မဲခေါင်၊ဖေဖော်ဝါရီ ၂၅
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှာ စစ်ကောင်စီနဲ့ BGF ပူးတွဲ စခန်းတစ်ခုကို မဟာမိတ်တပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တယ်လို့ ဗမာပြည်သူ့ လွတ်မြောက်ရေး တပ်တော်-BPLA၊ ကွပ်ကဲရေးရုံးမှ ဒီကနေ့ ထုတ်ပြန်ပါတယ်။
မဟာမိတ်ပူးပေါင်းအဖွဲ့ တပ်ဖွဲ့ဝင်တွေဟာ KNU တပ်မဟာ (၅) နယ်မြေ အတွင်းရှိ စစ်ကောင်စီနဲ့ BGF ပူးတွဲနေထိုင်တဲ့ တပ်စခန်းတစ်ခုကို ဒီကနေ့ မနက် ၆ နာရီခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA၊ ဗမာပြည်သူ့ လွတ်မြောက်ရေး တပ်တော်-BPLA၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်-PDF နဲ့ Force for Federal Democracy-FFD တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
မိနစ်အနည်းငယ်ကြာ ပစ်ခတ်ရုံနဲ့ စစ်ကောင်စီနဲ့ BGF တပ်တွေ ကြောက်လန့်တကြား စခန်း စွန့်ခွာ ထွက်ပြေးသွားပြီး နာရီဝက်ခန့် အကြာမှာ စခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ အလောင်းတစ်လောင်း၊ လက်နက် ၂ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း မဟာမိတ် ပူးပေါင်းအဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရတဲ့သူ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
MK-003
