မြန်မာ့နွေဦး

ပြန်လွှတ်ပေးတဲ့ အကျဉ်းသား ၇,၀၀၀ ကျော်အနက် နိုင်ငံရေး အကျဉ်းသား ၃၀၀ ဝန်းကျင်သာပါဝင်

မဲခေါင် 6 Jan - 2023
မြန်မာနိုင်ငံရှိ အကျဉ်းထောင် ၁၉ ခုထက်မနည်းမှ နိုင်ငံရေး အကျဉ်းသား ၃၀၀ ဝန်းကျင် လွတ်မြောက်လာ တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-AAPP က မနေ့က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၄ ရက်မှာ စစ်‌ကောင်စီက အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၇,၀၁၂ ကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ဆိုကာ ပြန်လွှတ်ပေးခဲ့ရာမှာ နိုင်ငံရေး အကျဉ်းသား ၃၀၀ ဝန်းကျင်သာ လွှတ်မြောက်လာတာပါ။

လက်ရှိအချိန်ထိ ရရှိထားတဲ့ အချက်အလက်‌တွေ အရ အကျဉ်းထောင် ၁၉ ခုထက်မနည်းမှ နိုင်ငံရေး အကျဉ်းသား ၃၀၀ ဝန်းကျင် လွတ်မြောက်လာတာလို့ သိရပါတယ်။

အဲဒီ အကျဉ်းသားလွှတ်ပေးမှု ဖြစ်စဉ်မှ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား ၁၉၃ ဦးကိုသာ ဒီကနေ့ အထိ မှတ်တမ်းပြုနိုင်ခဲ့သေးတယ်လို့ AAPP ကဆိုပါတယ်။

လွတ်မြောက်လာသူ ဦးရေ အတိအကျနဲ့ အမည်စာရင်းတွေ ချက်ချင်းရရှိဖို့ လက်လှမ်းမမီနိုင်တဲ့အတွက် အတည်ပြုဖို့ လိုအပ်နေဆဲဖြစ်ကာ အတည်ပြုနိုင်တဲ့ အမည်စာရင်းတွေကို ဆက်လက် ဖော်ပြမယ်လို့ AAPP က ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရား စစ်အာဏာလုမှု ဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း ၂,၇၀၂ ဦး ရှိတယ်လို့ သိရပါတယ်။

အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင် ခံထားရသူ ၁၃,၂၈၄ ဦးရှိပြီး အဲဒီအထဲမှ ၁,၉၁၂ ဦးမှာ ထောင်ဒဏ်ချမှတ်တာ ခံထားရတယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်အထိ နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်း ၁၀၀ ဦး ရှိတယ်လို့ သိရပါတယ်။

မျက်ကွယ် ပြစ်ဒဏ်ချမှတ်တာ ခံရသူ ၁၂၁ ဦးထဲမှ မျက်ကွယ် သေဒဏ်ချခံရသူ ၄၂ ဦးရှိတာကြောင့် သေဒဏ်ချမှတ် ခံထားရသူ စုစုပေါင်းမှာ ၁၄၂ ဦးရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။

အာမခံနဲ့ လွတ်မြောက်သူ ၂၄ ဦးရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ ၃,၆၆၇ ဦး ရှိတယ်လို့ သိရပါတယ်။

အဲဒီ ကိန်းဂဏန်း တွေဟာ AAPP မှ ကောက်ယူရရှိထားတဲ့ အရေအတွက်သာ ဖြစ်ပြီး မြေပြင်မှာ ဖြစ်ပွား‌နေတဲ့ အချက်အလက်နဲ့ ကိန်းဂဏန်း အရေအတွက်တွေက အခုထက်ပိုမို များပြားနိုင်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု
မြန်မာ့နွေဦး

ကွန်ဟိန်းမြို့နယ်မှာ ကားမောင်းလာတဲ့ အမျိုးသမီးကို RCSS တပ်ဖွဲ့ တားဆီး ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေ စွပ်စွဲ

မဲခေါင်၊ မေ ၃၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ဝမ်းစိမ်းနဲ့ ဆိုင်မွန်းကျေးရွာကြားမှာ မေလ ၂၈ ရက်နေ့က ကားမောင်းလာတဲ့ အမျိုးသမီး တစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

စစ်တပ်က ကျောက်ပချုပ်ရွာမှာ ဖမ်းမိတဲ့ PDF ကို အသုံးချပြီး ကရင်နီ PDF တွေကို ထောင်ဖမ်းဖို့ ကြိုးစားနေ

မဲခေါင်၊ မေ ၃၀ သာစည်မြို့နယ်၊ ကျောက်ပချုပ်ကျေးရွာ အခြေစိုက် PDF စခန်းကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ဖမ်းမိတဲ့ PDF တစ်ဦးကို အသုံးချပြီး ကရင်နီက PDF တွေကို ထောင်ဖမ်းဖို့