မြန်မာ့နွေဦး

ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးဖို့ NUG နဲ့ KIA ထံ အိတ်ဖွင့်ပေးစာ ပေးပို့

မဲခေါင် 24 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၂၄ ပြည်ထောင်စု ကာကွယ်ရေးနဲ့ လွတ်မြောက်ရေး မဟာမိတ်တပ်ပေါင်းစု-UDLA က NUG နဲ့ KIA ထံ အိတ်ဖွင့် ပေးစာ တစ်စောင် ဒီကနေ့ ပေးပို့လိုက်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၄

ပြည်ထောင်စု ကာကွယ်ရေးနဲ့ လွတ်မြောက်ရေး မဟာမိတ်တပ်ပေါင်းစု-UDLA က NUG နဲ့ KIA ထံ အိတ်ဖွင့်ပေးစာ တစ်စောင် ဒီကနေ့ ပေးပို့လိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်၊ မနက် ၉ နာရီခွဲမှာ အမျိုးသား ညီညွတ်ရေး အစိုးရ-NUG နဲ့ ကချင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KIA တို့ရဲ့ Joint-Chain of Command အောက်မှာ ရှိတဲ့ ပကဖ တာဝန်ခံ နေမျိုးအောင်နဲ့ ဒူဂျွန်ဆိုင်းသူ ဦးဆောင်တဲ့ ဝက်လက်မြို့နယ် PDF တပ်ရင်း (၂) ဟာ ဆားတောင်ကြီး ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ အမှုနဲ့စပ်လျဉ်းပြီး GZ Special Task Force – Wetlet ဦးဆောင်သူ ကိုဂျီဇတ် ကို ဆက်သွယ်ပြီး ရဲဘော် ၁၀ ဦးကို မေးမြန်းစုံစမ်းလိုတယ် ဆိုပြီး ဆင့်ခေါ်စေခဲ့တယ်လို့ သိရပါတယ်။

GZ Special Task Force – Wetlet ဟာ Local Defense Force -LDF ဖြစ်ပြီး NUG/KIA တို့ရဲ့ Chain of Command အောက်မှာ မပါဝင် ကေမယ့် တော်လှန်ရေး အကျိုးကို ရှေးရှုပြီး စုံစမ်းစစ်ဆေးမှုကို အသာတကြည် ပူးပေါင်းပေးခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ဝက်လက်မြို့နယ် PDF တပ်ရင်း (၂) ဟာ GZ Special Task Force – Wetlet မှ ရဲဘော် ၉ ဦးကို အတင်းအဓမ္မ ထပ်မံ ဖမ်းဆီးခဲ့ပြီး စုစုပေါင်း ရဲဘော် ၁၉ ဦးကို The United Nations Standard Minimum Rules for the Treatment of Prisoners – the Nelson Mandela Rules (1955, 2015) နဲ့ မညီဘဲ ဖြောင့်ချက်အတုအပ ထွက်ဆိုဖို့ နှိပ်စက်နေတယ်လို့ ဒေသတွင်း မျက်မြင်သက်သေတွေက UDLA ကို လာရောက်တိုင်တန်းခဲ့တယ်လို့ ပေစားမှာ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မဟာမိတ်တပ်ဖွဲ့ဝင် အားလုံး များစွာ စိတ်မကောင်း ဖြစ်ရပြီး ဝက်လက်ဒေသရှိ Gz Special Task Force – Wetlet ရဲ့ တော်လှန်ရေးသမိုင်းကို ပြန်လည် အသိပေးလိုတယ်လို့လည်း ဆိုပါတယ်။

GZ Special Task Force – Wetlet ဟာ တော်လှန်ရေး စကတည်းက အခုအချိန်အထိ တိုက်ပွဲပေါင်း ၂၅ ပွဲကျော် ဆင်နွှဲခဲ့ပြီး ရဲဘော် ၁၈ ဦး အသက်ပေးဆပ်ခဲ့ရတဲ့ ဝက်လက်မြို့နယ်မှာ အနစ်နာဆုံး ဒေသခံ တပ်ရင်း ဖြစ်တဲ့အညီ ဒေသခံ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့စာနာမှုကို ရရှိလျက်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါကြောင့် အသက်သွေး ပေးဆပ်ထားတဲ့ လူငယ်‌တွေကို ငဲ့ညှာတဲ့ အနေနဲ့ NUG/KIA ဟာ မတရား ဖမ်းဆီးခံထားရသူတွေကို အကြမ်းဖက် မနှိပ်စက်ဖို့နဲ့ အပြစ်ကင်းမဲ့သူတွေကို ပြန်လည်လွတ်မြောက်စေဖို့ အမြန်ဆုံး ဆောင်ရွက်ပေးသင့်တယ်လို့လည်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

