မြန်မာ့နွေဦး

ပဲခူးမှာဆိုင်ကယ်တွေဖမ်းပြီးဖေဖော်ဝါရီ၁ရက်မနက်၁၀နာရီမှစစ်ကောင်စီလာရွေးခိုင်း၊ဆိုင်တွေလည်းမပိတ်ဖို့လက်မှတ်ထိုးခိုင်း

မဲခေါင် 31 Jan - 2023
ပဲခူးမြို့မှာ အာဏာသိမ်းစစ်ကောင်စီဝန်ထမ်းတွေက စည်းကမ်းသတ်မှတ်ချက်နဲ့ မညီလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆိုင်ကယ်တွေအများအပြား ဖမ်းဆီးပြီး ဖေဖော်ဝါရီလ ၁ရက် မနက် ၁၀နာရီမှာ တရားရုံးမှာ လာရွေးခိုင်းတယ်လို့ ပဲခူးဒေသခံတွေထံက စုံစမ်းသိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၃၁

ပဲခူးမြို့မှာ အာဏာသိမ်းစစ်ကောင်စီဝန်ထမ်းတွေက စည်းကမ်းသတ်မှတ်ချက်နဲ့ မညီလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆိုင်ကယ်တွေအများအပြား ဖမ်းဆီးပြီး ဖေဖော်ဝါရီလ ၁ရက် မနက် ၁၀နာရီမှာ တရားရုံးမှာ လာရွေးခိုင်းတယ်လို့ ပဲခူးဒေသခံတွေထံက စုံစမ်းသိရပါတယ်။

ဆိုင်ကယ်လိုင်စင်၊ လူလိုင်စင်၊ ဘတ်မှတ်မပါတာ၊ ဦးထုတ်မဆောင်းတာ စတဲ့ အကြောင်းပြချက်တွေနဲ့ ဖမ်းဆီးတာဖြစ်ပြီး အရင်လိုဒဏ်ငွေတန်းမဆောင်ခိုင်းဘဲ ဖေဖော်ဝါရီလ ၁ရက်နေ့ မနက်၁၀နာရီမှသာ ရဲစခန်းမှာ လာရွေးခိုင်းတယ်လို့ ကိုယ်တိုင်ကြုံရတဲ့ ပဲခူးမြို့ခံတစ်ဦးက ပြောပါတယ်။

“ဖမ်းတာက အရင်ကထက်လည်း နေရာစုံတယ်။ နေရာတိုင်းနီးပါးမှာ ဖမ်းတာ။ ဖမ်းပြီးတော့ ဖေဖော်ဝါရီ ၁ရက်မှ ရုံးမှာလာရွေးဖို့ ပြောတယ်။ တော်တော်ရယ်စရာကောင်းတယ်”လို့ သူက မှတ်ချက်ပေးပါတယ်။

စစ်တပ်အာဏာသိမ်းတာ ၂နှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁ရက်မှာ အသံတိတ်သပိတ်လုပ်ဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပြီးစစ်ကောင်စီက ဒါက အထမမြောက်အောင် နည်းမျိုးစုံနဲ့ လုပ်ဆောင်နေတာဖြစ်တယ်လို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။

ဒါ့အပြင် ဈေးဆိုင်တွေ၊ စတိုးဆိုင်တွေကိုလည်း ဖေဖော်ဝါရီလ ၁ရက်မှာ မပိတ်ဖို့နဲ့ ပိတ်ရင် အရေးယူမယ်ဆိုတဲ့အကြောင်း ခြိမ်းခြောက်လက်မှတ်ထိုးခိုင်းတာတွေရှိတယ်လို့ ပဲခူးမြို့က ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

“ဆိုင်မထွက်ရင်ဖမ်းမယ်၊ ဒဏ်ငွေပေးရမယ်ဆိုပြီးတော့လည်း ခြိမ်းခြောက်တယ်။ ဇိုင်းကနိုင်းတောင်ပိုင်းနဲ့ မြောက်ပိုင်း လမ်းမတန်းပေါ်က ဆိုင်ခန်းတွေရော၊ မင်းလမ်းမပေါ်က ဆိုင်ခန်းတွေရော၊ ဈေးကြီးထဲက ဆိုင်ခန်းတွေရော၊ လမ်းတန်းပေါ်က ဆိုင်တော်တော်များများကို လက်မှတ်ထိုးခိုင်းတယ်” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁ရက်ကလည်း စစ်တပ်အာဏာသိမ်းတစ်နှစ်ပြည့်အဖြစ် အသံတိတ်သပိတ် – Silent Strike ပြုလုပ်ကြရမှာ တစ်နိုင်ငံလုံးနီးပါး တိတ်ဆိတ်သွားတဲ့အတွက် နိုင်ငံတကာသတင်းတွေမှာပါ အရေးတယူပြောရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

