မြန်မာ့နွေဦး

ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာနဲ့ စက်တော်ရာကျေးရွာ စစ်တလင်းဖြစ်နေ

မဲခေါင် 28 Aug - 2023
မဲခေါင်၊ ဩဂုတ် ၂၈ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာနဲ့ စက်တော်ရာကျေးရွာမှာ ဒေသခံ ပြည်သူတွေ မရှိတော့ဘဲ စစ်ကောင်စီတပ်နဲ့ PDF တွေသာရှိပြီး စစ်တလင်းဖြစ်နေပြီလို့ ဖယ်ခုံ (၁၀၀၂) တပ်ရင်း တာ၀န်ခံက မဲခေါင်သတင်းဌာကို ပြောပါတယ်။

မဲခေါင်၊ ဩဂုတ် ၂၈

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာနဲ့ စက်တော်ရာကျေးရွာမှာ ဒေသခံ ပြည်သူတွေ မရှိတော့ဘဲ စစ်ကောင်စီတပ်နဲ့ PDF တွေသာရှိပြီး စစ်တလင်းဖြစ်နေပြီလို့ ဖယ်ခုံ (၁၀၀၂) တပ်ရင်း တာ၀န်ခံက မဲခေါင်သတင်းဌာကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအစပိုင်းက ခလရ (၂၄၈) တပ်ရင်းနဲ့ ပျူစောထီးပူးပေါင်း အင်အား ၁၀၀ ၀န်းကျင် ခေါင်းအိနဲ့ စက်တော်ရာကျေးရွာဘက် စစ်ကြောင်းထိုးလာရာက လက်ရှိအချိန်ထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဇွန်လအစောပိုင်းကနေ လက်ရှိအချိန်ထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး စစ်ရေး တင်းမာနေတာကြောင့် အဆိုပါ ကျေးရွာ ၂ ရွာက ပြည်သူ သောင်းဂဏန်းခန့်ဟာ မနေထိုင်ရဲတော့ဘဲ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။

လက်ရှိ စက်တော်ရာကျေးရွာမှာ စစ်ကောင်စီက အင်အား ၁၀၀ ခန့် တပ်စွဲနေထိုင်နေပြီး ခေါင်းအိကျေးရွာကိုတော့ တော်လှန်‌ရေး အင်အားစုတွေက ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။

“သူ့စည်း ကိုယ့်စည်းကတော့ ရှိသေးတာပေါ့။ ရွာထဲမှာတော့ ရွာသားတွေ မရှိတော့ပါဘူး။ စစ်ရေး ကတော့ တင်းမာနေဆဲပါပဲ” လို့ တပ်ရင်းမှူးက ရှင်းပြပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်ပေမဲ့ လေကြောင်း လာ‌ရောက်ပစ်ခတ်တာ မရှိသေးဘူးလို့ ဆိုပါတယ်။

လက်ရှိ စစ်ရေး အတင်းမာဆုံး အနေအထားရှိနေပြီး စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ဖယ်ခုံ-ပင်လောင်းဘက်မှာ အင်အား ဆက်တိုက်ဖြည့်နေပြီး တပ်အပြောင်းအရွှေ့တွေ ဆက်တိုက် ပြုလုပ်နေတာတွေကြောင့် အခြေအနေတွေ အပြောင်းအလဲ ဖြစ်လာနိုင်တယ်လို့ ဖယ်ခုံ PDF က ပြောပါတယ်။

“ရှိတယ်။ အခြေအနေပေါ် မူတည်ပြီးမှပဲ ပြောလို့ရမှာ။ အခုတော့ ပြောလို့မရသေးဘူး။ တင်းမာနေတာပဲ ပေါ့နော်” လို့ သူကရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး ရှမ်း-ကရင်နီ နယ်စပ်၊ ပင်လောင်း-ဖယ်ခုံ ဘက်ကနေ ကရင်နီပြည်နယ်ထဲကို ရှမ်းအခြေစိုက် တပ်ရင်းတွေ၊ စစ်ကိုင်းနဲ့ ရခိုင်ဘက်က တပ်မတွေပါ အသုံးပြုကာ အင်အား ဖြည့်တင်း နေတာကြောင့် တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေတယ်လို့ ကရင်နီ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

