မြန်မာ့နွေဦး

ဘီလူးချောင်းရေ မြင့်တက်လာလို့ စစ်ရှောင် ၁,၅၀၀ ၀န်းကျင် အရေးပေါ် ရွှေ့ပြောင်းရ၊ အကူအညီတွေ လိုအပ်နေ

မဲခေါင် 19 Oct - 2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲဒေသမှာ ဘီလူးချောင်းရေ မြင့်တက်လာလို့ စစ်ရှောင် ၁,၅၀၀ ၀န်းကျင်ဟာ မနေ့ကစပြီး နေရာပြောင်းရွှေ့နေရကာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ မိုးဗြဲ စစ်ရှောင် တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲဒေသမှာ ဘီလူးချောင်းရေ မြင့်တက်လာလို့ စစ်ရှောင် ၁,၅၀၀ ၀န်းကျင်ဟာ မနေ့ကစပြီး နေရာပြောင်းရွှေ့နေရကာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ မိုးဗြဲ စစ်ရှောင် တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်းမှာ မိုးဆက်တိုက် ရွာသွန်းပြီး အင်းလေးကန်နဲ့ ဆက်စပ်နေတဲ့ မိုးဗြဲ ရေကာတာက ရေလွှတ်ချမှုကြောင့် အခုလို ဘီလူးချောင်းရေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

“ရေက မိုးရွာကတည်းက တက်လို့ အိမ်တွေထဲ ၀င်နေပြီ။ ရေကာတာက ရေလွှတ်နေတော့ ပိုဆိုးတာပေါ့။ အခုဆို ရေက ခေါင်မိုးကပ်တော့မယ်။ ဘယ်လိုမှ နေလို့ကို မရတော့ ပြောင်းရပြီပေါ့ရှင်” လို့ ဒေသတွင်း စစ်ရှောင်နေရသူ တစ်ဦးက ရှင်းပြပါတယ်။

လက်ရှိ မိုးဗြဲ ရေကာတာ ဆက်တိုက် ရေလွှတ်ချမှုကြောင့် ဘီလူးချောင်းရေ ၈ လက်မနီးပါး မြင့်တက်လာပြီး ချောင်းတစ်လျှောက် စစ်ရှောင်တွေ စိုက်ပျိုးထားတဲ့ ပြောင်းနဲ့ စပါးခင်းတွေ ရေနစ်မြုပ် ပျက်စီးကုန်တယ်လို့ နောက်ထပ် စစ်ရှောင် တစ်ဦးက ပြောပါတယ်။

“စပါးနဲ့ ပြောင်းတွေက ရိတ်ခါတော့ နီးနေပြီ။ ရလည်း မရသေးဘူး။ ဒီအချိန်က ရေများလို့ မရဘူး။ အခုတော့ သွားပြီ။ ရေများရုံ မဟုတ်ဘူး။ ရေပါမြုပ်နေပြီ။ အကုန်ပျက်ကုန်ပြီ” လို့ သူကရှင်းပြပါတယ်။

ဘီလူးချောင်း တစ်လျှောက်မှာ စစ်ရှောင်တွေ စိုက်ပျိုးထားတဲ့ ပြောင်းနဲ့ စပါးခင်း ဧက ထောင်နဲ့ချီရှိပြီး အကုန်လုံး နီးပါး ရေနစ်မြုပ် ပျက်စီးသွားပြီလို့ ဆိုပါတယ်။

မနေ့က လွိုင်ကော်မြို့ ဘီလူးချောင်း အနီးနားက ရပ်ကွက်နေ ပြည်သူတွေ ပြောင်းရွှေ့နေကြပါတယ်။

MK-007

#MeKhongNews

#မိုးဗြဲ

#ဘီလူးချောင်း

#စစ်ဘေးရှောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ရှောင်စခန်းထဲ စစ်ကောင်စီရဲ့ လက်နက်ကြီးကျလို့ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဒဏ်ရာရရှိ

