မြန်မာ့နွေဦး

ပြင်ဦးလွင် နားက X-ray စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမှုတွေ တင်းကြပ်နေတာကြောင့် ကုန်တင်ယာဉ်တွေ ပိတ်မိနေ

မဲခေါင် 18 Jan - 2023
မဲခေါင် ၊ ဇန်နဝါရီလ ၁၈ တရုတ်-မြန်မာ အဓိက ကုန်သွယ်မှုပြုနေတဲ့ လမ်းမပေါ်က ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာက X-ray စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမှုတွေ တင်းကြပ်နေတာကြောင့် ကုန်တင်ယာဥ်အစီးရေ ၅၀ ကျော်ပိတ်မိနေတယ်လို့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။

မဲခေါင် ၊ ဇန်နဝါရီလ ၁၈

တရုတ်-မြန်မာ အဓိက ကုန်သွယ်မှုပြုနေတဲ့ လမ်းမပေါ်က ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာက X-ray စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမှုတွေ တင်းကြပ်နေတာကြောင့် ကုန်တင်ယာဥ်အစီးရေ ၅၀ ကျော်ပိတ်မိနေတယ်လို့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။

ကုန်ပစ္စည်းသယ်ယူမှုကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ရက်က နောင်ချိုမြို့ဘက်ကလာတဲ့ အဆင်း ကားအားလုံးကို ကုန်ကားနဲ့ အိမ်စီးကား မခွဲခြားဘဲ စစ်ဆေးခဲ့ပေမယ့် ဒီနေ့မှာတော့ ကုန်တင်ကားတွေကို အဓိကထားစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

“ စက်နဲ့စစ်တဲ့အပြင် လူနဲ့ထပ်စစ်တော့ ပိုပြီး အချိန်ကကြာတယ်။ စက်ထဲကဖြတ်ပြီး ကားကွင်းထဲဝင်တဲ့ ကားပေါ်က ဂျက်ဖာတွေကို ဖောက်စစ်သံစူးနဲ့ ထိုးစစ်တာတွေလုပ်တယ်။ ကုန်ပစ္စည်းတွေကို အဓိကထား စစ်တယ်၊ စာရွက်စာတန်းပြရတာတော့ မရှိဘူး၊ စစ်တာကိုစောင့်ပြီးမှ ကားထွက်ရတော့ အနောက်မှာ ကုန်ကားအစီး ၅၀ လောက် ပိတ်မိစောင့်နေရတာပေါ့လို့” ကုန်တင်ယာဥ်မောင်းတစ်ဦးက ဆိုပါတယ်။

၂၀၂၂ ခုနှစ် ကစပြီး ဝက်ဝံ X-ray စစ်ဆေးရေးဂိတ် ဟာ တင်းကြပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာကြောင့် မကြာခဏ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားလျက်ရှိပြီး အနည်းဆုံး ၄ နာရီကနေ ၈ နာရီအထိ ကြာတယ်လို့ သိရပါတယ်။

“ အခုလိုစစ်ဆေးမှု တွေကြောင့် ကုန်တင်ပို့တဲ့ တန်ဆာခတွေကို အရင်လိုသတ်မှတ်နှုန်းနဲ့ ယူလို့မရတော့ဘူး လမ်းကြာချိန်ပါတွက်နေရပြီ၊ ၁ ရက်နဲ့ ရောက်တဲ့ခရီးက၊ ၂ ရက် လောက်ကြာနေတာဆိုတော့ တော်တော်အဆင်မပြေဘူး၊ ရပ်လိုက်သွားလိုက် လုပ်နေရတဲ့ အတွက် ဆီဖိုးက ပိုကုန်တယ်၊ ဖွင့်ဖေါက် စစ်ဆေးတာတွေကြောင့် ကုန်ပျက်စီးမှုတွေလည်း ရှိတယ်” လို့ မန္တလေး-မူဆယ် ကုန်​တင်ပို့ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလအတွင်းကလည်း ပဲခူးတိုင်း၊ ဝေါ မြို့နယ်က ရန်ကုန်-မော်လမြိုင်လမ်းပိုင်း ရန်ကုန် အဝင် ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်မှာ အချိန်ကြန့်ကြာမှုတွေဖြစ်ခဲ့တဲ့အတွက် ကားတွေရာနဲ့ချီစောင့်ဆိုင်းရမှုကြောင့် ပြည်သူအများအဆင်မပြေမူတွေ ကြုံတွေ့ခဲ့ရပါတယ်။

စစ်ကောင်စီက ပြည်နယ်နဲ့တိုင်းအလိုက် အဓိကကျတဲ့နယ်နိမိတ်ထိစပ်တဲ့နေရာတွေ၊ အဓိကကျတဲ့ လမ်းပိုင်းတွေမှာ ခရီးသွားတွေနဲ့ ကုန်တင်ယာဉ်တွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးတာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

MK-006

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ပင်လောင်းနဲ့ ဖယ်ခုံမှာ တိုက်ပွဲဝင်နေတဲ့ ရွာငံ အခြေစိုက် ချိုးဖြူတော်လှန်ရေးအင်အားစုရဲ့ ပုံရိပ်မှတ်တမ်း

မဲခေါင်၊ ဇွန် ၉ ရှမ်း-ကရင်နီ နယ်စပ် ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲဝင်နေတဲ့ ပုံရိပ် မှတ်တမ်းတွေကို ရွာငံ အခြေစိုက်
မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို ဇွန်လ ၇ ရက်နေ့၊ ည ၉ နာရီ ၂၅ မိနစ်
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