မြန်မာ့နွေဦး

ဗဟန်းမြို့နယ်မှာ စည်ပင် အရာရှိနဲ့ အောက်ခြေဝန်ထမ်းတွေ ပေါင်းပြီး အိမ်အသေးစား ပြင်ဆင်မှုတွေအပေါ် ငွေသိန်း ဆယ်ချီ တောင်းခံနေ

မဲခေါင် 25 Jan - 2023
မဲခေါင်၊ ဇန်နဝါရီလ ၂၅ ဗဟန်းမြို့နယ် စည်ပင်သာယာရုံးရှိ အခွန်ကောက်ရာထူးအဆင့်သာရှိတဲ့ ဝန်ထမ်းတွေက အထက်အရာရှိတွေနဲ့ ပူပေါင်းပြီး အသေးစား တပိုင်တနိုင် အိမ်ပြင်ဆင်မှုအပေါ် ခြိမ်းခြောက်ကာ ငွေ သိန်း ဆယ်ဂဏန်းချီ တောင်းယူမှုတွေပြုလုပ်နေတယ်လို့ နီးစပ်ရာအသိုင်းအဝန်းကသိရပါတယ်

မဲခေါင်၊ ဇန်နဝါရီလ ၂၅

ဗဟန်းမြို့နယ် စည်ပင်သာယာရုံးရှိ အခွန်ကောက်ရာထူးအဆင့်သာရှိတဲ့ ဝန်ထမ်းတွေက အထက်အရာရှိတွေနဲ့ ပူပေါင်းပြီး အသေးစား တပိုင်တနိုင် အိမ်ပြင်ဆင်မှုအပေါ် ခြိမ်းခြောက်ကာ ငွေ သိန်း ဆယ်ဂဏန်းချီ တောင်းယူမှုတွေပြုလုပ်နေတယ်လို့ နီးစပ်ရာအသိုင်းအဝန်းကသိရပါတယ်။

ပုံမှန်ဆိုရင် အိမ်ဆောက်လုပ်ခွင့်နဲ့ပတ်သက်ပြီး မြို့တော် စည်ပင်သာယာရေးရုံးရဲ့ ခွင့်ပြုမိန့်စောင့်တာ၊ သက်ဆိုင်ရာက လာရောက်စစ်ဆေးပြီး အိမ်ဟောင်းဖျက်ခွင့်၊ အိမ်အသစ်ဆောက်လုပ်ခွင့် အဆင့်ဆင့်ရှိတာကြောင့် တနိုင်တပိုင် အိမ်ပြင်ဆင်ခွင့် အတွက် ရုံးကို အကြောင်းကြားစာပို့ရုံသာ လုပ်ဆောင်ရတယ်လို့လည်း သိရပါတယ်။

“ အိမ်ဆောက်လုပ်ခွင့်ကို ပါမစ်မတင်ဘဲ အောက်ခြေဝန်ထမ်းတွေနဲ့ ပေါင်းပြီးစားနေတာ။ တပိုင်တနိုင် အိမ်ပြင်တာကိုတောင် ဥပဒေအရတရားစွဲဆိုနိုင်တယ်လို့ ခြိမ်းခြောက်ပြီး ငွေညစ်နေတာ၊ အရာရှိတွေနဲ့ ပေါင်းစားနေတာ။ မိုးယိုလို့ ခေါင်မိုးပြင်ဆင်ရင်တောင် ၁၀ သိန်းလောက် တောင်းတယ်၊ တိုင်ကြားမှုတွေ လုပ်ကြပေမယ့် ပြန်ဖုံးအုပ်ပေးနေတာကြောင့် အရေးယူခံရမှု မရှိဘူး” လို့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

ဗဟန်းမြို့နယ် အတွင်းမှာ ရှိတဲ့ အကြီးစား ဆောက်လုပ်မှုတွေကို လည်းလုပ်ရိုးလုပ်စဥ် အတိုင်းပြုလုပ်ရင် အချိန်ကြာမြင့်တဲ့အပြင် စာရွက်စာတမ်း ပြည့်စုံမှုရှိမှ ဆောက်လုပ်ခွင့်ပါမစ်ရရှိတာကြောင့် လာဒ်ပေးလာဒ်ယူလုပ်ပြီး ဆောက်လုပ်မှုတွေ ရှိတယ်လို့လည်း သိရပါတယ်။

“ စည်ပင်ကအသက် ၅၀ ဝန်းကျင် အမျိူးသမီးနဲ့ တခြားဝန်ထမ်း၂ ဦးလောက်က အမြဲလိုက်စစ်တယ်။ အိမ်ရှေ့အမိုးလေးလုပ်ရင်တောင် ခြိမ်းခြောက်ပြီး ငွေညစ်တယ်။ အိမ်ပြင်လို့ ၅ သိန်းကျော်လောက်ပဲကုန်ရင်တောင် သူတို့က ၁၀ သိန်းလောက်တောင်းတယ်။ အခုက သူတို့ခေတ်ဖြစ်နေတော့ ဘာမှ မပြောဘဲပေးလိုက်ရတယ်” လို့ ကိုယ်တိုင်ကြုံတွေခဲ့ရတဲ့ ဗဟန်းမြို့နေသူတစ်ဦးက ဆိုပါတယ်။

အရပ်သား အစိုးရခေတ်လက်ထက်က အဂတိလိုက်စားမှု ဥပဒေကြောင့် လာဒ်ပေး လာဒ်ယူ ခြိမ်းခြောက်ငွေတောင်းခံမှုတွေ လျော့နည်းသွားပေမယ့် စစ်အာဏာသိမ်း​ပြီးချိန်က စတင်ပြီး ပြည်သူတွေဆီက ငွေကြေးတောင်းခံမှုတွေ ဝန်ထမ်းတွေအနေနဲ့ ရဲရဲတင်းတင်း ပိုလုပ်လာတာဖြစ်ပါတယ်။

ဗဟန်းမြို့နယ်မှာ အသေးစားအိမ်ပြင်ဆင်မှုတွေအနေနဲ့ ပျှမ်းမျှအားဖြင့် တစ်ပတ်ကို အိမ် ၂ လုံးနီးပါးလောက် ပြင်ဆင်မှုရှိပြီး ပြဌာန်းဥပဒေအရ အသေးစားပြင်ဆင်မှုအပေါ် မြို့နယ်စည်ပင်ရုံးကို အကြောင်းကြားပြီး ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးသာ လုပ်ဆောင်ရပေမယ့် အခုအခါမှာတော့ ငွေတောင်းခံမှုတွေရှိနေတာပါ။

MK-006

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီခန့်ရှမ်းပြည်နယ်စစ်ဝန်ကြီးချုပ် (သို့) မိုဆိုလူသတ်သမား

အာဏာသိမ်း ၂ နှစ်ပြည့်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်ကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့
မြန်မာ့နွေဦး

ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့လက်တွဲဖို့ SSPP ဆုံးဖြတ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲသွားမယ်လို့ ရှမ်းတော်လှန်ရေး အင်အားစု ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP
မြန်မာ့နွေဦး

ဟုမ္မလင်းမှာ ရဟတ်ယာဉ်တစ်စီးကို PDF ပစ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ NUG က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ထပ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ် ထပ်ချလိုက်တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။
မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က စတင် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။