မြန်မာ့နွေဦး

ဘီးလင်းမြို့ ခလရ(၈)၊ ခမရ(၃)၊ ထွေအုပ်ရုံးနဲ့ ရဲစခန်း ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး တစ်ဦး သေဆုံးကာ ဒဏ်ရာပြင်းထန်သူတွေရှိ

မဲခေါင် 19 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၉ မွန်ပြည်နယ်၊ ဘီးလင်းမြို့ရှိ ခလရ (၈) တပ်ရင်း၊ ခမရ (၃) တပ်ရင်း၊ ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး စစ်သားတစ်ဦး သေဆုံးကာ ဒဏ်ရာ အပြင်းအထန်ရသူတွေ ရှိတယ်လို့ Hawk Revolutionary Squad -HRS က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၉

မွန်ပြည်နယ်၊ ဘီးလင်းမြို့ရှိ ခလရ (၈) တပ်ရင်း၊ ခမရ (၃) တပ်ရင်း၊ ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး စစ်သားတစ်ဦး သေဆုံးကာ ဒဏ်ရာ အပြင်းအထန်ရသူတွေ ရှိတယ်လို့ Hawk Revolutionary Squad -HRS က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မနေ့က မနက် ၁၀ နာရီ ၅၈ မိနစ်မှာ ဘီးလင်းမြို့မရဲစခန်းနဲ့ ထွေအုပ်ရုံး တို့ကို Hawk Revolutionary Squad-HRS နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့မှ ၆၀ မမ ဗုံးသီးတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ရဲစခန်းကို ဗုံးသီး ၃ လုံး၊ ထွေအုပ်ရုံးကို ဗုံးသီး တစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗုံးသီး စုစုပေါင်း ၄ လုံး ပစ်မှတ် တိကျစွာ ထိမှန်ပေါက်ကွဲ ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဘက်က လက်နက်ငယ်‌၊ လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုမှာ ရဲစခန်းမှ ရဲ ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ကားတစ်စီး ပျက်စီးကာ ထွေအုပ်ရုံးမှာမူ အဆောက်အဦ ထိခိုက်ပျက်စီးသွားတာကို ကနဦး သိရတယ်လို့ ဆိုပါတယ်။

နေ့လယ် ၁၂ နာရီမှာတော့ ဘီးလင်းမြို့‌တွင်း စစ်ကောင်စီရဲ့ ခလရ (၈) တပ်ရင်းကို ပူးပေါင်းတပ်မှ ဗုံးသီး ၄ လုံးနဲ့ တိုက်ခိုက်ခဲ့ရာ တပ်ရင်းဝန်း အတွင်းသို့ ဗုံးသီးအားလုံး ထိမှန်ပေါက်ကွဲ ခဲ့တယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် ပူး‌ပေါင်း တပ်ဖွဲ့မှ ၄၀ မမ ၂ လုံးနဲ့ ပြန်လည် ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ ခလရ (၈) တပ်ရင်း အတွင်းမှ စစ်‌ကောင်စီတပ်သား တစ်ဦး သေဆုံးပြီး အခြား ထိခိုက်ဒဏ်ရာ ရသူတွေ ရှိတယ်လို့ သိရပါတယ်။

ညနေ ၅ နာရီခွဲမှာတော့ ဘီးလင်းမြို့ ကဇိုင်းဆည် အနီးရှိ စစ်ကောင်စီ ခမရ (၃) တပ်ရင်းကို ပူးပေါင်းတပ်ဖွဲ့မှ ဗုံးသီး ၃ လုံးနဲ့ တိုက်ခိုက်ခဲ့ရာ တပ်ရင်းအတွင်း အစည်းအဝေး ပြုလုပ်ချိန်မှာ ဗုံးသီးတွေ ထိမှန်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ များပြားတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် ရှေ့တန်း ထွက်ရမယ့် အရာခံ ဗိုလ် ၃ ဦး အပါအဝင် ၈ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိကာ ဒဏ်ရာရရှိသူ‌ တွေကို တပ်ရင်း အတွင်း ဆေးကု‌ပေးနေတယ်လို့ ကနဦး သတင်းရရှိထားပြီး အမှန်တကယ် ထ်ခိုက်ဒဏ်ရာရသူ အ‌ရေအတွက် ပိုမို များပြားနိုင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုတွေကို မြေပြင်သတင်းရင်းမြစ်‌တွေ၊ တပ်တွင်းမှ သတင်းပေးချက်တွေနဲ့ အတည်ပြုထားတာလို့ Hawk Revolutionary Squad-HRS က ထုတ်ပြန်ထားပါတယ်။

