မြန်မာ့နွေဦး

ဖားကန့်ရှိ စစ်တပ်စခန်း ၂ ခုကို KIA နဲ့ PDF ပူးပေါင်းတိုက်ခိုက်၊ စစ်သား သေဆုံးမှုများပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

မဲခေါင် 26 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၆ ကချင်းပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ စစ်တပ် စခန်း ၂ ခုကို KIA နဲ့ PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ထိခိုက် သေဆုံးမှုများပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၆

ကချင်းပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ စစ်တပ် စခန်း ၂ ခုကို KIA နဲ့ PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ထိခိုက် သေဆုံးမှုများပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရပါတယ်။

ဒီကနေ့ မနက် ၄ နာရီ ၃၅ မိနစ်မှာ ဖားကန့်မြို့နယ်၊ တာမခံရွာနဲ့ ဆယ်ဇင်းကျေးရွာတို့မှာ SNA နဲ့ စစ်ကောင်စီတပ်တွေ ပူးပေါင်း တပ်စွဲထားတဲ့ စခန်းကို KIA တပ်မဟာ (၉)၊ တပ်ရင်း (၂၆) က ဝင်ရောက် တိုက်ခိုက်ရာ စစ်သားတွေ လက်နက်စွန့်ကာ ထွက်ပြေး သွားတယ်လို့ သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်း လက်နက်ခဲယမ်းတွေ အပါအဝင် ရိက္ခာတွေကို သိမ်းဆည်းရရှိခဲ့ပြီး စစ်သားတွေ ထိခိုက် သေဆုံးမှု အများအပြား ရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဒီကနေ့ မနက် ၄ နာရီခန့်က ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့မှာ တပ်စွဲထားတဲ့ စစ်တပ် ဗျူဟာကုန်းနဲ့ နမ့်ဆိုင်တပ်စခန်း ၂ ခုကို KIA တပ်မဟာ (၉)၊ တပ်ရင်း (၄၄) က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုကြောင့် စစ်သားတွေ ထိခိုက်သေဆုံးမှု များပြားနေပြီး စစ်ကူ အမြန်ပေးဖို့ တောင်းဆိုနေကာ မြေပြင် စစ်ရေးတင်းမာနေပြီး သေဆုံးမှု အတိအကျ မသိရသေးဘူးလို့ KIA သတင်းရင်းမြစ်ထံမှ သိရပါတယ်။

ဒါ့အပြင် မနေ့က ည ၈ နာရီ ၄၅ မိနစ်ကလည်း ဖားကန့်မြို့၊ မှော်ဆီဇာ ဘုန်းကြီးကျောင်းဝင်း တာဝါတိုင်မှာ တပ်စွဲထားတဲ့ တပ်မ (၃၃) လက်အောက်ခံ တပ်ဖွဲ့ တွေကို KIA တပ်မဟာ (၉) တပ်ရင်း (၆)နဲ့ ဖားကန့်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေက တိုက်ခိုက်ခဲ့ပြီး စစ်တပ်စခန်းတွေကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က သေဆုံးမှုတွေနဲ့ နောက်ဆုတ်ခဲ့ရတာကြောင့် မမှော်ဆီဇာ ဘုန်းကြီးကျောင်း နေရာအနှံ့သို့ ဖားကန့် တပ်မကုန်းစခန်းမှ လက်နက်ကြီး လက်နက်ငယ်‌ တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။

MK-003

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

၂၀၂၀ ခုနှစ် တက္ကသိုလ်ပထမနှစ် CDM ကျောင်းသားတွေ မြန်မာ့နွေဦးတက္ကသိုလ်မှာ ကျောင်းဆက်တက်နိုင်ပြီ

မဲခေါင်၊ မတ် ၂၀ ၂၀၂၀ ခုနှစ် တက်လက်စ Second Semester ကျန်နေတဲ့ CDM ကျောင်းသားတွေ အတွက်
မြန်မာ့နွေဦး

ညောင်လေးပင်ခရိုင်မှာ ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင်၊ မတ် ၂၀ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်ကုန်း တံတားအနီး ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ ခရီးသည် ၃
မြန်မာ့နွေဦး

စစ်တပ်နဲ့မပေါင်းဖို့ ဦးအောင်ခမ်းထီ နဲ့ PNO ခေါင်းဆောင်တွေကို တက္ကသိုလ်ကျောင်းသားတွေ ဆုံးမအကြံပြု

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျောက်တလုံးကြီးဒေသ အခြေစိုက် ပြည်သူ့စစ် အသွင်ပြောင်း PNA/PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ အနေနဲ့ ကိုယ်ကျိုး အတွက် ပြည်သူကို အသုံးချ အမြတ်ထုတ်နေတဲ့ ခေါင်းဆောင် အဖြစ်
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် နမ့်ဖါမူဘုရားတောင်နဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲထားလို့ ဒေသခံတွေ ထိတ်လန့်

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖါမူကျေးရွာ ဘုရားတောင်စေတီနဲ့ စာသင်ကျောင်းအတွင်း စစ်ကောင်စီ တပ်စွဲထားလို့ ကြောက်ရွံ့ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ် တနီးလာလဲတိုက်ပွဲမှာ စစ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်းတွေရ

မဲခေါင်၊ မတ် ၂၀ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော်-KA ပူးပေါင်း တပ်ဖွဲ့တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပဲွဲ ပြင်းထန်ပြီး စစ်သား ၅
မြန်မာ့နွေဦး

သာကေတ မ.ဘ.သ ပျူစောထီး တင်လင်းထိုက် အဖွဲ့က ပြည်သူ ၂ ဦးကိုပစ်သတ်

မဲခေါင်၊ မတ် ၂၀ ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ
မြန်မာ့နွေဦး

စစ်ကောင်စီကိုဖားနေတဲ့ အမည်ခံအနုပညာရှင်တွေနဲ့ ကုန်ပစ္စည်းမကြော်ငြာဖို့ ရှမ်းမြောက် လုပ်ငန်းရှင်တွေကို သတိပေး

မဲခေါင်၊ မတ် ၂၀ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖားယားနေတဲ့ အနုအပညာရှင် အမည်ခံတွေနဲ့ ကုန်ပစ္စည်း ကြော်ငြာတာတွေ မလုပ်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းက စီးပွားရေး လုပ်ငန်းရှင်တွေကို မူဆယ်ဗျူဟာ- Tactic of
မြန်မာ့နွေဦး

ယင်းမာပင်-ကနီ နယ်စပ်မှာ လက်နက်ကြီး ရမ်းကားပစ်ခတ်နေတဲ့ စစ်ကြောင်းကို သတိထားဖို့ WGPDF သတိပေး

မဲ‌ခေါင်၊ မတ် ၁၉ စစ်ကိုင်း-ကနီ နယ်စပ်မှာ လက်နက်ကြီးတွေ ရမ်းကား ပစ်ခတ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူတွေ သတိထားကြဖို့ ဝက်ပါ ပြောက်ကျားတပ်ဖွဲ့- WGPDF က ဒီကနေ့ သတိပေး လိုက်ပါတယ်။