မြန်မာ့နွေဦး

ပြည်သူ့တော်လှန်ရေး အောင်မြင်တဲ့အထိ တိုက်ပွဲဝင်မယ်လို့ KNDF တပ်ရင်း (၅) ကတိပြု

မဲခေါင် 16 Oct - 2023
မဆုတ်နစ်တဲ့ ဇွဲ၊ လုံ့လတို့နဲ့ ပြည်သူ့ တော်လှန်ရေး အောင်မြင်တဲ့ အထိ တိုက်ပွဲဝင်သွားမယ်လို့ KNDF တပ်ရင်း (၅) ရဲ့ ရဲဘော် တွေ့ဆုံပွဲမှာ တာ၀န်ရှိသူတွေက ကတိပြု ပြောဆိုခဲ့တယ်လို့ အောက်တိုဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန် ပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၁၆

မဆုတ်နစ်တဲ့ ဇွဲ၊ လုံ့လတို့နဲ့ ပြည်သူ့ တော်လှန်ရေး အောင်မြင်တဲ့ အထိ တိုက်ပွဲဝင်သွားမယ်လို့ KNDF တပ်ရင်း (၅) ရဲ့ ရဲဘော် တွေ့ဆုံပွဲမှာ တာ၀န်ရှိသူတွေက ကတိပြု ပြောဆိုခဲ့တယ်လို့ အောက်တိုဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန် ပါတယ်။

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF တပ်ရင်း (၅) ရဲ့ ရဲဘော် တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာလ ၁၄ ရက်နေ့က ကရင်နီပြည်နယ် တစ်နေရာမှာ ပြုလုပ်ခဲ့ရာ တော်လှန်ရေး ကာလ အတွင်း ကျဆုံးသွားတဲ့ ရဲဘော် အာဇာနည် သူရဲကောင်းတွေကို ဂုဏ်ပြုခဲ့ပါတယ်။

“ မိမိတို့ တပ်ရင်း အမှတ် (၅) အနေဖြင့် ရဲဘော်များ၏ လုပ်ဆောင်ခဲ့မှုများကို အသိအမှတ်ပြု‌ကြောင်းနှင့် စိတ်ဓာတ်မြှင့်တင်ပြီး မဆုတ်နစ်သော ဇွဲ၊ လုံ့လ တို့ဖြင့် ပြည်သူ့တော်လှန်ရေး အောင်မြင်သည် အထိ ဆက်လက် ရပ်တည် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ပြောကြားလိုပါသည်” လို့ KNDF တပ်ရင်း (၅) ကပြောပါတယ်။

ဒါ့အပြင် ရဲဘော် အားလုံးရဲ့ စိတ်အားထက်သန်မှုနဲ့ ကြိုးစားအားထုတ်မှုကြောင့် ယနေ့ တော်လှန်ရေး ခရီးပေါက်ရောက်လာခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့် တော်လှန်ရေး ခရီး ကြာမြင့်လာတာနဲ့ အမျှ ကရင်နီ KNDF တပ်ရင်း အမှတ် (၅) မှ ရဲဘော်များဟာ ကျရာတာဝန် ကဏ္ဍအသီးသီးမှာ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေသလို မြင့်မြတ်စွာ အသက်ပေးလှူသွားတဲ့ အာဇာနည် သူရဲကောင်းများ အတွက် လေးစား ဂုဏ်ယူ‌ပါတယ်လို့ KNDF တပ်ရင်း (၅) ကပြောပါတယ်။

KNDF တပ်ရင်း (၅) စတင် ဖွဲ့စည်းကတည်းက ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးနဲ့ အာဏာရှင်စနစ် ပျက်သုဉ်းရေး အတွက် ကရင်နီပြည်နယ်မှာ တိုက်ပွဲဝင်နေတာ ၂ နှစ်ကျော်ရှိပြီ ဖြစ်ပါတယ်။