ရှမ်းတောင်၊ ပင်လောင်းနဲ့ ဖယ်ခုံနယ်စပ် ဆောင်လန်စစ်ရှောင်စခန်းနဲ့ ဗန်းမောက်ရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာမှာ ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်သား ၃ ဦး တိုက်ပွဲမှာသေဆုံး

ရှမ်းတောင်၊ ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်မောတောင်၊ ထမ်းယံတိုင်ကျေးရွာအနီးကို စစ်ကောင်စီက စစ်ကြောင်ထိုးလာလို့ မနေ့က ဇွန်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

နမ့်ခမ်းက အများပြည်သူစျေးကို ဒေသခံတွေ မညှိနှိုင်းဘဲ TNLA က စတင်ဖျက်နေ

ရှမ်းမြောက်၊ နမ့်ခမ်းမြို့က အများပြည်သူရောင်းချနေတဲ့ အောင်မေတ္တာ အမှတ် ၂ စျေးကို ဒေသခံတွေအား မညှိနှိုင်းဘဲ TNLA က မနေ့ဇွန် ၁၈ ရက်က စပြီး ဖြိုဖျက်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကယန်းဒေသ စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာဖူလုံရေးအတွက် ကယန်းမျိုးဆက်သစ်လူငယ်(KNGY)က စိုက်ပျိုးရေး သင်တန်းပေးခဲ့

ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းဒေသရှိ ကျေးရွာ ၅ ခုက စစ်ဘေးရှောင် အယောက် ၂၀၀ ကို ဇွန်လ ဒုတိယပတ်အတွင်း စိုက်ပျိုးရေး သင်တန်းပေးနိုင်ခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးအပြီး စစ်ကောင်စီ-တရုတ်နယ်စပ်ကုန်သွယ်ရေး ၁၂ ရာခိုင်နှုန်းအထိ ကျဆင်း

တရုတ်နဲ့ နှစ်စဉ် အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံ နယ်စပ်ကုန်သွယ်ရေးရှိခဲ့တဲ့ စစ်ကောင်စီဟာ ၁၀၂၇ ရှမ်းမြောက်တခွင်က ဒေသတွင်းတိုက်ပွဲအပြီး နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ အားလုံးနီးနီး ပိတ်ထားလိုက်ရတာကြောင့် စစ်ကောင်စီရဲ့ နယ်စပ်ကုန်သွယ်မှုတန်ဖိုး ဆက်တိုက်ကျဆင်းနေတာပါ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်မှာ အိမ်ငှားခ ဈေးတက်လို့ စစ်ဘေးရှောင်တွေ အခက်အခဲ ဖြစ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မြို့နယ်တချို့မှာ အိမ်ငှားခတွေ ဈေးတက်လာတာကြောင့် စစ်ဘေးရှောင်တွေ အခက်အခဲ ဖြစ်နေတယ်လို့ ‌ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရပ်စောက်နယ်ထဲမှာ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့

ရှမ်းတောင် ရပ်စောက်၊ ကျောက်ဂူနယ်၊ တောင်ထစ်(လက်ဘက်ခြံ)တောင်သူကုန်းနေရာမှာ ဇွန် ၁၆ ရက် မနက် ၈နာရီခွဲက အင်အား ၈၀ ခန့်ရှိတဲ့ RCSS တပ်ဖွဲ့နဲ့ SSPP နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ထောင်ရွှေ့ပြောင်းခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေ ဒိုက်ဦးထောင်အတွင်း အကြမ်းဖက်ခံနေရ

မွန်ပြည်နယ်၊ ကျိုက်မရောအကျဥ်းထောင်ကနေ ဇွန်လ ၁၅ ရက်နေ့က ပဲခူးတိုင်း၊ ဒိုက်ဦးထောင်ကို ပြောင်းရွှေ့လာတဲ့ အကျဉ်းသူ အယောက် ၄၀ ဟာ အကျဉ်းထောင်အတွင်း အကြမ်းဖက်ခံနေရတယ်လို့ ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now