MK-007

#MeKongNews

#ခေါင်းအိ_စက်တော်ရာ

#ဖယ်ခုံ(၁၀၀၂)တပ်ရင်း

#စစ်တလင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

မူဆယ်မှာ စစ်‌ကောင်စီယာဉ်တန်းကို TNLA ချုံခိုတိုက်ခိုက်မှု တပ်ရင်းမှူး အပါအ၀င် စစ်သား ၉ ဦး သေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံးကိုးမြို့က‌နေ မူဆယ်မြို့နယ်ကို အင်အားဖြည့်ဖို့လာတဲ့ စစ်ကောင်စီတပ် ယာဉ်တန်းကို တအာင်း လွတ်မြောက်ရေး တပ်မတော်- TNLA က
မြန်မာ့နွေဦး

ကရင်နီပြည်နယ်က စစ်ရှောင်စခန်းတွေမှာ ရေရှားပါးမှု ပြန်လည်ကြုံတွေ့နေရ

ကရင်နီပြည်နယ် အတွင်း မိုးရွာသွန်းမှု နည်းပါးတာကြောင့် စစ်ဘေးရှောင်စခန်း အများစုမှာ ရေရှားပါးမှု ပြဿနာတွေ ပြန်လည် ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ပင်လယ်ကွေ့ စာသင်ကျောင်းက ကလေးတွေနဲ့ ဆရာမတွေကို အာဟာရနဲ့ စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့

ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ခြမ်းမှာရှိတဲ့ စာသင်ကျောင်းက ကလေးတွေနဲ့ ဆရာမတွေကို အာဟာရ ကျွေးမွေးတာ၊ စိတ်ဓာတ်မြှင့်တင်ရေးတွေနဲ့ ထောက်ပံ့ကြေး ပေးအပ်တာတွေကို စက်တင်ဘာလ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဖရူဆိုနဲ့ ဘောလခဲကြားမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ် တိုက်ပွဲ ပြင်းထန်နေ

ကရင်နီပြည်နယ်၊ ဖရူဆို-ဘောလခဲကြား၊ နန်းဖဲကျေးရွာ တစ်၀ိုက်မှာ စစ်‌ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ ကရင်နီ စစ်ရေး သတင်းရင်းမြစ် တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲမဖြစ်တဲ့ ကွတ်ခိုင်မြို့နယ် ငေါ့ငါးရွာကို စစ်ကောင်စီ လေကြောင်းက ပေါင် ၅၀၀ ဗုံးကြဲချ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မန်နိမ်းအွမ် ကျေးရွာအုပ်စု၊ ငေါ့ငါးရွာမှာ တိုက်ပွဲ ဖြစ်ပွားမှု မရှိဘဲ စစ်ကောင်စီက စက်တင်ဘာ ၂၆ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲခန့်မှာ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ ကျည်ဆန်၀ယ်ယူဖို့ “ Who Got The Large Prize” ကမ်ပိန်း ပြုလုပ်

ရှမ်းပြည်တော်လှန်ရေး တပ်ပေါင်းစု-S.S.L.R.U ရဲ့ တပ်ခွဲ (၃) ဖြစ်တဲ့ ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့-JPRF က စက်တင်ဘာလ ၂၅ ရက်နေ့ကစပြီး "Who Got The Large Prize" ကမ်ပိန်း ပြုလုပ်နေတယ်လို့ တပ်ဖွဲ့ တာဝန်ရှိသူ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မြို့နယ် အရှေ့ခြမ်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ အရှေ့ခြမ်းဒေသမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသတွင်း စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ Job For Kayah အဖွဲ့ တာဝန်ရှိသူ တစ်ဦးက မဲခေါင်သတင်းဌာနကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဗထူးတပ်နယ်အတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦးထက်မနည်း သေဆုံးတယ်လို့ DPLF ဆို

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်နယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာ အများအပြား ရရှိခဲ့တယ်လို့ DPLF က ဒီနေ့ စက်တင်ဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now