CJ-002

#MeKongNews

#ကရင်နီပြည်နယ်

#KNDF

#တော်လှန်ရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီမြို့ပေါ် အမျိုးသမီးတပ်တွေအပါ KNLA၊ KNA၊ DKBA နဲ့ PDF ပူးပေါင်းတပ်တွေ ကင်းလှည့်

မြ၀တီမြို့ပေါ် KNLA၊ KNA၊ DKBA နဲ့ PDF တပ်တွေ ကင်းလှည့်နေပြီး ဘတ်တံဆိပ်ပေါင်းစုံနဲ့ ကင်းလှည့်နေတဲ့ အဖွဲ့တွေထဲမှာ မိန်းကလေး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နေပြည်တော် အေလာလေတပ်စခန်း ရှော့တိုက်ဒုံး ၇ လုံးနဲ့ တိုက်ခိုက်ခံရပြန်

နေပြည်တော် အေလာလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးနဲ့ ဒီနေ့ မနက်အစောပိုင်းက အောင်မြင်စွာတိုက်ခိုက်ခဲ့တယ်လို့ Mountain Knights-

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားကန့် နန့်ယားစစ်ကောင်စီစခန်း အလံဖြူထောင်

စစ်ကောင်စီတပ်နဲ့ ရှမ်းနီ ပြည်သူ့စစ် ပူးပေါင်း အဖွဲ့ အားလုံ အလံဖြူထောင် လက်နက်ချပြီး ထွက်ပြေးသွားကြောင်း KIA ရှေ့တန်း အသိုင်းအဝိုင်းဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြဝတီက စစ်ကောင်စီနောက်ဆုံးစခန်း ခလရ-၂၇၅ ကို တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်၊ လက်နက်အများအပြား သိမ်းမိတယ်လို့ KNU ထုတ်ပြန်

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ နောက်ဆုံးကျန်တဲ့ ခလရ-၂၇၅ စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နဲ့ ပူးပေါင်းအဖွဲ့တွေက ဒီနေ့မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ KNU က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းနောင်နဲ့ ကျေးသီးမြို့နယ်မှာ စစ်မှုမထမ်းရသူတွေကို တစ်အိမ်ကျပ်သုံးသောင်း SSPP လစဥ်ကောက်ခံ

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က စစ်မှုမထမ်းရသူတွေကို တစ်အိမ်ကျပ် ၃ သောင်း လစဥ်ပေးဆောင်ရမယ်လို့ ကောက်ခံနေကြောင်း မိုင်းနောင်ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှာ မိုင်းရှင်းဖို့အတွက် ပြည်သူ့စစ်က တစ်အိမ် ၁ သိန်း ကောက်ဖို့စီစဉ်

ဆီဆိုင်မြို့နယ်တစ်ခုလုံးမှာ မိုင်းရှင်းလင်းဖို့အတွက် ပအိုဝ်းပြည်သူ့စစ် (PNA)က တစ်အိမ် ၁ သိန်း ကောက်ခံမယ်ဆိုပြီး ညွှန်ကြားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖယ်ခုံနဲ့မိုးဗြဲမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်

ယ်ခုံနဲ့ မိုးဗြဲက စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ရှမ်းတောင်တော်လှန်ရေးအဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအဝန်းက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လွယ်ဂျယ် ခလရ-၁၄၂ တပ်တွင်းမှ ငွေအများအပြား KIA သိမ်း၊ စစ်ကောင်စီတပ်က တရုတ်ငွေနဲ့ ကျောက်စိမ်းတွေ ယူပြီး တရုတ်ထဲ ထွက်ပြေး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ရှိ ခလရ - ၁၄၂ ထဲက ငွေ အများအပြားနဲ့ ပစ္စည်းတချို့ကို ဧပြီလ ၉ ရက်နေ့မှာ KIA နဲ့ ပူးပေါင်းအဖွဲ့က သိမ်းဆည်း ရရှိထားကြောင်း KIA အသိုင်းအဝိုင်းဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now