ့ ရုပ်/သံလွှင့်ဌာန တို့ကို မေလ ၁ ရက်နေ့မှာ ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-BPDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မေလ ၁ ရက်နေ့၊ မနက် ၅ နာရီ ဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲ စတင်ဖြစ်ပွားရာ အချိန် ၂ နာရီကျော ်ကြာမြင့်ခဲ့ပြီး မနက် ၇ နာရီ ဝန်းကျင်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည် ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စီးနင်း တိုက်ခိုက်မှု အတွင်း စစ်မှုထမ်းဟောင်းရုံးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး လ.ဝ.က ရုံးကို ဝင်ရောက် ရှင်းလင်းချိန် စစ်ကောင်စီရဲ့ အမှတ် (၄၃၀) တပ်ရင်းက စစ်ကူတွေ ရောက်လာတာကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ BPDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးပြီး ၁၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် လူနာတွေကို စစ်ရဟတ်ယာဉ်နဲ့ လာရောက် သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

တိုက်ပါအြတွင်း ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်မတော်-BPDF အမှတ် (၁၁၀၅) တပ်ရင်းက ရဲဘော် ၂ ဦး ကျဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဘောလခဲမြို့တွင်း တိုက်ပွဲအပြီး စစ်ကောင်စီတပ်ထံက G4 တစ်လက်၊ AK 22 တစ်လက်၊ G4 ကျည်ဘောက် ၆ ဘောက်၊ AK ကျည်ဘောက် ၃ ဘောက်၊ လက်ပစ်ဗုံး တစ်လုံးနဲ့ ကျည်ဆံတချို့ သိမ်းဆည်း ရမိခဲ့တယ်လို့ ဘောလခဲ PDF က ဓာတ်ပုံတွေနဲ့ တကွ ထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

အဆိုပါ ဘောလခဲမြို့တွင်း စီးနင်း တိုက်ပွဲကို ဘောလခဲ ပြည်သူကာကွယ်ရေးတပ်ဖွဲ့-BPDF အမှတ် (၁၁၀၅) တပ်ရင်းနဲ့ ဖားဆောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-PPDF အမှတ် (၁၁၀၈) တပ်ရင်းတို့ ပါဝင်တဲ့ ဘောလခဲခရိုင် ပူးပေါင်း ဗျူဟာ စစ်ကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

MK-009
#MeKongNews
#ဘောလခဲမြို့
#PDF
#စစ်မှုထမ်းဟောင်းရုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု