မြန်မာ့နွေဦး

ဘတ်တစ်သန်းနဲ့ ၀ရမ်းထုတ်ထားတဲ့ မူးယစ်မှောင်ခိုသမားကို တာချီလိတ်ဘက်မှာဖမ်းပြီး ထိုင်းလက်အပ်

မဲခေါင် 9 Mar - 2023
မဲခေါင်၊ မတ် ၉ ဘတ်တစ်သန်းအထိ ဆုငွေပေးမယ်လို့ ထိုင်းဘက်က ထုတ်ပြန်ထားတဲ့ မူးယစ်မှောင်ခိုသမား ကျီဆာဒါ ကို မြန်မာမူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးတပ်ဖွဲ့ (DEA) က တာချီလိတ်မှာ ဖမ်းဆီးပြီး ထိုင်းအာဏာပိုင်တွေထံကို ဒီနေ့လွှဲပေးလိုက်ပါတယ်။

မဲခေါင်၊ မတ် ၉

ဘတ်တစ်သန်းအထိ ဆုငွေပေးမယ်လို့ ထိုင်းဘက်က ထုတ်ပြန်ထားတဲ့ မူးယစ်မှောင်ခိုသမား ကျီဆာဒါ ကို မြန်မာမူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးတပ်ဖွဲ့ (DEA) က တာချီလိတ်မှာ ဖမ်းဆီးပြီး ထိုင်းအာဏာပိုင်တွေထံကို ဒီနေ့လွှဲပေးလိုက်ပါတယ်။

တာချီလိတ်-မယ်ဆိုင် အမှတ် (၂) ချစ်ကြည်ရေးတံတားကနေ ဒီနေ့မတ်လ ၉ ရက်နေ့မှာပဲ ပြန်လည် လွှဲအပ်ခဲ့တာပါ။

၂၀၁၆ ဇူလိုင် ၂၂ ရက်နေ့က ဒန်ချိုင်းခရိုင်၊ ဖရေးခရိုင်ခွဲစစ်ဆေးရေးဂိတ်ကို စိတ်ကြွရူးသွပ်ဆေးပြား အလုံး ၆၀၀၀၀ သယ်ဆောင်ဖြတ်သန်းတဲ့ ကားကို ဟိုင်းရိုင်ရဲတပ်ဖွဲ့ ဖမ်းဆီးရာမှာ ၃ ဦး ဖမ်းမိခဲ့ပြီး စေခိုင်းသူက ကျီဆာဒါဆိုသူဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ရလို့ သတင်းပေးသူ၊ ဖမ်းဆီးပေးသူအတွက် ဘတ် ၁ သန်းအထိ ပေးမယ်လို့ ထိုင်းဘက်က ၀ရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ကျီဆာဒါဟာ နယ်စပ်ဖြတ်ကူးသွားပြီး တာချီလိတ်မှာ Fight Bar ဆိုင်ဖွင့်လှစ်လို့ ဇိမ်ခံ ဟိုတယ်တစ်ခုဖြစ်တဲ့ 1G1 Hotel ဟိုတယ်မှာတည်းကာ သက်သောင့်သက်သာနဲ့ ဆက်လက် စီးပွားရှာနေခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြန်မာအာဏာပိုင်‌တွေက ဟိုတယ်မှာ ကျီဆာဒါကို ဖမ်းဆီးကာ တရားမ၀င် နိုင်ငံဖြတ်ကျော်လာမှုနဲ့ တာချီလိတ်မှာ ထောင်ဒဏ် ၆ လ ချပြီး ထိုင်းဘက်ကို မတ် ၉ ရက်နေ့ မှာ ပြန်လည် လွှဲပြောင်းပေးအပ်လိုက်တာဖြစ်ပါတယ်။

လုပ်ထုံးလုပ်နည်းအရ ကျီဆာဒါကို ဖရေးခရိုင်၊ ဒန်ချိုင်းခရိုင်ခွဲက ဟိုင်းရိုင်ရဲစခန်းက ဆက်လက်တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

#MeKongNews

#တာချီလိတ် #မယ်ဆိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှာ ကျည်ဆံဖိုးတစ်အိမ် ၅သောင်း PNO အဓမ္မကောက်

မဲခေါင် ၊ မတ် ၃၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ကျည်ဆံဖိုး
မြန်မာ့နွေဦး

ရှမ်း-ကရင်နီနယ်စပ် စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးလို့ ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့

မဲခေါင်၊ မတ် ၃၀ ရှမ်း-ကရင်နီ နယ်စပ် နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူတွေ တနေ့တခြား
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် စစ်ဘေးရှောင်စခန်းတွေမှာ ဖျားနာသူများနေလို့ ဆေးဝါးကုသမှု အကူအညီတွေ လိုအပ်နေ

မဲခေါင်၊ မတ် ၂၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် စစ်ဘေးရှောင် စခန်းတွေမှာ စစ်ဘေးရှောင် ပြည်သူ အများအပြား ဖျားနာနေလို့ ကုသရေးနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
မြန်မာ့နွေဦး

PDF တွေကိုပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ပြတ်သားတော့မယ်လို့ စစ်ခေါင်းဆောင်ပြော

မဲခေါင်၊ မတ် ၂၇ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ PDF တွေကို ပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO တွေရဲ့ အကြမ်းဖက်မှုတွေ လုံးဝ ရပ်ဆိုင်းသွားအောင် ပြတ်ပြတ်သားသား လုပ်မယ်လို့
မြန်မာ့နွေဦး

တာဝန်ယူမှုမရှိတဲ့ ပြည်သူ့ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူဖို့ NUG ကို အိတ်ဖွင့်စာပို့

မဲခေါင်၊ မတ် ၂၆ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ပြည်သူ့ ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူပေးဖို့ အချက် ၇ ချက် ပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို မတ်လ ၂၄ ရက်နေ့က NUG
မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်လို့ ထိုင်း-မြန်မာနယ်စပ် မြဝတီ ကုန်သွယ်ရေးရပ်ဆိုင်း၊ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်

မဲခေါင်၊ မတ် ၂၅ ကရင်ပြည်နယ်၊ မြဝတီ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းကာ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်တယ်လို့ ‌နယ်စပ် ကုန်သည်တွေက ပြောပါတယ်။
မြန်မာ့နွေဦး

လားရှိုးမှာ လမ်းတွေ့တဲ့မိုင်း ကောက်သွားရာက ယာတဲအရောက် ပေါက်ကွဲလို့ လူ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာပြင်းထန်

မဲခေါင်၊ မတ် ၂၃ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခုန်စုမ်ရွာသား ၄ ဦးဟာ မပေါက်ကွဲသေးတဲ့ မိုင်းကို ကောက်သွားရာက ယာတဲ အရာက်မှ မိုင်းပေါက်ကွဲတာကြောင့် ၂ ဦး သေဆုံးပြီး ၂ ဦး
မြန်မာ့နွေဦး

မင်းတေဇညွန့်တင် စစ်ကောင်စီအတွက် ဘာတွေလုပ်ပေးခဲ့လဲ

မဲခေါင်၊ မတ် ၂၄ အာဏာသိမ်းစစ်တပ် ထပ်ပိုင်းခေါင်းဆောင် အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ဦးမင်းတေဇညွန့်တင်ကို သန်လျင်မြို့နယ်ထဲမှာ ဒီနေ့နေ့လည် တစ်နာရီလောက်က Urban Owls မြို့ပြပြောက်ကျားအဖွဲ့က ရှင်းလင်းလိုက်ပါတယ်။