အဲဒီတုန်းကလည်း အာဏာသိမ်းစစ်ကောင်စီက အသံတိတ်သပိတ် မလုပ်ဖို့ အတင်းအကြပ်ဖိအားပေးခြိမ်းခြောက်နေတဲ့ ကြားက ပြည်သူတွေဟာ တခဲနက်ပူးပေါင်းပါဝင်ခဲ့တာ ဖြစ်ပါတယ်။

#MeKongNews 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှာ ကျည်ဆံဖိုးတစ်အိမ် ၅သောင်း PNO အဓမ္မကောက်

မဲခေါင် ၊ မတ် ၃၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ကျည်ဆံဖိုး
မြန်မာ့နွေဦး

ရှမ်း-ကရင်နီနယ်စပ် စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးလို့ ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့

မဲခေါင်၊ မတ် ၃၀ ရှမ်း-ကရင်နီ နယ်စပ် နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူတွေ တနေ့တခြား
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် စစ်ဘေးရှောင်စခန်းတွေမှာ ဖျားနာသူများနေလို့ ဆေးဝါးကုသမှု အကူအညီတွေ လိုအပ်နေ

မဲခေါင်၊ မတ် ၂၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် စစ်ဘေးရှောင် စခန်းတွေမှာ စစ်ဘေးရှောင် ပြည်သူ အများအပြား ဖျားနာနေလို့ ကုသရေးနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
မြန်မာ့နွေဦး

PDF တွေကိုပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ပြတ်သားတော့မယ်လို့ စစ်ခေါင်းဆောင်ပြော

မဲခေါင်၊ မတ် ၂၇ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ PDF တွေကို ပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO တွေရဲ့ အကြမ်းဖက်မှုတွေ လုံးဝ ရပ်ဆိုင်းသွားအောင် ပြတ်ပြတ်သားသား လုပ်မယ်လို့
မြန်မာ့နွေဦး

တာဝန်ယူမှုမရှိတဲ့ ပြည်သူ့ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူဖို့ NUG ကို အိတ်ဖွင့်စာပို့

မဲခေါင်၊ မတ် ၂၆ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ပြည်သူ့ ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူပေးဖို့ အချက် ၇ ချက် ပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို မတ်လ ၂၄ ရက်နေ့က NUG
မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်လို့ ထိုင်း-မြန်မာနယ်စပ် မြဝတီ ကုန်သွယ်ရေးရပ်ဆိုင်း၊ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်

မဲခေါင်၊ မတ် ၂၅ ကရင်ပြည်နယ်၊ မြဝတီ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းကာ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်တယ်လို့ ‌နယ်စပ် ကုန်သည်တွေက ပြောပါတယ်။
မြန်မာ့နွေဦး

လားရှိုးမှာ လမ်းတွေ့တဲ့မိုင်း ကောက်သွားရာက ယာတဲအရောက် ပေါက်ကွဲလို့ လူ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာပြင်းထန်

မဲခေါင်၊ မတ် ၂၃ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခုန်စုမ်ရွာသား ၄ ဦးဟာ မပေါက်ကွဲသေးတဲ့ မိုင်းကို ကောက်သွားရာက ယာတဲ အရာက်မှ မိုင်းပေါက်ကွဲတာကြောင့် ၂ ဦး သေဆုံးပြီး ၂ ဦး
မြန်မာ့နွေဦး

မင်းတေဇညွန့်တင် စစ်ကောင်စီအတွက် ဘာတွေလုပ်ပေးခဲ့လဲ

မဲခေါင်၊ မတ် ၂၄ အာဏာသိမ်းစစ်တပ် ထပ်ပိုင်းခေါင်းဆောင် အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ဦးမင်းတေဇညွန့်တင်ကို သန်လျင်မြို့နယ်ထဲမှာ ဒီနေ့နေ့လည် တစ်နာရီလောက်က Urban Owls မြို့ပြပြောက်ကျားအဖွဲ့က ရှင်းလင်းလိုက်ပါတယ်။