မြန်မာ့နွေဦး

ပုလောမှ မြိတ်သို့ သွားနေတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရမှု များပြား

မဲခေါင် 3 Jan - 2023
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ တပို‌ကျေးရွာ အနီးက လမ်းပိုင်း တစ်နေရာမှာ ပုလောမှ မြိတ်သို့ သွားနေတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရမှု များပြားတယ်လို့ ကရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-KPDF Palaw က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၂ ရက် နေ့လယ် ၂ နာရီခန့်က တပိုကျေးရွာ အနီးမှာ ပုလောမြို့‌မှ မြိတ်မြို့သို့သွားတဲ့ စစ်ကား ၁၀ စီးပါ စစ်ကောင်စီ ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေးတပ်တွေက မိုင်း ၄ လုံးဆွဲ တိုက်ခိုက်ခဲ့တာပါ။

မိုင်းဆွဲ ခံရပြီးနောက် စစ်ကောင်စီဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက် သေဆုံးမှု များခဲ့ပေမယ့် စာရင်းအတိကျကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို Palaw KPDF နဲ့ အရိပ်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၃၇ ခုက ပြည်သူတွေ မထိခိုက်ဖို့ NUG မှာ တာဝန်ရှိတယ်လို့ ပြည်ထောင်စု ဝန်ကြီးချုပ် သတိပေး

မဲခေါင်၊ ဇန်နဝါရီ ၇ စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၃၇ ခုက ပြည်သူတွေ မထိခိုက်စေဖို့ NUG
မြန်မာ့နွေဦး

ရှမ်းပြည်အမျိုးသားနေ့ ၇၆ နှစ်ပြည့် အခမ်းအနားကို SSPP/SSA ဌာနချုပ်မှာ ကျင်းပ

မဲခေါင်၊ ဖေဖော်ဝါရီ ၇ ရှမ်းပြည်အမျိုးသားနေ့ ၇၆ နှစ်ပြည့် အခမ်းအနားကို SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းမှာ ဖေဖော်ဝါရီ ၇
မြန်မာ့နွေဦး

အာဏာသိမ်းကာလ စစ်ရေးပဋိပက္ခများအတွင်း ကရင်နီနှင့် ရှမ်းတောင်တွင် စစ်ဘေးရှောင် ၁၂၈ ဦး အပါအဝင် အရပ်သား ၄၀၀ ကျော် သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၄ စစ်ရေးပဋိပက္ခအပြင်းထန်ဆုံးဒေသတစ်ခုဖြစ်တဲ့ ကရင်နီနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ အာဏာသိမ်း ၂ နှစ်အတွင်း စစ်ရှောင် ၁၂၈ ဦး သေဆုံးခဲ့ရတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာ့နွေဦး

ယူကေ နိုင်ငံခြားရေးဝန်ကြီးနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တရားဝင်တွေ့ဆုံ

မဲခေါင်၊ ဖေဖော်ဝါရီ ၇ ယူကေ နိုင်ငံခြားရေးဝန်ကြီး James Cleverly နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့ မနေ့ ညနေ ၃ နာရီခွဲက လန်ဒန်မြို့ UK
မြန်မာ့နွေဦး

နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ ယူကေနိုင်ငံ Labor Party လွှတ်တော်အမတ် Rushanara Ali တို့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေး

မဲခေါင်၊ ဖေဖော်ဝါရီ ၇ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသား ညီညွတ်ရေး အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ ယူကေနိုင်ငံ Labor Party မှ လွှတ်တော်အမတ် Rushanara Ali တို့ မနေ့က
မြန်မာ့နွေဦး

TNLA က ဂျာယန်ပြည်သူ့စစ်စခန်းကို စီးနင်းပြီး အဓမ္မစစ်မှုထမ်းဖို့ စေခိုင်းခံရတဲ့ ကလေးတွေအပါအဝင် တအာင်း ၁၂၇ ဦးကို ကယ်ထုတ်

မဲခေါင်၊ ဇန်နဝါရီ ၇ TNLA တပ်ဖွဲ့ အင်အား ၅၀၀ ဟာ ဂျာယန်ပြည်သူ့စစ်စခန်းကို ဝင်ရောက်စီးနင်းပြီး အဓမ္မ စစ်မှုထမ်းဖို့ စေခိုင်းခံရတဲ့ ကလေးတွေ အပါအဝင် တအာင်း-ရူစိင် ၁၂၇ ဦးကို ကယ်ထုတ်ခဲ့တယ်လို့ မနေ့က
မြန်မာ့နွေဦး

လမိုင်းမြို့နယ်ခွဲမှာ ဖမ်းမိတဲ့ ခမရ (၅၄၅) မှ ဗိုလ်ကြီးမြတ်သူ ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဆီ လွှဲပြောင်း

မဲခေါင်၊ ဖေဖော်ဝါရီ ၆ မွန်ပြည်နယ်၊‌ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲမှာ ဇန်နဝါရီလ ၄ ရက်နေ့က ဖမ်းဆီးရမိတဲ့ ခမရ (၅၄၅) တပ်ရင်းမှ ဗိုလ်ကြီးမြတ်သူ ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဆီ လွှဲပြောင်း ပေးလိုက်တယ်လို့ YGF-
မြန်မာ့နွေဦး

စစ်အာဏာရှင် အမြတ်ပြတ်ဖို့ တစ်ဖွဲ့တည်း ဦးဆောင်နေလို့မရဘူးလို့ KIO ဥက္ကဋ္ဌ သတိပေး

မဲခေါင်၊ ဇန်နဝါရီ ၆ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းဖို့ အတွက် တစ်ဖွဲ့တည်းက ဦးဆောင်နေလို့ မရဘူးလို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ က သတိပေးလိုက်ပါတယ်။