မြန်မာ့နွေဦး

ပလက်ဝမှာ စစ်ကောင်စီရဲ့ တရားမဝင် ရွေးကောက်ပွဲ ပူးပေါင်းဆောင်ရွက်သူတွေကို အရေးယူမယ်လို့ ခူမီး IKACC သတိပေး

မဲခေါင် 20 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၀ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အတွင်းမှာ စစ်ကောင်စီရဲ့ တရားမဝင် ရွေးကောက်ပွဲ အတွက် ပူးပေါင်း ဆောင်ရွက်သူတွေကို အရေးယူမယ်လို့ ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီက မနေ့က ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၀

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အတွင်းမှာ စစ်ကောင်စီရဲ့ တရားမဝင် ရွေးကောက်ပွဲ အတွက် ပူးပေါင်း ဆောင်ရွက်သူတွေကို အရေးယူမယ်လို့ ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီက မနေ့က ထုတ်ပြန်ပါတယ်။

၂၀၂၃ အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ စစ်ကောင်စီက ပြင်ဆင်လျက်ရှိရာ ပလက်ဝမြို့နယ် အတွင်းမှာလည်း ကြိုတင် ပြင်ဆင်မှုတွေ စတင်နေတယ်လို့ ဆိုပါတယ်။

အဲဒီ တရားမဝင် ရွေးကောက်ပွဲကို လုံးဝ အသိအမှတ်ပြု လက်ခံမှာ မဟုတ်ဘူးလို့လည်း ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ပျက်မှုတွေ အတွက် ကောင်းမွန်တဲ့ အဖြေကို ရရှိစေနိုင်မှာ မဟုတ်ဘူးလို့ ကောင်စီက ရှုမြင်သုံးသပ် ထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ တစ်ရပ်မှာ အခြေခံအားဖြင့် ရှိသင့်ရှိထိုက်တဲ့ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေးတွေ ပြည့်ပြည့်ဝဝ ကျင့်သုံးရရှိနိုင်မှာ မဟုတ်ဘူးလို့ ဖော်ပြထားပြီး တရားမဝင် ရွေးကောက်ပွဲကို လုံးဝ အသိအမှတ် ပြုလက်ခံမှာ မဟုတ်ဘူးလို့လည်း အသိပေးထားပါတယ်။

ဒါကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ပြည်သူတွေ အနေနဲ့ စစ်ကောင်စီရဲ့ တရားမဝင် ရွေးကောက်ပွဲ အတွက် ပြင်ဆင်ရာမှာ ပူးပေါင်း ပါဝင်တာ ပါဝင်ယှဉ်ပြိုင်တာ မဲပေးတာ‌တွေ မပြုလုပ်ကြဖို့ IKACC က တိုက်တွန်း ထားပါတယ်။

အဲဒီလို ပူးပေါင်း ပါဝင်တာကို စိစစ်တွေ့ရှိပါက ကောင်စီ အနေနဲ့ လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း သတိပေး ထုတ်ပြန်ထားပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီခန့်ရှမ်းပြည်နယ်စစ်ဝန်ကြီးချုပ် (သို့) မိုဆိုလူသတ်သမား

အာဏာသိမ်း ၂ နှစ်ပြည့်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်ကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့
မြန်မာ့နွေဦး

ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့လက်တွဲဖို့ SSPP ဆုံးဖြတ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲသွားမယ်လို့ ရှမ်းတော်လှန်ရေး အင်အားစု ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP
မြန်မာ့နွေဦး

ဟုမ္မလင်းမှာ ရဟတ်ယာဉ်တစ်စီးကို PDF ပစ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ NUG က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ထပ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ် ထပ်ချလိုက်တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။
မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က စတင် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။