မြန်မာ့နွေဦး

ဖရူဆို စစ်ဘေးရှောင်စခန်းမှာ ရာသီတုတ်ကွေး ဖြစ်ပွားသူများလို့ ဆေးနဲ့ဆက်စပ်ပစ္စည်း အကူအညီ လိုအပ်နေ

မဲခေါင် 18 Sep - 2023
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက သဲဖြူကုန်း စစ်ဘေးရှောင် စခန်းမှာ ရာသီတုတ်ကွေး ဖြစ်ပွားသူ များနေလို့ ဆေးနဲ့ဆက်စပ်ပစ္စည်း အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၁၈

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက သဲဖြူကုန်း စစ်ဘေးရှောင် စခန်းမှာ ရာသီတုတ်ကွေး ဖြစ်ပွားသူ များနေလို့ ဆေးနဲ့ဆက်စပ်ပစ္စည်း အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

စက်တင်ဘာလ အစောပိုင်းကစပြီး မိုးဆက်တိုက် ရွာသွန်းမှုကြောင့် တုတ်ကွေးရောဂါ ဖြစ်ပွားလာတာဖြစ်ပြီး ကိုယ်ထူကိုယ်ထ ဆေးပေးခန်း တစ်ခုကိုသာ အားကိုးနေရတယ်လို့ ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောပါတယ်။

“မိုးကာတွေ မလုံတော့ အိပ်တဲ့အချိန် မိုးယိုတာနဲ့ အအေးပတ်ပြီး ဖြစ်ကြတာ။ အဖျားကျရင်လည်း ၂ ပတ်လောက် အထိ ချောင်းဆိုးက ကျန်နေတာ။ ကလေးတွေက ပိုဆိုးတယ်။ သောက်စရာ ဆေးလည်း မရှိဘူးလေ။ ရှိလည်း မလောက်ဘူး” လို့ သူကဆိုပါတယ်။

သဲဖြူကုန်း စစ်ဘေးရှောင်စခန်းမှာ အိမ်ခြေ ၁၀၀ ကျော်၊ လူဦးရေ ၁,၀၀၀ နီးပါး နေထိုင်ကြပြီး လူ ၃၀၀ ကျော် ဖျားနာနေတလို့ ဒေသခံ တစ်ဦးက ပြောတယ်။

လက်ရှိ ရာသီတုတ်ကွေး သာမက နှာစေး၊ ချောင်းဆိုး၊ ရင်ကျပ်၊ ငှက်ဖျား စတဲ့ ရောဂါတွေလည်း ဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့အဝင်မှာ စစ်ကောင်စီတပ်က အစစ်အဆေး တင်းကြပ်နေပြီး ဆေးနဲ့ ဆက်စပ် ပစ္စည်း အားလုံး သိမ်းယူနေတာကြောင့် ကရင်နီပြည်တွင်းမှာ ဆေးဝါးမလုံလောက်မှုတွေ ဆက်တိုက် ကြုံနေရတာလို့ သိရပါတယ်။

CJ-007

#MekongNews

#ဖယ်ခုံမြို့

#စစ်ဘေးရှောင်

#ရာသီတုတ်ကွေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

မိုးကုတ်မြို့ကို အပြီးသတ်သိမ်းယူလိုက်ပြီလို့ TNLA ထုတ်ပြန်

မဲခေါင်၊ ဇူလိုင် ၂၄ ရှမ်းပြည်မြောက်ပိုင်း၊ မိုးကုတ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၃၀ ရက်မြောက်နေ့ဖြစ်တဲ့ ဒီနေ့
မြန်မာ့နွေဦး

ဘိန်းဘုရင်လော်စစ်ဟန်သားပိုင် အေရှားဝေါကုမ္ပဏီက MNDAA ကို အပစ်ရပ်ရန် စာပို့

မဲခေါင်၊ ဇူလိုင် ၂၄ စစ်ကောင်စီနဲ့ နီးစပ်တဲ့ ဘိန်းဘုရင်လော်စစ်ဟန်သားပိုင်ကုမ္ပဏီ Asia World က MNDAA ကို ရှမ်းမြောက်တိုက်ပွဲတွေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လောက်ကိုင်ကို စစ်ကောင်စီက ၃ ရက် ဆက်တိုက် လေကြောင်းက ဗုံးကြဲ

မဲခေါင်၊ ဇူလိုင် ၂၄ ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ကို စစ်ကောင်စီက ဇူလိုင် ၂၂ ရက်နေ့ ကနေ ဒီနေ့ ဇူလိုင်လ ၂၄ ရက်နေ့အထိ ၃ ရက် ဆက်တိုက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးထောင်ကနေ လွတ်မြောက်လာတာမဟုတ်ဘဲ ခလရ ၄၁ စစ်ကြောရေးစခန်းက လွတ်မြောက်လာကြတာလို့ WOPP ကဆို

မန္တလေးတိုင်း၊ လားရှိုးမြို့မှာ မနေ့ (ဇူလိုင် ၂၃)ညနေပိုင်းက အကျဉ်းသားတချို့ လွတ်မြောက်လာကြတယ်လို့ နိုင်ငံရေး အကျဉ်းသူများအဖွဲ့ (WOPP) တာဝန်ရှိသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စဉ့်ကူးမြို့က ဆုတ်ခွါသွားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ လိုက်လံ တိုက်ခိုက်

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် ရွာသာရွာကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီစခန်းကို Drop For Justice အဖွဲ့က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အထိခိုက် အကျအဆုံး ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ကူသွားတဲ့ Loikaw Local PDF ကို ဒေသခံတွေ အောင်သပြေနဲ့ကြို

ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေကို စစ်ကူသွားတဲ့ Loikaw Local PDF ကို ဒေသခံတွေက မနေ့ (ဇူလိုင် ၂၃)ရက်မှာ အောင်သပြေပန်းတွေနဲ့ ကြိုဆိုခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေး ၁၀၀၉ IPDF စစ်ဆင်ရေးလိုအပ်ချက် စစ်ကြောင်းသုံး စက်သေနတ်လိုအပ်နေ

ရှမ်းတောင်၊ အင်းလေးဒေသမှာ စစ်အာဏာရှင်အမြစ်ပြတ်ရေးတိုက်ပွဲဝင်နေတဲ့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ်-၁၀၀၉ IPDF ဟာ စစ်ရေးလိုအပ်ချက်အရ စစ်ကြောင်းသုံး ဘရောင်နီ စက်သေနတ် လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းလားတပ်ဖွဲ့ မိုင်းယောင်းမြို့အနီးတဝိုက် ရောက်ရှိနေရာယူထား

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားလက်နက်ကိုင်တပ်ဖွဲ့ NDAA ဟာ မိုင်းယောင်းမြို့အနီးထိ ဝင်ရောက်နေရာယူပြီး စစ်ကောင်စီတပ်တွေကို နေရာဖယ်ခိုင်းတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now