Aerial Bomb တွေ ဆက်လက်ထုတ်လုပ်နိုင်ဖို့ နဲ့ Missions တွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ခက်ခဲ နေတာကြောင့် ပြည်သူတွေ အနေနဲ့ အားထည့် ကူညီပေးကြဖို့လည်း HRS အဖွဲ့တာဝန်ခံက မေတ္တာရပ်ခံ ထားပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မုန်းမြို့တိုက်ပွဲပြန် တော်လှန်ရေးအင်အားစုတွေကို ပြည်သူတွေကြိုဆို

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသအခြေစိုက်စစ်တပ်စခန်းတွေကိုတိုက်ခိုက်အောင်မြင်ခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေကို ဒေသခံတွေက ပန်းကုံးစွပ်ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့သိရပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းမှ တပ်ကြပ်ကြီးစာရေး ၁ ဦး ကရင်မှာ အလင်းဝင်

မြိတ်မြို့အခြေစိုက် အမှတ် (၉၁၈) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ တပ်ကြပ်ကြီးစာရေး ၁ ဦးဟာ ကရင်ပြည်နယ်အတွင်းက ကျားသစ်နက်စစ်ကြောင်းထံကို ဒီဇင်ဘာ ၇ ရက်နေ့မှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ခမရ-၅၉၀ စခန်းသိမ်းပွဲ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် တပ်မိသားစုဝင် မိခင်သေဆုံးပြီး လသားအရွယ်ကလေးငယ်ကို PDF ကယ်တင်

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ စစ်ကောင်စီ ခမရ ၅၉၀ တပ်ကို KNLA နဲ့ PDF ပူးပေါင်းသိမ်းပိုက်မှုမှာ စစ်တပ်ကလေကြာင်းက ပစ်ခဲ့တာကြောင့် တပ်မိသားစုဝင် မိခင်တစ်ဦးသေဆုံးပြီး လသားအရွယ် ကလေးငယ်ကို PDF တွေက ကယ်တင်ခဲ့ရတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မုန်းမြို့ပေါ်ကို စစ်ကောင်စီဗုံးကြဲလို့ ပြည်သူ ၆ သောင်းကျော် စစ်ရှောင်နေရ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ပေါ်ရှိ စစ်ရေးပစ်မှတ်မဟုတ်တဲ့ လူနေရပ်ကွက်တွေကို လေကြောင်းက ဗုံးကြဲနေတာကြောင့် စစ်ဘေးရှောင်တဲ့ပြည်သူ သောင်းနဲ့ချီပြီး ရှိနေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မုန်းမြို့တိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာဆေးကုသပေး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ပေါ်က စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်မှုအတွင်း ဖမ်းမိတဲ့သုံ့ပန်းနဲ့ လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဆေးကုသပေးထားပြီး ကောင်းမွန်စွာထားရှိတယ်လို့ NUG စစ်ဒေသ အမှတ် (၂) တော်ဝင်ဒေါင်းစစ်ကြောင်းက ထုတ်ပြန်အသိပေးပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီကို စက်သုံးဆီဖြတ်တောက်ဖို့ ရှမ်းတောင်က ဆီဆိုင်တွေကို စစ်ကောင်စီ ဖိအားပေး

စစ်ရေးပြင်းထန်နေတဲ့ ကရင်နီပြည်နယ်ဘက်ကို စက်သုံးဆီ ဖြတ်တောက်ဖို့ စစ်ကောင်စီက ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဓာတ်ဆီဆိုင်တွေကို ဆီအလုံအလောက်မချပေးတဲ့အပြင် ဂါလံပုံး၊ ပေပါလိုက်ရောင်းချတာတွေကိုပါ တားမြစ်ထားထားတယ်လို့ ဆီလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိမ်းပိုက်ထားတဲ့ ကောလင်းမြို့မှာ ဝန်ထမ်း ၉၈ ယောက် အလင်းဝင်တယ်လို့ NUG ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်း ၉၈ ယောက် အလင်းဝင်တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသည်အထိ တိုက်ပွဲဝင်ဖို့ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေ သစ္စာရေသောက်

မွန်ပြည်နယ်အတွင်းမှာ အခြေစိုက်ပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြတဲ့ တော်လှန်ရေးမဟာမိတ်အင်အားစု ၇ ဖွဲ့ဟာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းတဲ့အထိ တိုက်ပွဲဝင်ဖို့အပါအဝင် အချက် ၄ ချက်ကို တိုင်တည်ပြီး သစ္စာရေသောက် အဓိဌာန်ပြုခဲ့ကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now