မြန်မာ့နွေဦး

ဖမ်းဆီးမခံဘဲ ၄၄ လမ်း တိုက်အပေါ်ဆုံးထပ်မှ ခုန်ချခဲ့တဲ့ လူငယ်တွေကို စစ်ကောင်စီက ထောင်ဒဏ် ၁၂ နှစ်ချမှတ်

မဲခေါင် 27 Dec - 2022
ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်း၊ အမှတ် (၃၈) တိုက် အပေါ်ဆုံးထပ်က ခုန်ချခဲ့တဲ့ လူငယ်တွေ အနက် အသက်ရှင် ကျန်ရစ်သူ ၃ ဦးနဲ့ အဲဒီ ဖြစ်စဉ်မှာ ပါဝင်သူလို့ စွပ်စွဲခံရသူ ၄ ဦးကို ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ စစ်ကောင်စီက ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၁၀ ရက်နေ့က အဆိုပါ တိုက်ခန်း အတွင်း စစ်ကောင်စီတပ်က ဝင်ရောက် ဖမ်းဆီးရာမှာ ပစ်ခတ်မှုတွေ ရှိခဲ့ပြီး လူငယ် ၅ ဦးမှာ အဖမ်းမခံဘဲ တိုက်အပေါ်ဆုံးထပ်မှ နောက်ဖေး လမ်းကြားထဲသို့ ခုန်ချခဲ့တာ ဖြစ်ပါတယ်။

ခုန်ချခဲ့တဲ့ လူငယ် ၅ ဦးအနက် အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး အသက်ရှင် ကျန်ရစ်သူ လူငယ် ၃ ဦးကို စစ်ကောင်စီက မင်္ဂလာဒုံ စစ်ဆေးရုံမှာ ဖမ်းဆီး ကုသပေးပြီးနောက် တစ်နှစ်ကျော် အကြာမှာတော့ အခုလို ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့တာ ဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ဒီလူငယ်တွေကို ပုဒ်မ ၃/၆ နဲ့ ပုဇွန်တောင် တရားရုံးက ထောင်ဒဏ် ၇ နှစ်နဲ့ ဗိုလ်တထောင် တရားရုံးက ထောင်ဒဏ် ၅ နှစ် အသီးသီး ချမှတ်ခဲ့တာ ဖြစ်တယ်လို့ မိသားစုဝင် တစ်ဦးက ပြောပါတယ်။

သေဆုံးခဲ့သူ ၂ ဦးမှာ ကိုဝေဇော်ဖြိုးနဲ့ မဝေဝေမြင့် တို့ဖြစ်ပြီး အသက်ရှင် ကျန်ရစ်သူ ၃ ဦးမှာ ကိုရဲမင်းဦး၊ ကိုဝေယံထက်နဲ့ ကိုမင်းသစ္စာအောင်တို့ ဖြစ်ပါတယ်။

အဆိုပါ အမှုတွဲမှာ ပါဝင်ခဲ့သူ အမျိုးသား ၆ ဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး မပိုးကျော့ကျော့ခန့် ကို ဒီကနေ့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ပြီး မပိုးကျော့ကျော့ခန့် ဟာ အင်းစိန်ထောင် အတွင်း သမီးလေး မွေးဖွားထားတယ်လို့ မိသားစုဝင် တစ်ဦးက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့လက်တွဲဖို့ SSPP ဆုံးဖြတ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲသွားမယ်လို့ ရှမ်းတော်လှန်ရေး အင်အားစု ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP
မြန်မာ့နွေဦး

ဟုမ္မလင်းမှာ ရဟတ်ယာဉ်တစ်စီးကို PDF ပစ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့
မြန်မာ့နွေဦး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ထပ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ် ထပ်ချလိုက်တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။
မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က စတင် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

တာချီလိတ်မြို့နယ်လဝကရုံးအနီးဖောက်ခွဲမှုလုပ်ခဲ့တယ်လို့အရှေ့ပိုင်းနဂါးအဖွဲ့အသိပေး

တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ ဆောက်လုပ်ရေးရုံးအနီးမှာ ပေါက်ကွဲခဲ့တဲ့ ဖောက်ခွဲမှုကို ပြုလုပ်ခဲ့တယ်လို့ အရှေ့ပိုင်းနဂါးအဖွဲ့က ဖေဖော်ဝါရီလ ၂ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။