မြန်မာ့နွေဦး

ဘဏ်ဓားပြတိုက်မှုနဲ့ လူငယ် ၅ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ထပ်မံချမှတ်

မဲခေါင် 29 Dec - 2022
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပ ကမ္ဘာ့ရတနာဘဏ် ဓားပြတိုက်မှုနဲ့ လူငယ် ၅ ဦးကို အနောက်ပိုင်းခရိုင် တရားရုံးက ဒီနေ့ ဒီဇင်ဘာ ၂၉ ရက်က ထောင်ဒဏ် ၁၀ နှစ် ထပ်မံ အမိန့်ချ လိုက်ပါတယ်။

ကိုဇင်လင်း၊ ကိုသူရအောင်၊ ကိုဝင်းထိုက်ကိုကို၊ ကိုမင်းဟိန်းသူနဲ့ မဝင်းထက်မာ(ခ)အမာ တို့ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ (၃၉၅) ဓားပြမှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပြီး အားပေးကူညီသူလို့ စွပ်စွဲခံရသူ ၂ ဦး ဖြစ်တဲ့ ဦးအောင်အောင်နဲ့ ကိုမင်းလတ်ချို တို့ကိုတော့ ရာဇသတ်ကြီး ပုဒ်မ (၄၁၂) နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ထောင်ဒဏ် ၁၀ နှစ်ချမှတ် ခံရတဲ့ အဆိုပါ လူငယ် ၅ ဦးဟာ အခုနှစ် ဇန်နဝါရီလတုန်းကလည်း ဘုရင့်နောင်က ဘဏ်ဓားပြတိုက်မှု ရာဇသတ်ကြီး ပုဒ်မ (၃၉၅) နဲ့ အရှေ့ပိုင်းခရိုင် တရားရုံးက ထာင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါသေးတယ်။

ကမ္ဘာ့ရတနာဘဏ်နဲ့ ဘုရင့်နောင်က ဘဏ်ဓားပြတိုက်မှု စွပ်စွဲချက်တွေကြောင့် လူငယ် ၅ ဦးဟာ စုစုပေါင်း ထောင် ဒဏ်နှစ် ၂၀ ချမှတ်ခံခဲ့ရပြီး ကူညီပေးသူလို့ စွပ်စွဲခံရတဲ့ အမျိုးသား ၂ ဦးကတော့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ လူငယ် ၅ ဦးနဲ့ အမျိုးသား ၂ ဦးကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် စက်တင်ဘာလက ရန်ကုန်မြို့အတွင်း ဖမ်းဆီးခဲ့ ပြီးနောက် တောင်ဥက္ကမြို့နယ် ကမ္ဘာ့ရတနာဘဏ်နဲ့ ဘုရင့်နောင်က ဘဏ်ဓားပြတိုက်မှုတွေနဲ့ တရား စွဲဆိုထားတာ ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီခန့်ရှမ်းပြည်နယ်စစ်ဝန်ကြီးချုပ် (သို့) မိုဆိုလူသတ်သမား

အာဏာသိမ်း ၂ နှစ်ပြည့်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်ကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့
မြန်မာ့နွေဦး

ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့လက်တွဲဖို့ SSPP ဆုံးဖြတ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲသွားမယ်လို့ ရှမ်းတော်လှန်ရေး အင်အားစု ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP
မြန်မာ့နွေဦး

ဟုမ္မလင်းမှာ ရဟတ်ယာဉ်တစ်စီးကို PDF ပစ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ NUG က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ထပ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ် ထပ်ချလိုက်တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။
မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က စတင် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။