မြန်မာ့နွေဦး

ပအိုဝ်းလူငယ်တွေ စစ်မှုထမ်းဖို့ စစ်ကောင်စီ ခိုင်းဖတ် PNO ထုတ်ပြန်၊ စစ်မှုမထမ်းသူ မျိုးချစ်စိတ်မရှိလို့ဆို

မဲခေါင် 8 Mar - 2023
မဲခေါင်၊ မတ် ၈ အာဏာသိမ်း စစ်ကောင်စီ ခိုင်းသမျှ လုပ်နေရတဲ့ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်-PNO ရဲ့ ပြည်သူ့စစ်ဖြစ်တဲ့ ပအိုဝ်း အမျိုးသား တပ်မတော်-PNA က ပအိုဝ်း လူငယ်တွေ စစ်မှုထမ်းကြဖို့ မနေ့က ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ မတ် ၈

အာဏာသိမ်း စစ်ကောင်စီ ခိုင်းသမျှ လုပ်နေရတဲ့ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်-PNO ရဲ့ ပြည်သူ့စစ်ဖြစ်တဲ့ ပအိုဝ်း အမျိုးသား တပ်မတော်-PNA က ပအိုဝ်း လူငယ်တွေ စစ်မှုထမ်းကြဖို့ မနေ့က ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီ ခိုင်းဖတ် ပြည်သူ့စစ်ဖြစ်တဲ့ PNA မှာ စစ်မှုမထမ်းတဲ့ ပအိုဝ်း လူငယ်တွေဟာ မျိုးချစ်စိတ်ဓာတ် မရှိသူတွေ ဖြစ်တယ်လို့ ပအိုဝ်းဘာသာနဲ့ ရေးသားထားတဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ ပြည်သူတွေရဲ့ ခုခံတော်လှန်စစ်မှာ စစ်ကောင်စီတပ်တွေ အသေများပြီး စစ်သားသစ် စုဆောင်းဖို့ ခက်ခဲနေစဉ်မှာ စစ်တပ် ခိုင်းသမျှ လုပ်နေရတဲ့ PNO က ပအိုဝ်းလူငယ်တွေ စစ်မှုထမ်းကြဖို့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

လက်ရှိ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တောင်မဲသင်း၊ တောင်စလုံး၊ မြောက်စလုံး၊ နမ့်နိန်း၊ လုံးပျဉ်၊ ပင်ပွံ၊ လွယ်ဟွဲး၊ ဗေားရန်ကျေးရွာ တွေမှာ KNDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ၊ ပအိုဝ်း PNA ပူးပေါင်းတပ်တွေ တိုက်ပွဲ ဖြစ်ပွားနေတာပါ။

အဆိုပါ တိုက်ပွဲတွေမှာ PNA တပ်သားတွေနဲ့ စစ်ကောင်စီတပ်သားတွေ သေဆုံးမှု များခဲ့ပြီး တိုက်ပွဲတွေကြောင့် ပြည်သူပိုင် နေအိမ်တွေ၊ ဘာသာရေး အဆောက်အအုံတွေ ပျက်စီးကာ ဒေသခံ ပြည်သူ ၅,၀၀၀ ကျော် စစ်ဘေး တိမ်းရှောင် နေရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မနေ့က PNO ရဲ့ ထာဝရ ခေါင်းဆောင်ဖြစ်တဲ့ ဦးအောင်ခမ်းထီးကို ကျောက်တလုံးကြီး နေအိမ်မှာ သွားရောက် ဂါရဝပြု တွေ့ဆုံခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ လတွေ အတွင်းက PNA ဟာ ပအိုဝ်းဒေသတွင်း သာမက ရှမ်းပြည်နယ် အတွင်းရှိ ပအိုဝ်း ကျေးရွာတွေမှာပါ အခြေခံ စစ်သင်တန်းတွေ ဆက်တိုက် ဖွင့်လှစ်နေတာ ဖြစ်ပါတယ်။