အမြန်အရေးယူ လုပ်ဆောင်ရမယ့်ကိစ္စကို နှောင့်နှေးနေပါက KIA ရဲ့ စေတနာကို အထင်မှားစေနိုင်သလို တက်ကြွနေတဲ့ တော်လှန်ရေး စိတ်ဓာတ်ကို ဦးကျိုးစေမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဝက်လက် ဒေသခံပြည်သူ‌တွေ အနေနဲ့လည်း အရင် မတရားမှုတွေ (ဗိုလ်ကျားကြီးတပ်ဖွဲ့ဝင် ၂ ဦးကို သတ်ဖြတ်တာ၊ သေဆုံးသွားသူတွေရဲ့ အလောင်းကို ဖျောက်ဖျက်တာ၊ ပထမအကြိမ် GZ Special Task Force – Wetlet ရဲ့ ရဲဘော် ၁၀ ဦးကို အကြောင်းပြချက် ခိုင်မာမှု မရှိဘဲ ဖမ်းဆီးတာ) အပြင် အခု မတရားမှု (ဒုတိယအကြိမ် GZ Special Task Force – Wetlet ကို မတရား ဖမ်းဆီးတာနဲ့ နှိပ်စက်တာ) ထပ်မံ ဖြစ်ပွားလာတဲ့ အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ယုံကြည်မှု ကျဆင်းလာနိုင်တယ်လို့လည်း အသိပေး ဖော်ပြထားပါတယ်။

ပြည်ထောင်စု ကာကွယ်ရေး နဲ့ လွတ်မြောက်ရေး မဟာမိတ် တပ်ပေါင်းစု-UDLAဟာ တိုင်းနဲ့ပြည်နယ် အသီးသီးမှ ကာကွယ်ရေး အဖွဲ့ ၉၀ ကျော်ပါဝင်တဲ့ အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။

MK-003
#MekongNews
#ဝက်လက်မြို့နယ်
#UDLA
#KIA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှာ ကျည်ဆံဖိုးတစ်အိမ် ၅သောင်း PNO အဓမ္မကောက်

မဲခေါင် ၊ မတ် ၃၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ကျည်ဆံဖိုး
မြန်မာ့နွေဦး

ရှမ်း-ကရင်နီနယ်စပ် စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးလို့ ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့

မဲခေါင်၊ မတ် ၃၀ ရှမ်း-ကရင်နီ နယ်စပ် နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူတွေ တနေ့တခြား
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် စစ်ဘေးရှောင်စခန်းတွေမှာ ဖျားနာသူများနေလို့ ဆေးဝါးကုသမှု အကူအညီတွေ လိုအပ်နေ

မဲခေါင်၊ မတ် ၂၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် စစ်ဘေးရှောင် စခန်းတွေမှာ စစ်ဘေးရှောင် ပြည်သူ အများအပြား ဖျားနာနေလို့ ကုသရေးနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
မြန်မာ့နွေဦး

PDF တွေကိုပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ပြတ်သားတော့မယ်လို့ စစ်ခေါင်းဆောင်ပြော

မဲခေါင်၊ မတ် ၂၇ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ PDF တွေကို ပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO တွေရဲ့ အကြမ်းဖက်မှုတွေ လုံးဝ ရပ်ဆိုင်းသွားအောင် ပြတ်ပြတ်သားသား လုပ်မယ်လို့
မြန်မာ့နွေဦး

တာဝန်ယူမှုမရှိတဲ့ ပြည်သူ့ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူဖို့ NUG ကို အိတ်ဖွင့်စာပို့

မဲခေါင်၊ မတ် ၂၆ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ပြည်သူ့ ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူပေးဖို့ အချက် ၇ ချက် ပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို မတ်လ ၂၄ ရက်နေ့က NUG
မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်လို့ ထိုင်း-မြန်မာနယ်စပ် မြဝတီ ကုန်သွယ်ရေးရပ်ဆိုင်း၊ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်

မဲခေါင်၊ မတ် ၂၅ ကရင်ပြည်နယ်၊ မြဝတီ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းကာ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်တယ်လို့ ‌နယ်စပ် ကုန်သည်တွေက ပြောပါတယ်။
မြန်မာ့နွေဦး

လားရှိုးမှာ လမ်းတွေ့တဲ့မိုင်း ကောက်သွားရာက ယာတဲအရောက် ပေါက်ကွဲလို့ လူ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာပြင်းထန်

မဲခေါင်၊ မတ် ၂၃ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခုန်စုမ်ရွာသား ၄ ဦးဟာ မပေါက်ကွဲသေးတဲ့ မိုင်းကို ကောက်သွားရာက ယာတဲ အရာက်မှ မိုင်းပေါက်ကွဲတာကြောင့် ၂ ဦး သေဆုံးပြီး ၂ ဦး
မြန်မာ့နွေဦး

မင်းတေဇညွန့်တင် စစ်ကောင်စီအတွက် ဘာတွေလုပ်ပေးခဲ့လဲ

မဲခေါင်၊ မတ် ၂၄ အာဏာသိမ်းစစ်တပ် ထပ်ပိုင်းခေါင်းဆောင် အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ဦးမင်းတေဇညွန့်တင်ကို သန်လျင်မြို့နယ်ထဲမှာ ဒီနေ့နေ့လည် တစ်နာရီလောက်က Urban Owls မြို့ပြပြောက်ကျားအဖွဲ့က ရှင်းလင်းလိုက်ပါတယ်။