MK-007
#MeKongNews
#ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်
#ပြည်သူ့စစ်
#ဦးအောင်ခမ်းထီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

၂၀၂၀ ခုနှစ် တက္ကသိုလ်ပထမနှစ် CDM ကျောင်းသားတွေ မြန်မာ့နွေဦးတက္ကသိုလ်မှာ ကျောင်းဆက်တက်နိုင်ပြီ

မဲခေါင်၊ မတ် ၂၀ ၂၀၂၀ ခုနှစ် တက်လက်စ Second Semester ကျန်နေတဲ့ CDM ကျောင်းသားတွေ အတွက်
မြန်မာ့နွေဦး

ညောင်လေးပင်ခရိုင်မှာ ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင်၊ မတ် ၂၀ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်ကုန်း တံတားအနီး ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ ခရီးသည် ၃
မြန်မာ့နွေဦး

စစ်တပ်နဲ့မပေါင်းဖို့ ဦးအောင်ခမ်းထီ နဲ့ PNO ခေါင်းဆောင်တွေကို တက္ကသိုလ်ကျောင်းသားတွေ ဆုံးမအကြံပြု

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျောက်တလုံးကြီးဒေသ အခြေစိုက် ပြည်သူ့စစ် အသွင်ပြောင်း PNA/PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ အနေနဲ့ ကိုယ်ကျိုး အတွက် ပြည်သူကို အသုံးချ အမြတ်ထုတ်နေတဲ့ ခေါင်းဆောင် အဖြစ်
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် နမ့်ဖါမူဘုရားတောင်နဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲထားလို့ ဒေသခံတွေ ထိတ်လန့်

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖါမူကျေးရွာ ဘုရားတောင်စေတီနဲ့ စာသင်ကျောင်းအတွင်း စစ်ကောင်စီ တပ်စွဲထားလို့ ကြောက်ရွံ့ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ် တနီးလာလဲတိုက်ပွဲမှာ စစ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်းတွေရ

မဲခေါင်၊ မတ် ၂၀ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော်-KA ပူးပေါင်း တပ်ဖွဲ့တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပဲွဲ ပြင်းထန်ပြီး စစ်သား ၅
မြန်မာ့နွေဦး

သာကေတ မ.ဘ.သ ပျူစောထီး တင်လင်းထိုက် အဖွဲ့က ပြည်သူ ၂ ဦးကိုပစ်သတ်

မဲခေါင်၊ မတ် ၂၀ ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ
မြန်မာ့နွေဦး

စစ်ကောင်စီကိုဖားနေတဲ့ အမည်ခံအနုပညာရှင်တွေနဲ့ ကုန်ပစ္စည်းမကြော်ငြာဖို့ ရှမ်းမြောက် လုပ်ငန်းရှင်တွေကို သတိပေး

မဲခေါင်၊ မတ် ၂၀ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖားယားနေတဲ့ အနုအပညာရှင် အမည်ခံတွေနဲ့ ကုန်ပစ္စည်း ကြော်ငြာတာတွေ မလုပ်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းက စီးပွားရေး လုပ်ငန်းရှင်တွေကို မူဆယ်ဗျူဟာ- Tactic of
မြန်မာ့နွေဦး

ယင်းမာပင်-ကနီ နယ်စပ်မှာ လက်နက်ကြီး ရမ်းကားပစ်ခတ်နေတဲ့ စစ်ကြောင်းကို သတိထားဖို့ WGPDF သတိပေး

မဲ‌ခေါင်၊ မတ် ၁၉ စစ်ကိုင်း-ကနီ နယ်စပ်မှာ လက်နက်ကြီးတွေ ရမ်းကား ပစ်ခတ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူတွေ သတိထားကြဖို့ ဝက်ပါ ပြောက်ကျားတပ်ဖွဲ့- WGPDF က ဒီကနေ့ သတိပေး လိုက်ပါတယ်။